Monday, March 16, 2015 2 Comment

{အဝေးက မြို့နယ်လေး}

ငါ့ ချစ်တဲ့ မြို့လေးမှာ
ငါ့နှလုံးသားလေး ကျန်ရစ်တယ်……
ငါ့လွမ်းလိုက်တိုင်း အမြဲရောက်တယ်……

ငါ့မက်တဲ့ အိပ်မက်တိုင်းမှာ
ငါ့မြို့လေးကို ရောက်ဖြစ်တယ်………
ငါ့မက်လိုက်တိုင်း ဝမ်းနည်းမိတယ်……

ငါ့လှမ်းခဲ့တဲ့ လမ်းတိုင်းမှာ
ငါ့နှလုံးသားရဲ့ ခြေရာတွေ ကျန်ရစ်တယ်……
ငါ့လှမ်းလိုက်တိုင်း အမြဲလွမ်းတယ်……

ငါ့လွမ်းတယ်……
မြန်မာပြည်ရဲ့ တောင်ဘယ်အစွန်းက
နယ်မြို့လေး တစ်မြို့ကို………

ငါ့တမ်းတတယ်……
ငါ့ရဲ့ မြို့လေးမှာ မာန်မာနမရှိတဲ့
နွေးထွေးတဲ့ အပြုံးတွေကို…………

ငါ့မြို့လေးကို ပုံဖော်ဖို့……
ငါ့နှလုံးသားမှာ ဆေးရောင်ခြယ်မယ်……
အိပ်မက်ရယ်……
အနာဂတ်ရယ်……
အပြုံးရယ်………
ကော့သောင်းမြို့မှာ ကြိုဆိုပါ၏လို့
ပုံရိပ်လေး တစ်ခု………

ငါ့ဟာ ငါ့မြို့လေးကို လွမ်းရင်း……
ငါ့ဟာ ငါ့မြို့လေးကို တမ်းတရင်း……
ငါ့ဟာ ကော့သောင်းသားဖြစ်တဲ့အကြောင်း
ရေးဖွဲ့နေရင်း………
ငါ့ရဲ့ နယ်မြို့လေးကို ငါ့အရောက် ပြန်ခဲ့မယ်……။  ။

Monday, March 09, 2015 1 Comment

လေပြည်

ဟိုး အဝေးဆုံးက
ကောင်မလေး
လေပြည်စကားနဲ့
ငါ့ အိပ်မက်တွေ့ ရပ်တန့်တော့မလား...

ခဏနေဦးကွယ်.....
မင်းရယ်
ငါ့ရယ်
အိပ်မက်တွေရဲ့ လေပြည်နဲ့
မျက်ကွယ်အချစ်ကို ယုံကြည်လိုက်ရအောင်
သံယောဇဉ်ဆိုတဲ့ ကြိုးလေးလည်း
ချည်းနှောင်းထားပါစေလား......။  ။

 
;