Monday, March 16, 2015 2 Comment

{အဝေးက မြို့နယ်လေး}

ငါ့ ချစ်တဲ့ မြို့လေးမှာ
ငါ့နှလုံးသားလေး ကျန်ရစ်တယ်……
ငါ့လွမ်းလိုက်တိုင်း အမြဲရောက်တယ်……

ငါ့မက်တဲ့ အိပ်မက်တိုင်းမှာ
ငါ့မြို့လေးကို ရောက်ဖြစ်တယ်………
ငါ့မက်လိုက်တိုင်း ဝမ်းနည်းမိတယ်……

ငါ့လှမ်းခဲ့တဲ့ လမ်းတိုင်းမှာ
ငါ့နှလုံးသားရဲ့ ခြေရာတွေ ကျန်ရစ်တယ်……
ငါ့လှမ်းလိုက်တိုင်း အမြဲလွမ်းတယ်……

ငါ့လွမ်းတယ်……
မြန်မာပြည်ရဲ့ တောင်ဘယ်အစွန်းက
နယ်မြို့လေး တစ်မြို့ကို………

ငါ့တမ်းတတယ်……
ငါ့ရဲ့ မြို့လေးမှာ မာန်မာနမရှိတဲ့
နွေးထွေးတဲ့ အပြုံးတွေကို…………

ငါ့မြို့လေးကို ပုံဖော်ဖို့……
ငါ့နှလုံးသားမှာ ဆေးရောင်ခြယ်မယ်……
အိပ်မက်ရယ်……
အနာဂတ်ရယ်……
အပြုံးရယ်………
ကော့သောင်းမြို့မှာ ကြိုဆိုပါ၏လို့
ပုံရိပ်လေး တစ်ခု………

ငါ့ဟာ ငါ့မြို့လေးကို လွမ်းရင်း……
ငါ့ဟာ ငါ့မြို့လေးကို တမ်းတရင်း……
ငါ့ဟာ ကော့သောင်းသားဖြစ်တဲ့အကြောင်း
ရေးဖွဲ့နေရင်း………
ငါ့ရဲ့ နယ်မြို့လေးကို ငါ့အရောက် ပြန်ခဲ့မယ်……။  ။

Monday, March 09, 2015 1 Comment

လေပြည်

ဟိုး အဝေးဆုံးက
ကောင်မလေး
လေပြည်စကားနဲ့
ငါ့ အိပ်မက်တွေ့ ရပ်တန့်တော့မလား...

ခဏနေဦးကွယ်.....
မင်းရယ်
ငါ့ရယ်
အိပ်မက်တွေရဲ့ လေပြည်နဲ့
မျက်ကွယ်အချစ်ကို ယုံကြည်လိုက်ရအောင်
သံယောဇဉ်ဆိုတဲ့ ကြိုးလေးလည်း
ချည်းနှောင်းထားပါစေလား......။  ။

Tuesday, September 03, 2013 1 Comment

တိုင်တည်ခြင်း

အထီးကျန်တဲ့ လောကကြီးထဲမှာ
ဆက်လက်ရပ်တည်ဖို့ အင်အားတွေပေးပါ.....။   ။

မနက်ဖြန်ဆိုတာကို...
ယုံကြည်ချက်ထားဖို့ သတ္တိတွေပေးပါ....။   ။

အချစ်ဆိုတာကို...
မခံစားတတ်ဖို့ ရက်စက်တဲ့ နှလုံးသားတစ်စုံပေးပါ.....။   ။ 

မျက်ရည်ဆိုတာကို....
မသိတတ်အောင်လို့ 
ခါးသီးတဲ့ မျက်ဝန်းတစ်စုံပေးပါ.....။    ။

လူဆိုတာကို....
နားကျဉ်းတတ်ဖို့ အတ္တတွေပေးပါ.....။   ။

အို အသင် လောက...
ငါ့အား ဘယ်သူမှာ မသိအောင်
တိတ်တိတ်လေး ထွက်ခွာခွင့်ပေးပါ.....
သေဆုံးခြင်း မဟုတ်ဘူးနော်
ပျောက်ကွယ်ခွင့်လေပါ.....။    ။     
Saturday, August 24, 2013 0 Comment

ရေရှင်လိုလူ

သစ်တစ်ပင်၏ အရိပ်အောက်တွင်...
မှီခိုတည်ရှိ တည်ငြိမ်မှု ပကတိ
အပြည့်ရှိသည် အေးမြကြည်လင်
ကန်ရေပြင် .....
အချိန်တွေ ကြာနှောင်း
ထိုရေပြင်ပေါ် အမှိုက်သရိုက်များ
ကျရောက်သော အခါ
ရေပြင်ပေါ် ဖုံးလွှမ်း
ကြည်လင်မှု မရှိ
ညစ်ညမ်းကာ ရေသေဖြစ်လာ
ကန်ရေအလှမှာ ပျက်စီးရ၏.....။   ။

သို့ပေမယ့်ငြား ...
အမြဲမပြတ် စီးဆင်းနေဆဲ
ရေရှင်ဖြစ်သော် စမ်းရေမှာမှု
အမှိုက်သရိုက် မဆိုးဝါး
အချိန်များ ကြာသော်လည်း
ရေဖြင့် တိုက်စား
ကျောက်တုံးများကို တရွေ့ရွေ့ဖြင့် ဖယ်ရှားပေးကာ
တသွင်သွင် စီးဆင်းနေ
ရှုမငြီးအောင် စမ်းရေအလှ သဘာဝကို
အေးမြခြင်းဖြင့် ဖော်ကျူးတတ်၏.....။   ။

ရေသေနှင့် ရေရှင်...
လူသားနဲ့ ယှဉ်ကာ
ရေသေလိုလူသား သင့်ဖြစ်သလား
ရေရှင်လိုလူသား သင့်ဖြစ်သလား .....။   ။

ရေရှင်လိုလူ သင့်ဖြစ်ချင်မူ
စမ်းချောင်းရေကို အတုယူ၍
နေ့စဉ်နဲ့အမျှ ကြုံရဆုံရ
လောကသဘာဝ အခက်အခဲများကို
စမ်းရေပမာ အမြဲမပြတ်
ကြိုးစားစွာ ကျော်ဖြတ်နိုင်စေသား
ရေရှင်လိုလူသား........။     ။ 
 
;