Showing posts with label ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ. Show all posts
Showing posts with label ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ. Show all posts
Wednesday, March 13, 2013 0 Comment

♥ ကဗျာ အိမ် ♥

Wednesday, March 06, 2013 0 Comment

♣ ဧပရယ် ♣

အဖြူရောင် ပွင့်ချပ်ပေါ်က
ဟောင်နွမ်းနေ ကဗျာတစ်ပုဒ်
နှလုံးသားတစ်ခု ဗြောင်းဆန်လို့
ဒီတစ်နွေမှာ ငါ့ဟာ.....
''နုံအ''တဲ့ သူတစ်ယောက်ပါ...။   ။

ရိုးစင်စွာ ဝန်ခံလိုက်ရသော
ရိုးသားမှု တစ်ချို့ကို
ဥသြတို့ရဲ့ လွမ်းတွန်သံနဲ့အတူ
ငါ့...နှလုံးသားလည်း
သေဆုံးသွားရင်း ကောင်းလိမ့်မယ်...။  ။

အဲဒီလို့နဲ့...
ကံကြမ္မာ ပိတောက်ဝါရဲ့
ဧပရယ်ညတွေဟာ
ငါ့ကို နှိပ်စက်တတ်ခဲ့ပေါ့.....။   ။

Wednesday, February 20, 2013 1 Comment

♡ ချစ်ခြင်း၏ လွဲမှားသူ ♡

ပန်းချီဆရာ……
စိတ်ကြိုက်ဆွဲထားတဲ့ ဆေးစက်တွေလို့
ငါ့ မင်းကို နေပေးခဲ့ပြီးပြီးလေ…
ကောင်းကင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[ကြယ်တွေ အိပ်ချိန်]တဲ့……♥  ♥

ခံစားမှု တစ်ခုကို……
အာရုံနဲ့ ထိမိတိုင်း
''အချစ်''က မှိုင်းမှိုင်းပြီး ရင့်ရင့်လာ
အမှောင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[သန်ခေါင်ယံလရောင်၏ ရည်ရွယ်ချက်]တဲ့.....♥  ♥

ပွင့်ခါစ ပန်းကလေးအတွက်
ကောင်းကင်ကြီးဟာ ကျယ်လွန်းသလား
အမှားများစွာ နေရာအထားအသို့ ပြောင်းရုံနဲ့
အချစ်ကို ဖွဲ့နွဲ့ခွင့်ရနိုင်မယ့် ထင်ရဲ့ ……♥  ♥

''အချစ်''ဆိုတာ……
လူများတွေလုပ်သလို့ လိုက်လုပ်ရုံပါ
ခံစားမှုကိုတော့ ငါ့ပိုင်တယ်……♥  ♥

မိန်းကလေးရေ တို့အချစ်ကို
သက္ကရာဇ် နှစ်ခုစာမှာ……
စကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့
ဆေးရောင်စုံတွေနဲ့ ပက်ခဲ့
ဝေါဟာရတွေက နည်းလွန်းတော့
စိတ်မှန်းတွေဟာ လွဲ ၊
တစ်ပွဲပြီး တစ်ပွဲပေါ့……♥  ♥

အချိန်ကို ဆော့လိုက်တော့……
ကြယ်တွေ အိပ်ချိန်မှာ
သန်ခေါင်ယံလရောင်၏ ရည်ရွယ်ကို
လောက ကမ္ဘာမြေပြင်ဟာ……
သိလိုက်ရတဲ့ အချိန်ထိ……♥  ♥

ကျွန်တော် အသက်ဟာ ကြီးပြင်လာခဲ့ပြီး
ကျွန်တော် မတွေ့ဖူးသေးတဲ့……
အချစ်နဲ့ တစ္ဆေ .....
ကျွန်တော် တွေ့နေတာက…
လူတွေ မှားနေကျ အမှား……♥  ♥

ကဲ့........''အချစ်''ဆိုတာကလည်း
သေခြင်းတရားကို ရင်မဆိုင်ရခင်အထိ
ဘဝဒဏ် ခံနိုင်ရည်အရှိဆုံး
ထုံဆေး တစ်မျိုးပဲ မဟုတ်လား……♥  ♥

Monday, February 18, 2013 9 Comment

♥နှလုံးသွေး၏ အချစ်ကဗျာများ♥

Thursday, January 31, 2013 0 Comment

♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ♥

ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ
တိမ်တိုက်များ ဟာ
လရောင်လဲ့လဲ့ထဲ
ဖြတ်သန်းသွားကြတယ်……။    ။

မင်းလည်း ငါ့ဆီမရောက်ခဲ့
ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ
မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း
ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ
ချစ်သူတို့ရဲ့ ကန္တရလွင်ပြင်
ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း
ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့
ရထားသံလမ်းလေးတွေဟာ
ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး
သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ
ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။    ။

ညနေရီ……………
ခရောင်ကောင်းကင်လမ်း
အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ
ကျွန်တော် ကဗျာတစ်ပုဒ်ကို
သူ သတိမရနိုင်တော့ပါ……။     ။

တကယ်တမ်း တွေးတော့လည်း
သိသိသားသားလေး……
အလှမ်းဝေး နေဆဲပါပဲလေ………
မြက်ရိုင်းတောလေးဆိုပေ့မယ့်
မင်း အတွက်ဆိုရင်
ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။  ။

ဆန္ဒတွေဟာ ဆန္ဒပါပဲ……
အချိန်ကာလတွေကသာ
အချစ်ကို ရူးမိုက်မှုအဖြစ်
တန်းဖိုးဖြတ်ခဲ့ပေါ့……။    ။

အဲဒီလို့နဲ့ပဲ……
မျှော်လင့်ချက်တွေဟာလည်း
ဒုက္ခိတ တစ်ယောက်လို့
ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။   ။

ချစ်သူအတွက် ဒီရင်ထဲက……
ကဗျာများကိုလည်း
သူ နှလုံးသားမှာ
သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။    ။

Monday, January 28, 2013 0 Comment

စိတ္တဇ အချစ်

ငါ့ စွဲလမ်းခဲ့ဖူးတဲ့
ဆေးရောင်ခြယ် မင်းပုံရိပ်တွေ
ဒီနှလုံးသားမှာ အမြတ်တနိုးနဲ့
မပိုင်သူရဲ့ စိတ္တဇ
အိပ်မက်တစ်ခုမှာပေါ့……။   ။

လွမ်းလိုက်တာ အချစ်ရယ်
မနက်ဖြန်……သဘက်ခါတွေဟာ
မင်း ငါ့ဆီကို လှမ်းခဲ့အုံးမှာလား
လွမ်းရင်းနဲ့ အလှမ်းဝေနေဆဲ
မဆိုင်သူရဲ့ အနစ်နာ
ဆွေးလျက်သာ အထီးကျန်ခဲ့ပေါ့……။   ။

ချစ်သူရေ……
မင်း အပြုံးတစ်ချက်အောက်မှာ
ရီဝေသွားတဲ့ ငါ့မျက်လုံးအစုံ
ပုံမှန်မဟုတ်တော့တဲ့ ငါ့ရင်ခုန်သံနဲ့
စိတ္တဇအချစ်များစွာ
အခုတော့လည်း………
အသည်းကွဲခဲ့ပေါ့……။      ။

Sunday, January 20, 2013 0 Comment

*မင်းတစ်ယောက်တည်း*

အချစ်တစ်ခု ရှင်သန်ခွင့်မရ
ရက်ရက်စက်စက် သူမုန်းလိုက်ကတည်းက
ငါ့အသည်းကွဲ ဒဏ္ဍရီဟာ
အိပ်ယာဝင်ပုံပြင်တစ်ခုလို့
ဒီနှလုံးသာကို ချော့သိပ်နေရတုန်းဘဲ…။  ။

အလွမ်းဥတုကို ဖြတ်သန်းရင်း
မျက်ရည်စက်လက်နဲ့ ရှိုက်သံတွေ
မင်းမရှိတဲ့ အချိန်အခါများမှာ
တိတ်တိတ်လေးပဲ ငိုကြွေးနေဆဲပေါ့…။  ။

မွန်ကျပ်စိတ်နဲ့ ရင့်ကျက်လာတဲ့
ငါ့ခံစားချက်များ ဆိုင်သူမသိ
မင်းကိုချစ်တဲ့ ...
ငါ့အချစ်တွေ နွမ်းလျသွားလည်း
မင်းတစ်ယောက်တည်းကိုပေါ့……။   ။

မင်းထွက်ခွာ ပြန်မလာတော့လည်း
ဒီမှာတစ်သက်တာ မြတ်နိုးမိလို့
အချစ်ကဗျာတွေ ရေးရွတ်နေဆဲ
ပိုင်သူမရှိ တမ်းတနေမယ့်...
မင်းတစ်ယောက်တည်းကိုပေါ့……။  ။

မင်း အမုန်းစကားများ
ငါ့ရင်ခုန်သံတွေကို ဖျက်စီးသွားသလို့
ငါ့ဘဝများ အရိုင်းဆန်းခဲ့တာ
သောကဒဏ်ရာတွေ ရှိပါစေ
ဒီနှလုံးသားမှာ…… မင်းတစ်ယောက်တည်းပါ…။  ။

အမှတ်တမဲ့ဆိုတာလည်း
ဒီရင်ထဲမှာတော့ အမှတ်တရရှိပါတယ်…
သံယောဇဉ်တွေက.....
အမြစ်တွယ်ခဲ့ရတဲ့ သစ်ပင်လို့
မင်းတစ်ယောက်တည်းကိုဘဲ
တွယ်တာရတော့မယ်……။   ။

ဒါ့…ငါ့အချစ်
တစ်ယောက်သော သူအတွက်
သိမ်းဆည်းကာ ထားသား
မင်း တစ်ယောက်တည်းပေါ့ကွယ်…။  ။

Sunday, January 13, 2013 1 Comment

လမ်းခွဲ

ငါ့တို့ နှုတ်ဆက်ခဲ့ပြီးနောက်...
မင်း...ဘယ်လို့ရင်ခွင်တစ်ခုမှာ
ခိုးနာနေမယ်ဆိုတာ...ငါ့မသိ
မင်း အဆင်ပြေမလားလို့
စိုးရိမ်ပူပန်တဲ့ ငါ့အာရုံတွေ
အခန်းပျက်စေခဲ့ပေါ့.....။  ။

မင်း...မုန်းလို့ ဝသွားပြီးလား...
င့ါနဲ့အဝေးဆုံးကို ထွက်သွားလိုက်ပါ...

အထီးကျန်ဆန်လွန်းတဲ့ လောကကြီးဟာ
င့ါအတွက် တရားပါတယ်...
နာကျင်ခြင်းတွေ မျှတပါတယ်.....
ရင်ခုန်သံများ တမ်းတမနေနဲ့တော့ (တိမ်တိုက်)
မင်းချစ်သူ...မင်းကိုမုန်းလိုက်ကတည်းက
မင်းအချစ်တွေ သေဆုံးသွားပြီး.....။  ။

မင်းပြောဖူးတဲ့ အချစ်စစ်တွေ
တကယ်တမ်းတော့....
ဒိုင်ယာလော့ထဲက
စကားလုံးအဖြစ်သာ လှပခဲ့တာပါ...
စတေးပစ်လိုက်ရတဲ့...
ငါ့ နှလုံးသားက အချစ်တွေ
မင်းတစ်ယောက်အတွက်ပါ.....။   ။

အသိုင်းအဝိုင်းရဲ့ စွဲဖက်ခြင်းတွေနဲ့
အလွဲအမှား ခံယူချက်များဟာ
ကွဲပြားခြားနားတဲ့ နာလည်မှုတွေ
ပြဌာန်းချက်မရှိဘဲ လမ်းခွဲသွားပေါ့...။   ။

Saturday, January 12, 2013 0 Comment

♥ကျေနပ်စွာ အချစ်♥

အကြောင်းပြချက် မရှိဘဲနဲ့
မေ့ပစ်လိုက်ပါလို့ ပြောခဲ့တဲ့
ချစ်သူရဲ့ စကားတစ်ခွန်း.....♥♥

ဘယ်လို့အခြေအနေပဲ ဖြစ်ဖြစ်
တို့တစ်တွေ့ လမ်းမခွဲဘူးလို့
ကတိတည်ခဲ့တဲ့....
ချစ်ရသူရဲ့ ကတိပေါင်းများစွာ....
အခုတော့လည်းလေ...
သူဟာ စတင်ကျော့ခိုင်းခဲ့ပြီးပေါ့. . . . .။  ။

ကောင်မလေးရေ...
မင်းကိုငါ့ ရင်နှင့်အောင် ချစ်ခဲ့ပြီးမှာ
(လွယ်လွယ်နဲ့ မေ့ပစ်လိုက်ရမှာလား)
[ဂုဏ်ပကာသနအတွက် မုန်းခိုင်းစေတာလား]
{ရင်ခုန်သံ အသစ်တွေလို့ ကျော့ခိုင်းသွားတာလား}.....♥♥

ငါ့တွေးမရတဲ့ အတွေးများနဲ့ဘဲ
ငါ့ဘဝအားလုံး ပျက်စီးသွားပြီး...
မိန်းကလေးတစ်ယောက်အတွက်နဲ့
ငါ့...မျက်ရည်ကျခဲ့ပေါ့...
ဒါ့ကို မင်းမသိပါဘူးလေ....။   ။

ငါ့ရင်ထဲမှာ....
မင်းကို ချစ်သမျှ အရာရာ
ယူသွားပါတော့...♥♥

ငါ့ ဂရုစိုက်သမျှကို
လျစ်လျူရှူထားတဲ့ မင်း
တစ်နေနေ့ သိလာတဲ့အချိန်မှာ
မင်းနဲ့အဝေးဆုံး တစ်နေရာကို
င့ါ ထွက်ပြေးသွားပြီးလေ. . .။

ဒီဘဝမှာ....
ပိုင်ဆိုင်ခွင့်မရတဲ့ ချစ်ခြင်းတွေ
ငါ့...ဝိညာဉ်ရဲ့ မြတ်နိုးမှုနဲ့သာ
ဖြည့်ဆည်းခွင့်ရတာကို
ငါ့ ကျေနပ်ပါတယ်ကွယ်.....။   ။


Thursday, January 10, 2013 1 Comment

ကောင်မလေး ဖတ်ဖို့

မမုန်းလိုက်ပါနဲ့ ကောင်မလေးရေ...
တို့ကြင်နာခြင်းတွေ နာကျင်မှုမဖြစ်ချင်လို့ပါ....။

ထွက်မသွားပါနဲ့ ကောင်မလေးရေ..
င့ါအချစ်က မင်းထက်ပိုပါတယ်.....။

နှုတ်မဆက်ပါနဲ့ ကောင်မလေးရယ်...
ငါ့မျက်ရည်တွေ လူမမြင်ချင်လို့ပါ  ။    ။

မပြောင်းလဲပါနဲ့နော် ကောင်မလေး..
ငါ့ရဲ့ ရင်ခွင်တစ်နေရာ မင်းမျက်ဝန်းတွေ
အတ္တမဆန်သေးလို့ပါကွယ်....။  ။

ကောင်မလေးရေ.......
ခိုင်မြဲသော တွဲလက်တွေနဲ့
ထာဝရမေတ္တာတရားများ
ရှိရာ လမ်းကလေးဆီသို့
အတူတူ လျှောက်လှမ်းကြရအောင်
သံယောဇဉ်ဆိုတဲ့ သမုဒယတွေလည်း
မပျက်မယွင်း ထားရှိပါစေလား........။  ။

Sunday, January 06, 2013 0 Comment

အိပ်မက်မှာ နှင်းဆီ

နံနက်ခင်းရဲ့……
အချစ်သီချင်းတစ်ပုဒ်ကို သီကျူးလို့
သူရူးတစ်ယောက်လို့ပဲ
မင့်ထံပါး ငါ့ရောက်ခဲ့တယ်……။

မီးခိုးနု အိပ်မက်ရှည်
ဆောင်းရာသီ ညများမှာ
တိမ်စိုင်တွေ ရွေ့လျား
အချစ် ပျောက်ရှတဲ့
ထေလေငှက် တစ်ကောင်
မောပန်းနွမ်းနယ်လှပေါ့ကွယ်…။

မျက်ရည်မဲ့ မင်း
ချစ်ခြင်းကို ကျော့ခိုင်းလို့
အမုန်းစကား မင်းပဲဆို
ဒီရင်မှာ အနာတရနဲ့
ငါ့ဟာ မိုက်မဲသူတစ်ယောက်ပေါ့
တရားခံ ရှာစရာမလိုပါဘူးလေ…။

မိန်းကလေး ငဲ့
တပ်မက်ခြင်းကြီးစွာ
အချစ်နဲ့ လွမ်းဆွေသူတစ်ဦး
နင့်အပေါ် ရူးမူးခြင်းဟာ
စွဲလမ်းခြင်းကြီးလို့ပါကွယ်…။

အို……နှင်းဆီ
သူမကို ပြောပြပေးပါ
ဖြူလွလွ ပွင့်ချပ်လေးပေါ်
ဆူးထိသွေးစတွေ သုတ်လိမ်းလို့
မမေ့သေးကြောင်း သိစေဖို့ရယ်ပါ……။  ။

Friday, December 21, 2012 0 Comment

ဝေဒနာ အဖော်

သူမရဲ့ ထိရှလွန်းတဲ့ လက်သည်းတွေက
ငါ့ရင်ထဲကို တဂျစ်ဂျစ်ခြစ်လို့
ငါ့နားမခံနိုင်ဘူး
ကောက်တိကောက်ကွေးနဲ့ လူးလွန်းလို့
ဥတုကို အန်တုရင် ပင်ပန်းလှချည်း ။

ကောင်းကင်ပြာပြာဆိုတာ
စကြာဝဠာရဲ့ အနားသတ်မျဉ်းကွေးမဟုတ်
အမြင်ကန့်သတ်မှုတစ်ခုပေါ့
ဒီလိုပဲ့.....ငါ့အချစ် ။

င့ါနှလုံးသားကို......
အနီစပ်ဆုံး ဘာသာပြန်ဖို့
ဝေါဟာရတစ်ချို့
လေဟာနယ်ထဲမှာ ပျောက်ဆုံးနေ
ဒါ့...ငါအစိုးရိမ်ဆုံး ကိစ္စ
ဒါကို နာမလည်နိုင်တာက
သူမ နှလုံးသားပဲဖြစ်တယ်...။

မျက်မှန်တစ်လက်ရဲ့ မှန်သားပြင်ထဲမှာ
လျှက်တပြက်ပေါင်များစွာ
ပျော်ဝင်ဖြစ်တည်နေတာက
သိမ်မွေ့ရိုးရာဝတ်စုံနဲ့ သူမ
စုးရှနက်ရှိုင်းတဲ့ စာအုပ်ထူထူကြီးကိုဖတ်လို့
အဝါရောင် ပန်းရိုင်းတစ်ပွင့်ကို ပန်လို့
စံတစ်ခုကို ရှာဖွေနေလေရဲ့........။

(အခုတော့ ထင်မိပေါ့)
ယောကျာင်္းလေး တစ်ယောက်ရဲ့
လက်ခမောင် ခတ်သံ
အနာဂတ်ကို ပဲ့တင်ထပ်စေဖို့
စိုနုတဲ့ နှုတ်ခမ်းတစ်စုံ လိုအပ်နေလေရဲ့.......။

မင်းနဲ့ င့ါ
ဘဝ အတူ
ဘာသာဗေဒ အတူ
ယုံကြည်ချက် တူပါလျက်နဲ့
မင်း မူးနေအုံးမှာလား
ပကတိသန့်စင် အပြုံးကိုမှာ
လောကမှာ စွဲမက်နေမယ်......။

မိန်ကလေးရေ.......
ငေးမောမနေနဲ့
ငါ့ ကျော့ကုန်းကို ပွတ်သပ်လိုက်ပါ
တို့ နေမင်းကြီးကို
အမီလိုက်ရအုံးမယ်လေ........။  ။
Thursday, December 13, 2012 0 Comment

သက်ရောက်မှု

ရင်ကွဲနေ့ရက်များမှာ...
ခံစားရသမျှ ဒဏ်ရာ
မွန်ကျပ်မှု အပြည့်
မျက်ဝန်းလဲ့လဲ့ များလည်း
မှောင်ရီးပျိုးလို့ အုံ့မှိုင်းရပြီးလေ.....။
  
အလင်းမဲ့ မာယာ...
မှော်ဝင်တဲ့ ညများမှာ...
ရင်ခုန်သံ အရာတချို့
မျှော်လင့်ချက် မရှိ
စိတ်ကူးတွေ့သာ ပွေ့ဖက်
အိပ်မက်ကမ္ဘ္ဘ္ဘာထဲတွင် လွင့်မျော်ရင်းကာ
မျော်လွင့်နေခဲ့ရပေါ့ကွယ်.....။


အတိတ်ပုံပြင်ရဲ့ နတ်သမီး
ဒီရင်ကို ခွဲ... အချစ်ကို   ဆွဲယူသွား
ရက်စက်အမုန်း တုံ့ပြန်တော့လည်း
စေလိုရာစေ ညွှန်လိုရာ ညွှန်ပါ
သူ့တိုင်းအလယ်မှာ ကိုယ့်ချစ်သမျှ
သက်ရောက်မှု ရှိပါစေကွယ်.....။


Tuesday, November 27, 2012 0 Comment

♥ကြင်နာခြင်း♥

ဒီတစ်သက် တစ်ခါ
ဒီလောကမှာ တစ်ယောက်တည်း
အချစ်ဦးမို့ သမုဒယရှိခဲ့ပြီး…

ရင်ခုန်သံဖွဲ့ ကာရံမဲ့လည်း
သံယောဇဉ်ကြိုးတစ်မျှင်နဲ့ ကဗျာနွဲ့
တမ်းတသမျှ တစ်ဦးတည်း
အချစ်ဆုံးမို့ မေတ္တာရှိခဲ့သည်…

ဒီရင်ထဲမှာ မရှိသောအမုန်း
ငြိုးဖွဲ့မိလျှင် ဒဏ်ရာရှိရုံသာ
မလွှဲမသွေ ခံစားရလည်း
တစ်ဘဝအမျှ သစ္စာထား
အမြတ်နိုးဆုံး ကြင်နာမှု
ဒီနှလုံးသားမှာ ရှိနေဆဲ…

Thursday, October 04, 2012 0 Comment

♜နှုတ်ဆက်ခြင်း♜

ငါ့အကြင်နာများ နာကျင်
ဆိတ်သုဉ်းသွားတဲ့ ရင်ခုန်သံတွေ
ရှင်သန်လျက်လည်း ပျောက်လွှင့်
သစ္စာပန်းဟာ…မြေပေါ်သို့ ကြွေကျ
ငါ့…မင်းကို နှုတ်ဆက်ပါမည်…။

အချစ် သမုဒယတွေ……
မမြင်ရခြင်းနဲ့ ဖြတ်တောက်
ရက်စက်မှုများသာ မရှိပါလျှင်
အသည်းကွဲသွားသူ……
ခွဲခွာအချိန်များ ကြုံလာ
ဝေဒနာမျက်ဝန်းနဲ့ မကြည့်မိကာ
ငါ့……မင်းကို နှုတ်ဆက်ပါတယ်…။

စိတ်ကူးနဲ့သာ ဖြည့်ဆည်း
လောကတစ်ခုရဲ့ ကောင်းကင်အောက်မှာ
သဘာဝဟာ……သစ်ပင်
ကြီးပြင်ခြင်းရဲ့……မျက်ရည်စက်
သံယောဇဉ်အမြစ်တွေ မတွယ်ပေ့မယ့်
ပန်းကလေးများ ခြောက်
စွန်လွှတ်ခံရတဲ့…ဒီဘဝမှာ
ကျော့မခိုင်းပါ…လက် မပြပါ
ငါ့…မင်းကို နှုတ်ဆက်အုံးမှာ……။

ဘဝအသစ်တဖန်…
လျှောက်လှမ်းရတဲ့ ခရီး
ဆုံဆည်းခြင်း (သို့မဟုတ်)
နှုတ်ဆက်ရခြင်းတွေနဲ့…
ကွေကောက်သော လမ်းများ ဖြောင့်တန်း
အနိစ္စရဲ့……တံခါးကို
အချိန်တန်လို့…ဝမ်းမနည်း
လျှောက်လှမ်းရတဲ့ အတွက်
မင်းကို....ငါ့ နှုတ်ဆက်ပါပြီး…။

ဝေးဝေးမှာ လမ်းမရှိ
လွမ်းလွမ်း ဆွေးဆွေး ငေးကာ
ပုလဲမျက်ရည်လုံးတွေ…
မြေပြင်ပေါ်သို့ ကျရောက်သံ
တစ္တေတစ်ကောင်ရဲ့ ဝေဒနာ
မင်း မသိနိုင်တော့ပါ……။

အလင်းမဲ့တဲ့ အပြန်လမ်း…
ညနေဆည်းဆာရဲ့ နေဝင်ချိန်ကို
မင်းတားမြစ်ခွင့် မရှိပါ…
မင်း ရပ်တန့်နိုင်ဖို့ မရပါ…
လောကဓမ္မတာ မေးခွန်းတွေအတွက်
ငါ့ နှုတ်ဆက်ခဲ့ပါတယ်ကွယ်……။

အဲဒီလို့နဲ့.....တစ်နေ့နေတော့
မင်းပျော်ရွှင်လာမှာပါ......ချစ်သူ

တစ်ခါတုန်းက နှင်းတွေဝေဖူးတဲ့
အချစ် တောင်တန်တစ်ခု
မင်း စိမ်းလန်းနိုင်ပါစေ……
ငါ့ မစိမ်းကားပါကွယ်……

ခဏလေးပါပဲ…………
ဝေးဝေးကနေ နှုတ်ဆက်တော့မယ်…~~
Wednesday, October 03, 2012 0 Comment

♣တိတ်တဆိတ် အလွမ်း♣

အလွမ်းတွေသာ……
အချိန်တိုင်း မွန်ကျပ်နေခဲ့တာ…
ကိုယ့်ချင်းစာမှုအတွက်…
မြင်ကြည့်လိုက်ပါ……ချစ်သူ…
ဒီရင်ခွင်တစ်ခုလုံး…
ဘာမှာ မသိတော့ဘူးကွယ်…။

တမ်းတရသမျှ…တောင်းတလျှင်
အကန့်အသတ်မရှိ…တစ်ခုတည်းသာ
သေဆုံးသည်အထိ…ချစ်သူအနားမှာ
ဒီတစ်သက်…နေခွင်ရခြင်းသူပါ…
ကိုယ့်အလွမ်းတွေလည်း…
ချစ်သူပြန်လာမှာ.....
ပျောက်ပျက်နိုင်မယ့် ထင်ရဲ့……။

အလွမ်းသက်သက်……
ဖြတ်သန်းခြင်းနှင့် တမ်းတမှုမရှိပါ..ချစ်သူ

ဒီရင်ခွင် တစ်နေရာ…
ဝေဒနာဖြစ်သူဟာ……
အရာရာ…မသိနိုင်အောင်...
မကြေငြာဝံ့ပြီးမို့……
တိုးတိတ်စွာ ခံစားနေရင်……
တိတ်တဆိတ်လေးဘဲ……
လွမ်းနေပါတော့မယ်ကွယ်……။
Tuesday, October 02, 2012 3 Comment

♥ချစ်သူ…ကဗျာ♥

0 Comment

♥♪♩♬ သခင် ♬♩♪♥

ကိုယ့် အချစ်ပန်းတွေ……
စမ်းရေတကျော့မှာ မျော့နေရင်း
သခင် ဆယ်ယူပါမလား……

ခရောင်လမ်းများ သက်သေ…
သခင်ခြေရာတွေ ထင်ကျန်
သည်နေရာသို့ လှည့်ကာပြန်ခဲ့
ကိုယ့်လေး မျှော်နေမိတယ်ကွယ်……

နူးညံ့ခြင်းနဲ့… ချစ်သူအမူအယာ
ဒီရင်ခွင်မှာ…တိတ်တခိုးလျှင်
စွဲမက်ဖွဲ့ရာ…အိပ်မက်ပမာ
မြင်ယောင်နေလည်း…
ကိုယ့်…မတမ်းတတော့ပါလေ…

မျိုသိပ်ခံစား…လွမ်းထိရှခဲ့
ဒဏ်ရာ အထပ်ထပ်…
သောက  များစွာ…
အချစ်ဒုက္ခ အတွက်…
အသည်းများ ကွဲထွက်ပါစေ…
သခင်စံဖူး အချစ်ဦးမို့…
ငြင်ငြိုမှု မရှိပါကွယ်………

ဘဝအဆက်ဆက်…တွယ်မက်ပါရဲ့
ကြင်သူဝေးဝေး…ယုယပါတယ်…
အလွမ်းခက်လည်း…ဆွေးမြေ့ကျွမ်းလို့
ဒဏ္ဍာရီပုံပြင်နဲ့……
ကိုယ့်ဘဝတွေ ဆိတ်သုဉ်းပါပြီး…

သခင်…စွန်လွှတ်လည်း
အမှတ်တမဲ့ပါပဲ…
စာမစီ…ကဗျာမဖွဲ့
တွေးကာ…ငေးကာ…ငိုင်ကာ
သံသရာရှည်မှာ…မြတ်နိုးနေမယ်…
ဝိညာဉ်ရှိမှာ....သူစိမ်းမဆန်ပါကွယ်…

သခင်…သိပါစေ…
သခင်……မြင်ယောင်ပါလေ…
ရေစုန်မှာ……ရေဆန်ရသလို့…
လေထန်းရင်း…လေဆန်မှာလျှောက်တဲ့
အပြန်လမ်းခရီး……
ကိုယ့် နှုတ်ဆက်ပါပြီး……သခင်…။

0 Comment

°•°•°•°•!!ဝေးဝေးက!!•°•°•°•°

တွေခွင့် ကြုံခွင့်လေးပါ…
ချစ်သူမျက်နှာ အလှဟာ
ဒီနှလုံးသားကို လှုပ်ခတ်
ပန်းနုရောင် အိပ်မက်ထဲမှာ
ဝေးဝေးကပဲ ကြည့်ဖြစ်တော့တယ်…။

ချစ်ခွင့်…ကြင်နာခွင့်လေးပါ…
သံယောဇဉ်ကြိုးများ ချည်းထုံး
ဒီဘဝ…တစ်သက်လုံးအတွက်
ဆိုင်သူမသိတော့တဲ့ အခါ
နာကျင်စရာ…ရင်ကိုခွဲကာ
ဝေးဝေးကပဲ တမ်းတတော့မယ်…။

လွမ်းခွင့်……သတိရခြင်းပါ……
နေ့ရက်များဟာ ဒဏ်ရာ
အချိန်တွေကို ပန်းများကဲ့သို့ သီးကုံး
ကိုယ့်ရင်ထဲမှာ သိမ်းဆည်းမိကာ
တစ်ဘဝလုံး ပန်းများ ဖုံးလွှမ်းနိုင်ရဲ့.....။

မြတ်နိုးခွင့်နဲ့ တွယ်တာရုံပါ…
ပိုင်ဆိုင်မှု မရှိလည်း……
ရဂုံမြုင်လမ်းမှာ……ဆွေးမြေ့ပါစေလေ
ဝေးဝေးကပဲ……ကျွမ်းကြေရမှာ
မျှော်လင့်ခြင်းရဲ့ ရင်ခုန်သံ
ရက်ရက်စက်စက် အဖြည့်ခံချစ်သူပါ…။

လျစ်လျူမရှု…ဂရုစိုက်မှာပါ…
အနီးစပ်ဆုံး နေခွင့်မရ…
ယုယခြင်းရဲ့……နှလုံးသားအစုံ
ရှင်သန်နေလျက်နဲ့ သေဆုံး
ဘဝတွေ ခြားနားလည်း
ဝေးဝေးကပဲ…စောင့်ရှောက်တော့မယ်…။

ပေးဆပ်ရုံနဲ့…သစ္စာရှိမှာပါ…
အနက်ရှိုင်းဆုံး ဖမ်းဆုပ်ခွင့်မရ…
အချစ်ရဲ့…ဒြပ်ဝတ္တုတစ်ခု မဟုတ်တော့
ဝေးဝေးကပဲ………
လျှိုဝုက်ခြင်းနဲ့ အနစ်နာခံပြီး
ပေးဆပ်ခွင့်ရရုံလည်း ကျေနပ်ပါတယ်ကွယ်……။

မေတ္တာတရားနဲ့…ဝါသနာပါကွယ်…
ချစ်သူမရှိ……ကြင်သူမသိတော့တဲ့
ဒီရင်ထဲမှာ…ခံစားချက်များ မျိုသိပ်
ဝေးဝေးကပဲ…ဖွင့်ဟ
ကဗျာတွေ ရေးနေတော့မယ်……။
0 Comment

♥ မြတ်နိုးမိသော…မေ ♥

ပျော်ရွင်ခြင်းများစွာကို ပေးချင်လို့
အချစ်သက်သက် ပေးဆပ်မှုတွေနဲ့
ရှောင်ပုန်ဖယ်ခွာ ပြေးထွက်ရက်သူ
အခြေအနေမတူတာမို့
ကိုယ့်မြတ်နိုးမိသော မေ……
သောကခြေရာတွေ မရှိပါပြီးလေ…။

ရင်ကွဲတာ ပူလောင်ပေ့မယ့်
ဖြေစရာ အချိန်မရှိပါကွယ်…
စိမ်းရက်တယ်လို့ ဆိုချင်ဆို
ကိုယ့်ဘဝထဲကို မဆွဲခေါ်
တွယ်တာရတဲ့……မေ
ဒီနေရာမှာပဲ ကျန်ခဲ့ပါ…
အရာရာများ နုံချာလွန်းတဲ့ ဘဝလေးမို့
ကွယ်ရာက မြတ်နိုးတော့မယ်……မေ …။

မျှော်လင့်ခဲ့လေတော့……
မကြင်နာရက်တယ်……မေ
အပြစ်လို့တော့ ဆိုချင်သလား…
မေ……မေ့ပစ်နိုင်ရင်လည်း
ကိုယ့် အပြစ်ပါကွယ်……
တိတ်တခိုးပဲ မြတ်နိုးတော့မယ့်……မေ…။

သမုဒယများ ရှိနေလည်း…
သံယောဇဉ်တွေ မမြင်ရတာမို့
ချစ်တတ်တဲ့ ကိုယ့်အသည်း
မထိရှပါပြီးလေ……
လွမ်းလို့ တမ်းတပေ့မယ့်
ဘဝဟာ မတူညာသော်လည်း
သည်နေတဲ့ ကိုယ့်မျက်ဝန်း
သုတ်ပစ်ပါပြီးကွယ်……
သိပ်ချစ်တယ်……မေကို
နီးစပ်ခွင့်မရလည်း……
မြတ်နိုးနေတယ်……မေ……။

ဒီရင်ထဲမှာ သိမ်းဆည်းထားသော
ပန်းခြောက်ကလေးများ
ဖွင့်ဟ လွှင့်ပစ်ဖို့ရန်
အင်းအားမရှိပါဘူး………မေ……။

မွန်ကျပ်စရာ…ခံစားချက်တွေက
အကြင်နာ နှုတ်ဖျား…
နှေးကွေးသော လေသံများနဲ့ပဲ
ကိုယ့်မြတ်နိုးမိသော…မေ
မသိပါလားကွယ်……။

နှလုံးသား အက်ကွဲကြောင်းတွေမှာ
ဝေဒနာမျိုးစေ့များ ပြန်ကျဲ့
အချစ်ဘာသာကို မမေးပါလို့
ဒဏ်ရာများကို ဟန်ဆောင်ထိန်းကာ
မေကို……မြတ်နိုးမိလို့ပါကွယ်……။

ကိုယ့် မြတ်နိုးသော…မေ
မေ မြတ်နိုးသော…ပညာ
အောင်မြင်မှုတွေ ရရှိပါစေကွယ်…။


 
;