Sunday, September 23, 2012

♥♥ ည……ကဗျာ ♥♥

ညကို……ငါ့ ကဗျာဟာ ချစ်တယ်……
လမင်းကြီးက အလင်းရောင်ဖြန့်ဝေ
မပျက်မကွက်……ခဲရာခဲဆစ်များ ဖျက်
ကာရံမဲ့နေတာကို ကြည့်လိုက်စမ်း
ကဗျာတွေ ရှုပ်ပွပ်ရင်းနဲ့
ရှုပ်နေဆဲပေါ့………။

ငါ့ကဗျာဟာ…ညမှာ ပေါက်ဖွား
ပိုးစုန်ကြူးလို့ အမှောင်ထဲမှာ
လမ်းပြပါရစေအုံး………
အလင်းရောင်က ပြန်ပွားလား
မိုးသောက်ယံထိ စာစီနေတုန်းပဲ……။

လပြည့်ညဟာ လွမ်းမောစရာ……
အဝေးတစ်နေရာကို ငေးကြည့်မိ
ဘယ်သူကိုများ ကဗျာဖွဲ့မလည်း
အတွေးများ နယ်ချဲ့
အလွမ်းအဆွေးကဗျာများ
ဖြစ်ခဲ့ရပေါ့ကွယ်……။

ငါ့ ကဗျာတစ်ပုဒ်……
ညတစ်ညမှာ ပျံ့လွင့်ခဲ့ရပေါ့……။

နေဝန်းရောင်ခြည် မထွက်လာမိ
အလင်းမြိုင် လမင်းပျောက်ကွယ်လို့သွား
အချိန်တန် အိမ်ပြန်ခရီးရောက်လျှင်……
ငါ့ ကဗျာများစွာ……အမှောင်ထဲမှာ
နစ်မြုပ်ခဲ့မယ်……

ကိုယ့်ဘဝရဲ့ အလင်းမဲ့ ည……
ကဗျာတစ်ပုဒ် ဖြစ်ခဲ့လေသည်…။
ကျွန်တော်ဘဝဟာ~~~ညကဗျာတစ်ပုဒ်လို့ပါပဲ…ဗျာ

1 comment:

  1. သိပ်ကောင်းးးးးးးးးးးးးးးး

    ReplyDelete