Monday, September 24, 2012

ရှင်သန်ဆဲ အချစ်

မင်းအတွက်နဲ့ ခံစားချက်တွေ
လက်ချိုရေတွက်လို့ မရတဲ့
ငါ့နှလုံးသားက ချစ်ခြင်းတရားတွေ
ငါ့ အနာဂတ်တွေ ဘယ်လို့ပဲဖြစ်နေပါစေ
ခွင်လွှတ်တယ် ဆိုတာ……
မင်းရင်ထဲက ကြင်နာခြင်းတွေ……

ချစ်သူရေ……
ယုံကြည်ထားတဲ့……
တို့နှစ်ယောက်ရဲ့ မနက်ဖြန်မှာ
အကြင်နာဆုံး တွဲလက်တွေနဲ့
လျှောက်လှမ်းနိုင်ပါမလား……။

ဝေးကွာရမယ့် တစ်သက်လုံးမှာ
ငါ့ကို ခဏတာလှည်ကြည့်ဖို့
မင်းမာနတွေ ခါချပြီး………
ငါ့ရင်ထဲသို့ ဝင်လာခဲ့ပါ……

မင်းအတွက်……ငါ့နှလုံးသားကပေးတဲ့
ချစ်ခြင်းတရားတွေလေ………
အမြဲတမ်း ရှင်သန်နေဆဲပါကွာ……။

2 comments: