Sunday, September 30, 2012 0 Comment

♚♚ ကိုယ့်ရဲ့ သေမင်းတမန် ♚♚

သစ်ရွက်လေးတွေ မြေပေါ်ခ
ကြွေလွင့်စရာကောင်းတဲ့
ကိုယ့်……ဘဝ…
တစ်ချိန်တုန်းက ဝေဆာပါရဲ့
ကြီးပြင်ခြင်းဟာ……ရေတွေနဲ့
သေဆုံခြင်းဟာ……အချိန်
တည်ငြိမ်မှုနဲ့ လှည့်ပြန်ခဲ့တော့မယ်…။

ပျော်ရွှင်စရာ…ဘဝလေးထဲ
ကိုယ့် ခဏလေး…ငေးမော
စိတ္တဇတွေ…လယ်ထွန်း
ရွာပြင်မှာ……ထန်တော်
လေလွင့်ရာ…လူတစ်ယောက်ပါ…။

နေစင်းတစ်ပွင့်…ပူလိုက်ပါရဲ့
အေးမြခြင်းကို ရှာဖွေ……
တွေ့တော့ ရှိခဲ့ပါတယ်……
ဒုက္ခအပူကို ငြိမ်း……
သုခမှုတွေဟာ လေစိမ်း……
သောကအတွက်……တိုက်ခတ်လိုက်ပါ…။

ဈေးတစ်ဆစ်ရဲ့…သင်္ခါရ…
ကိုယ့် နေထိုင်မှုဟာ…ဈေးဆစ်နေသလို့
ဈေးသည်ကတော့……မမြတ်
ရောင်းတဲ့ အတိုင်းပါပဲ……
လုံးဝမလျော့နိုင်ပါတယ်……။

နေဝင်ချိန်ရဲ့ လမ်းကလေးအတိုင်း…
အပြန်ခရီး…အိပ်မက်မရှိ……
ခြေရာများ မထင်ကျန်……
စိုစွတ်နေတဲ့…
အသိုင်းအဝိုင်းရဲ့  မျက်ဝန်း……
ခြေလှမ်းတွေကို……နောက်ပြန်မဆုတ်
သတ္တိရှိစွာ ရင်ဆိုင်မယ်……
မမြင်ရခြင်းနဲ့ ဆီးလို့ကြိုနေတယ်…
သံသရာအတွက်…………
ကိုယ့်ရဲ့ သေမင်းတမန်.……။

1 Comment

တိုးတိတ်စွာ အချစ်

ဒီမျက်ဝန်းထဲတွင်……
အလွမ်းမျက်ရည်များ
သိမ်းဆည်းကာ ထားလို့……
ချစ်သူရဲ့ အပြုံးတွေလည်း
ရင်ထဲမှာ…ပျောက်ဆုံးသွားခဲ့ပေါ့…။

မေ့ဖို့ပစ်ဖို့ ခက်တော့……
ဝေဒနာများနဲ့သာ
ကြိတ်မှိတ် ဖြေကာ
ငြိုငြင်မှု မရှိ
ဆုံးခန်းထိအောင်…
တိုးတိတ်စွာ ချစ်နေမယ်……။

မမုန်းပေ့မယ့်……
ချစ်ရက်တဲ့ ဒီနှလုံးသား
မင်း…ရက်စက်မှုဟာ မတွေးသာဖြင့်
ကြေကွဲလို့ ရှုံးနိမ့်ရင်းလည်း
အဝေးတစ်နေရာများမှာ
တိုးတိတ်စွာ ချစ်နေတယ်……။

သံယောဇဉ်ဆိုတဲ့ ကြိုးများဟာ
ဒီအချစ်ကို ရစ်ပတ်လို့
နှောင်းဖွဲမိတဲ့ အတိတ်
ကိုယ့်အကြင်နာတွေ သိနိုင်တော့မလား
မဖြစ်နိုင်သော…မင်းနဲ့ကိုယ့် ဘဝအတွက်
ဒီရင်ထဲမှာ…ဆွေးမြေ့ကျွမ်းပါစေ…
ဒဏ်ရာများနဲ့ သာ…
တိုးတိတ်စွာ ချစ်နေတော့မယ်………………
………………………………………
………………ချစ်နေပါဦးမယ်ကွယ်……။


Saturday, September 29, 2012 0 Comment

မာန

ကြုံဆုံတုန်း ခဏ…
ဒီဘဝ လောကထဲမှာ…
တို့ရဲ့ မာနတွေက ရှိနေလား
အချိန်တန် အိမ်ပြန်လမ်းဟာ…
မင်း မာနတွေ မပါလောက်ဘူး……။

မာယာကို မာနလုပ်ထား…
မင်းလျှောက်တဲ့လမ်း……
အတ္တမဆန်ပါဘူး………
ထွက်သွားပါ……နှုတ်ဆက်ပါ……
လူတစ်ယောက်ရဲ့ ဘဝဟာ
ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ…

မဟူရာမျက်ဝန်းတွေထဲ…
မင်း မာနကို ဖုံးလွှမ်း……
မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်…

သူစိမ်းဆန်တဲ့ စကားလုံးများ
ဖွင့်ဟဝန်ခံ…မုဿသံတွေ
လေထဲမှာ ပျံလွှင့်……
လူတစ်ယောက်ကို…
သေအောင် သတ်နိုင်တယ်……။

မင်းမာနကို ရှေ့တန်းတင်ထား
ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်…
အဲဒီလို့ပဲ……ဘဝနှစ်ခု
တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။

အနားက ဖြတ်သွားသော လေ
ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်…
မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။

0 Comment

♥♥ ကြင်သူ ဝေးဝေး ♥♥

♥အရမ်းကောင်းတဲ့ ကဗျာလေးပါ♥ သည်ဘဝသည်မျှနဲ့တန်ရပေ့…
နောင်ဘဝသော်မှာ…
သူ့လေးကို ပိုလို့ချစ်မယ်… အရာများသည်ထက်…
အချစ်ကြိုးများ လွန်ဆွဲလို့ကစားမိသူ…
စည်းလည်းတစ်ဖက် ခြားနေလေ၏……။

စွယ်တော်ရွှက်သဖန်း ခွဲမနေအတူ… အလိုလိုခွဲခွာသွားသည်နှယ့် လောကဓံပွင့်ဝတ်ကယ်……
ကံတရားဟာ ညှာတံကြွေလို့……
လွဲသွေမိ၍ လမ်းခွဲကြစတမ်း ဖြစ်လေရတော့သည်……။

အနှစ်တစ်ရာ…ချစ်ရှာသင့်သူမို့
သစ္စာနှင့် မြတ်နိုးမယ်………
မေတ္တာဖြင့် ကြင်နာမိတယ်…
တစ်သက်ဝယ် ယုံတမ်းပါလေ………။

အချစ်ဆုံးသူ…စိတ်၌ ပျော်ရွှင်ပါလေ… ကိုယ့်ဝမ်းသာပီတီ…ကြည့်နူးမိသည်…

အသည်းကျွမ်းခဲ့ရ…အချစ်များကြေခဲ့ပြီး

ညရုံတောမှာ…ကဗျာများပျံ့လွှင့် ကိုယ့်အလွမ်းများကာ ပွေ့ရက်ပေ့ တမ်းတနေမိတယ်…အချစ်ရယ်………။ ♥ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း ပြည့်ကြပါစေ~~ဗျာ♥
Friday, September 28, 2012 0 Comment

အတ္တ

ဟို အတိတ်ဆီက……
အမှတ်တရများ ဖုံးလွှမ်း
အတ္တတွေနဲ့ လျှောက်တဲ့လမ်းဟာ
ကျဆုံးမှုကိုရောက်……ရှုံနိမ့်နေပါစေ
တရားမသေ……လူသူသေပါပြီး……။

အပြန်ချိန်၏ လောကဓံတရား
ကြံ့ကြံ့ခံနိုင်ရည်စွမ်း……သူရဲ့ သတ္တိနဲ့
ရွက်လွင့်လာချိန်မှာ……
သွေးပျက်စရာ ကောင်းလှပါတယ်…။

ကျော့ချင်းချင်း ကျော့ခိုင်းရင်းခွာမိလို့
ဒေါသမာန်များ……ဟုန်ဟုန်ပြင်းစွာနဲ့
အပြန်လမ်းကို……ပုံပြင်တစ်ပုဒ်လို့
ပြောဖြစ်ကြတယ်………။

အမှန်တရားများ ကိုင်ဆွဲ
အမှားတွေကို တိုက်ခိုက်ဖို့များ
အတ္တက မလျှော့မိတော့
ဖြူစင်သော လမ်းပေါ်မှာ
ကျေနပ်မှုတို့နှင့် လဲကျလို့
အေးမြမှုနဲ့ မေတ္တာရေပက်ဖျန်း
ဒီလောကတစ်ခွင်ထဲ……
တစ်ယောက်စီ……တစ်ယောက်စီကို
ငြိမ်းချမ်းခြင်းများ ရယူအုံးမည်……။

ကိုယ့် မလိုချင်သော အတ္တများ
စွန်လွှတ်မှုရဲ့……စိတ်ကူးတွေကို
တစ်နေရာတွင်……တစ်ချိန်ချိန်တွင်
မည်သူမျှမသိ……ကံတရားဟာသိအောင်
ထားရစ်ဦးမယ်ကွယ်………။

ကြည်ဖြူစရာ စေတနာ……
ထိုက်တန်သူများ ရှိကြလိမ့်မည်……

အတ္တတွေကို အဖော်ပြု……
လက်နက်အဖြစ် မသုံးချင်ပါနဲ့…

မင်းဘဝအတွက်………
ငါ့အတ္တတွေ……ငါ့မာနတေ
ပျောက်ရှပေးပါမယ်……။

Thursday, September 27, 2012 0 Comment

♥ ကြည်ဖြူစွာ ချစ်နေမယ် ♥

ရင်ထဲမှာ…တိတ်တဆိတ်နဲ့
တဒိတ်ဒိတ်ရင်ခုန်သံတွေ…
အချစ်ရဲ့ ဒဏ်ရာများစွာ
ငါ့ကြင်နာတာတွေ…
အခုတော့လည်း နာကျင်ခဲ့ရပြီး…။

ခေတ္တာလေး အတွေးများကို
အမှတ်တရဖြစ်စေတဲ့…နေ့ရက်များ
ငါ့ အတ္တတွေကို ပျောက်ဆုံးစေခဲ့ပေါ့…။

နှလုံးသားကို တဖန်ပြန်ရှင်သန်လာဖို့
စဉ်းစားလိုက်တိုင်းမှာ……
မင်းနဲ့ ကြည့်နူးနေတာတွေ
မြင်ယောင်လာတော့……
ငါ့အချစ်က သေဆုံးစေခဲ့ပေါ့…ချစ်သူ…။

ချစ်သူရေ……
မင်းအလှရဲ့ မျက်ဝန်း
အကြည့်တစ်ချက်နဲ့ ငါ့ရင်ခုန်သံတွေကို
ရပ်တန့်သွားတဲ့…ဘဝ
နောက်ထပ်…ဘာကိုမှာ
မလိုချင်တော့ဘူးကွယ်……။

ထာဝရဆိုတာ…မရှိတော့သလို့
အနာဂတ်တွေလည်း မပိုင်တော့
ဘဝ……ခဏပါပဲ…………
နာကျင်ပါရစေအုံး……။

လောကမှာ ပိုင်ဆိုင်ခဲ့သမျှ……
အရာရာတစ်ခုမှာ……
မလွဲမသွေချစ်ဖူးခဲ့သော အချစ်များ……
အဒီအချစ်တွေဟာ…မင်းအတွက်
ပေးဆပ်ပါမယ်……။

မင်းတစ်ယောက်ကို မြတ်နိုးမိလို့
အသည်းတွေ နာကျင်ခဲ့တဲ့
ငါ့အဖြစ်တွေလို့……
မင်း…မကြင်နာမိပါစေနဲ့…

ဒီရင်ဝယ်အချစ်တစ်ခု……
အပိုင်သိမ်းခဲ့သော……
သူ တစ်ယောက်တည်းကို
ငါ့ရဲ့ နှလုံးသားက……
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်…
ချစ်နေပါအုးမယ်ကွယ်………………။

1 Comment

အိပ်မက်ရဲ့ လမ်းခွဲ

ညတွေက…မှောင်ရီပျိုးချိန်
အလွမ်းနဲ့  မှေးစက်ကာပြု
အိပ်မက် လမ်းခွဲ
အလင်းမဲ့ ရင်ခွင်တစ်ခု
နှုတ်ဆက်မိသူကို…လှည့်လို့ပြန်ခေါ်
ကြားယောင်နေလည်း…
သူ့က မကြည့်တော့……
အမုန်းရှိဆဲ…ရက်စက်တတ်ပါဘိ...။

အိပ်မက်တို့ရဲ့ လမ်းခွဲ……
ညဥ့်နက်ပန်းများ ကြွေကျပါလေ…
ချစ်မီးရောင်တွေ မှိတ်ကာပြတော့…
ပျောက်ဆုံးသွားသော…
မနက်ဖြန်လမ်းစများ…
ကိုယ့် လိုက်ရှာမိသည်……။

တယောသံစဉ်…ယဲ့ယဲ့လေးညည်းလို့
ချစ်သူတေးသွား…ပျောက်ရှခဲ့ရာ
သံယောဇဉ်ကြိုးများ…ချည်းထုံး
ဒီရင်ထဲမှာ…ပဲ့တင်သံများ ချောက်ခြား
အလွမ်းပိုလည်း…ရူးမိုက်ရသည်…။

ဝေးဝါးစွာနဲ့ မျှော်လင့်ချက်များ…
သူ့……ဖြတ် ချိုး ရိုက် ဖျက်……
အိပ်မက်များရဲ့ လမ်းခွဲ
ဆုံဆည်းဖို့ရန် မရှိပါ…
မလိုလားခဲ့…သူထားသွားလည်း
အိပ်မက် လမ်းကလေးမှာ…
လွမ်းလွမ်းဆွေးဆွေးနှင့်
စောင့်မျှော်နေမိသည်……။

ကိုယ့်ချစ်မိသော သူ့သိပါစေ…
ရင်ကွဲညရဲ့ အိပ်မက်အသေများ
အကောင်အထည် မဖော်မိလည်း
လန့်ကာနိုးထ……ငေးကာမျက်ဝန်း
ငိုမောနေချိန်…
အလင်းရောင်တို့ ဖြန့်ဖြူး……
မိုးသောက်ယံလို့ လာခဲ့ပြီး……။


0 Comment

ဘဝတစ်ခုရဲ့ ချစ်သူ

ချစ်သူရေ……
ကိုယ့်ဘဝဟာ…မင်းအတွက် မွေးဖွားလား
ရှင်သန်ခြင်းက ခဏတာ
ကိုယ့်မသိသေးတဲ့……
သေခြင်းတရာတစ်ခုပေါ့……။

ချစ်သူရေ……
ကိုယ့်နှလုံးသားများကို
မင်းမာနတွေ ရိုက်ခတ်
အမှတ်တမဲ့လို့လည်း သတိမထားမိဘူး…
စိတ်ကူးထဲမှာတော့……
မသေပဲ ရှင်သန်တဲ့ ကဗျာတစ်ပုဒ်
မမုန်းသော စကားလုံးမီးဝိုင်းကံကော်တွေ
သေပဲ့ သေဆုံးတော့ မလို့……
ကြွေရင်နဲ့ ဝေပြတော့ မလို့ပဲ……
တမ်းတမှုတွေ ဆက်မလိုချင်တော့ဘူး…။

ခဏလေးပါပဲ…ပျောက်လွင့်သွားတဲ့
တိမ်တိုက်တချို့ကတော့……
လောကကို နှုတ်ဆက်ဖို့
ကောင်ကင်မှာ လွှင့်ပါးဖို့အတွက်
အားယူနေကြပြီး……ချစ်သူ…။

ဖေးကူးမယ့်သူ မရှိ……
လွဲစရာများ ထားရစ်ခဲ့……
သွေးပူမှာလည်း ကြောက်မိတယ်…
ချစ်သူမျက်နှာ မြင်ယောင်မိတော့လည်း
လက်အစုံဟာ မျက်ရည်သိမ်း
ကိုယ့်ပဲ သူစိမ်းဆန်မိပါတယ်……

ချစ်သူရေ……
ကိုယ့်တို့တစ်တွေ……
လောကလယ်မှာ……ဘဝကို
အချိန်နဲ့  ကျော်ဖြတ်……
သင်္ခါရ၏  သေဆုံးခြင်းကို
ကိုယ့်တို့  ကျော်ဖြတ်နိုင်ရန်
အားအင်မရှိပါဘူး……

ဒါပေ့မယ့်~~~
မင်းရဲ့ ရှင်သန်ခြင်းတစ်သက်တာမှာ
ကိုယ့် မရှိတော့သလို့……
ကိုယ့်သေဆုံးခြင်းရဲ့ အိမ်ပြန်လမ်း
မင်းလည်း လိုက်လိမ့်မယ့် မထင်ပါဘူး…။

လောကရဲ့  ဓမ္မတာအတိုင်းပဲပေါ့……
ကိုယ့်တို့ ဒဏ္ဍာရီတွေ သိမ်းဆည်း
နောက်သံသရာတစ်ခုမှာ……
မှတ်မိနိုင်ဖို့ ဆိုတာ……

မင်း~~~~နဲ့~~~~~ကိုယ့်
ဘဝတစ်ခု ခြားနားတော့မှာပါ……
ချစ်သူရယ်…………။

Wednesday, September 26, 2012 0 Comment

♥♥ မင်းအတွက် လွမ်းရခြင်းများ ♥♥

Tuesday, September 25, 2012 0 Comment

♥♥အချစ်တစ်ခု ရှင်သန်နေခြင်း♥♥

မိုးကလည်း သည်း……
နှလုံးသား ပူလိုက်ပါရဲ့……
ရင်ခွင်ဟောင်ကို စွန်သွားသူ……
ပြန်မလာလည်း…ရာသီတွေပြောင်း
ဥသြတို့ ငိုအက်သံတွေ ကွဲ
တီကောင်လို လမ်းဖောက်တာတွေ လွဲ
ဓနမျိုးစေ့တွေလည်း ပျက်စီး လို့
ကွဲ……လွဲ……လို့ ဒီနှလုံးသားက ဒဏ်ရာ
ရေတွက်ခဲ့ပါပြီးလေ………။

ပြိုယွင်းခြင်း များစွာ………
အတိုက်အခံလုပ်…မာနက လက်နက်
ငါ့ အိပ်မက်ကို အဆုံးသတ်
သစ်စိမ်းချို ချိုပြီး…ရက်စက်
ဒီမှာ အမုန်းမရှိသူမို့……
ငါ့ အချစ်တွေ ရှင်သန်ခဲ့မယ်……

ဟောင်နွမ်းနေတဲ့ စာအုပ်တစ်အုပ်……
မင်ရည်ကာ ……မျက်ရည်………
ငါ့ နှလုံးသားက အချစ်တွေ……
ကဗျာတစ်ပုဒ်မှာ ရှင်သန်နေဆဲပါကွာ……။

1 Comment

♥♡ အလွမ်း သဘောအရ…♡♥

အလွမ်းတွေ ကြယ်လို့ဝေတဲ့ ည
လမင်းလည်း ပုံပြင် မပြောတော့
လေပြည်ညှင်းက မာယာများခဲ့ပြီး…

အမှောင်ညသန်ခေါင်ယံအချိန် မိုးကရွာချ
မိုးစက်များ မြင်ယောင်ခဲ့သလား…
ကိုယ့်ဘဝကတော့ စိုရွဲမိလို့…
ဆို့နစ်မှုဟာ မိုးနဲ့အတူ ငိုပြိုင်မယ်…။

ပါရမီဖြည့်ဖက်က အဘယ်သို့ပြေး
လှမ်းခေါ်နေမိတဲ့ ကိုယ့်ရဲ့ ခေါ်သံ
ကမ်းခြေများ လှိုင်းခွပ်သံနဲ့ တူလေရဲ့……။

ရှေ့ ဘဝ ကုသိုလ်ကံနှင့်
ကောင်ကင်ဘုံမှာ စံစား
သူလေး ပျော်ရွှင်နေပါဘိ……

ရှေ့ဘဝ ကိုယ့်ကုသိုလ်ကံများ
လူဘုံရဲ့ မူလနေရာမှာ စံစား
ကိုယ့် ဝမ်းနည်းပါဘိလေ……။

မပြောပြဘဲ သိနေတယ်……
မငိုမိလည်း မျက်ရည်ကျတယ်…
ဝမ်းသားနေလည်း ဝမ်းနည်းမိတယ်…

ကိုယ့်ဟာ…မင်းရင်ခွင်ထဲက ဆုတ်ခွာ
လမ်းဘေးရဲ့ ပလက်ဖောင်းပေါ်မှာ
ဒေါသနဲ့ ထိုင်ချ
သောကတွေ ကြွေကျ
မောဟကို ဖြေဖျောက်
ယောကျာင်္းလေးတစ်ယောက်
မျက်ဝန်းထဲမှာ ပုလဲဥတို့ ကွန်းခိုမိလို့
မျက်ရည်တို့ ချွေကာပြ
ပန်းကလေးတို့ဟာ ……
ကိုယ့်ငိုနေတာ ပထမဆုံးသိကြလေပြီး…။

ဟေ့…………
အချစ်ဗိမ္မာန် တကယ်ရှိသလား…
အနမ်းရဲ့ စူးရှတဲ့ ရံ့နံ့ ဘယ်လို့မျိုးလဲ…
အမုန်းတရား၏ နိဂုံးက ချုပ်နိုင်သလား…
အပြုံးတစ်စက်နဲ့ မာနတွေ ခဝါချနိုင်တာလား……

ပြောလို့မဆုံး…ခမ်းလို့မကုန်
သူက လှည့်မကြည့်…ကိုယ့်က ငေးငိုင်
တွေးဝေနေတဲ့ ခြေလှမ်းက
အလွမ်းဆိုတဲ့ မြောင်းထဲသို့ ကျွံကျ
အိပ်မက်ကခြောက်လှန့်စရာ
ညတိုင်းက ရက်စက်တတ်ခဲ့ပြီး……။

ဖူးစားကံဟာ လှမ်းပစ်……
အချစ်ရဲ့  မြားတစ်စင်းမှာ
အရူးဆေး သုတ်မိခဲ့လေသလား
လမ်းကလေးက ကွေ့ကောက်
ဒီရင်ဘတ်မှာ ထိချက်ပြင်းတော့
ဒီကကောင် အရူးဖြစ်ခဲ့ပေါ့……

ငါ့ကောင်မလေး ရှောင်ဖယ်ပြေး
နောက်တစ်ယောက်ကို
ပြောင်းလဲလို့ ချစ်
သူကောင်းဖြစ်နိုင်ပါတယ်……။

မသေချာနိုင်သော…
မင်း အချစ်ရဲ့အိပ်မက်တစ်ခု…
သေဆုံးသွားတဲ့ အခါ…

မရေရာနိုင်သော……
ငါ့ အိမ်မက်ရဲ့ အလွမ်းများစွာ…
ရှင်သန်နေတဲ့ အခါ……
အရာရာကို ပြယ်ရယ်ပြု…
ငါ့ဘဝတော့…ဒီအတိုင်းပဲ ကျန်ခဲ့တယ်…။

အချစ်ရူးသူလေမို့……
နှလုံးသား အခိုးခံလိုက်ရတဲ့ သူ့လေးကို
တိတ်တခိုး…ကျိန်စာတိုက်ကာ
ကြည်ကြည်ဖြူဖြူ ချစ်နေပါဦးမယ်ကွယ်…

အဖြူရောင် သံယောဇဉ်နဲ့
နှလုံးသားဝင်ရိုးစွန်းမှာ ချည်းနှောင်း
အနိစ္စနဲ့ ကွန်လွန်……
နောင်ဘဝ အထိပေါ့…သိပ်ချစ်သူရေ…။
1 Comment

♥♥ အလွမ်း ကဗျာ ♥♥

ငါ့……နေ့သစ်ရဲ့ မနက်ခင်းမှာ
မျက်ဝန်းအစုံကို ဖွင့်လိုက်ကတည်းက မင်းပုံရိပ်နဲ့ နှိုးထခဲ့ရတယ်……
ကျေးငှက်တို့ရဲ့ တေးဆိုသံများ
သာယာနေရင်း…
အလွမ်းသီချင်းတွေ ညည်းခဲ့မယ့်
ငါ့ နင်ကို လွမ်းနေဆဲပါ……။

အလွမ်းပန်းရိုင်းတွေ ပွင့်နေမယ်
ဒီရင်ထဲမှာ အားယူ ပွင့်ဝေနေပုံများ
နင်ကို မြင်စေချင်လိုက်တာကွယ်…
အလွမ်းတွေနဲ့ နေ့သစ်ကို
ငါ့ဖြတ်သန်းမိပါတယ်……။

အဲဒီလို့နဲ့…တစ်ယောက်တည်းလွမ်း
အတွေးရဲ့ စိတ်ကူးက ဟိုတစ်နေရာ
ဆွေးငေးခဲ့တဲ့ ငါ့အတွက်
မင်းက ပြန်လာဖို့ရန်
အခြေအမြစ်မရှိတော့ဘူးကွယ်……။

တိတ်တဆိတ်လေးပါပဲ……
မင်းကို လွမ်းရတဲ့အခါ……
ငါ့ မျက်ရည်တွေ မြေပြင်ပေါ်သို့ ကျရောက်
အိပ်မက်လမ်းကလေးမှာ……
ကျော့ခိုင်းရပြန်ပြီးလေ……။

နှုတ်ဆက်ထားခဲ့တဲ့ တို့နှစ်ယောက်အတွက်
မင်းရဲ့ တစ်နေရာမှာ
ငါ့အပြုံးတို့ ကျန်ရစ်လို့ကောင်းပါရဲ့ကွယ်…။

စိတ်ကူးတွေ…ခရေလို့ ဝေတဲ့ နေ့သစ်မှာ
ငါ့ နင်ကို လွမ်းဆွေးမိတိုင်း
ကဗျာအပိုင်းအစနဲ့ စိတ်ဖြေမယ်…။

ချစ်သူရေ………အခုဆိုရင် ငါ့လေ
မျက်ရည်တစ်စက် အလွမ်းတစ်ခွက်နဲ့
ငါ့ ရင်ဘတ်နဲ့ အလွမ်းကဗျာကို
ရေးချပြမယ်…။

အတိတ်ဆီက……
မင်းပုံရိပ်ရဲ့ အကြည့်တစ်ချက်
ငါ့နေ့သစ်တစ်ခုရဲ့
အလွမ်း ကဗျာပါကွယ်……။

Monday, September 24, 2012 0 Comment

မာန်ဟဲဆရာတော်၏ ကဗျာများ

၁။နင့် မျက်နှာ

နင့်မျက်နှာကို လှတယ်လို့ ပြောရအောင် မမှန်လှချေဘူး။

လှတာကလူ မျက်နှာတွေ့ရဲ့ ကိစ္စ ဖြစ်တယ်။

နင့် အလှက လူ သဘာဝကို ကျော်လွန်တယ်။

သဘာဝတရားက လူကို ဒီလို အလှ ပေးထားပုံ တိုင်းတာချိန်ဆဖို့ ခက်တယ်။

ငါ သိပါရဲ့ သဘာဝလောကမှာ နင့်နဲ့ ယှဉ်စရာ ရှိမှာမရှိဘဲကို။

ဘယ် ပဒုမ္မာ ကြာပွင့် နင့် နှုတ်ခမ်းကို ယှဉ်နိုင်မလဲ။

နင့် အသားအရေနဲ့ ယှဉ်တုနိုင်တဲ့ ကျောက်စိမ်းဖြူ ဘယ်မှာလဲ။

နင့် အကြည့်နဲ့တူတဲ့ ၀သန္တာ ရေကန် လှိုင်းတွန့်လေး တွေကို မြင်ဖူးကြလို့လား။

နင့် အပြုံးရဲ့ ရံနံ့နဲ့ တူတဲ့ မနက် အလင်းကို ကြားဖူးကြလို့လား။

ကောင်းကင်ဘုံရဲ့ ဂီတဟာ နင့် တေးသံရဲ့ ပဲ့တင်သံ၊

တင့်တင့်တယ်တယ် ကြယ်တွေ နင့် မျက်လုံးအစုံ အသွင်တွေ။

ငါ နင့် အရိပ်။

နင့် အရိပ်ပဲ နင့်နဲ့ လိုက်ဖက်တယ်။

နင့် မျက်နှာကို လှတယ်လို့ ပြောရမှာ မမှန်လှချေဘူး။

၂။.......မိုးမခ စိုက်ခြင်း

ဥယျာဉ်ထဲမှာ ငါ မိုးမခပင် စိုက်တယ်

ငါ ချစ်သူ မြင်း ချည်ဖို့။

ဒါပေမဲ့ သူ တစ်ကိုင်း ချိုးပြီး ကြာပွတ်လုပ်

မြင်းကို ဒုန်းစိုင်းနှင်ပေါ့။

ငါ အကိုင်းတိုင်းကို ကြာပွတ်လုပ်

သူနောက် ငါမြင်းကိုနှင်နိုင်သား။

ဒါပေမဲ့ မိုးမခရဲ့ အသင်္ချေ ကိုင်းတွေက

ငါ ခါးသီးမှုကို ချည်းထားခဲ့။


၃။......ဆူးချုံထဲက နတ်ဘုံ

ဝသန္တ လေလှပေရဲ့။

ငါက သေပြီ မှတ်နေတဲ့ ဆီးပင် ကိုင်းကနေ စီးဆင်လာတာ၊

ပုတီးစေ့လို အဖူးတွေကို အရည်ပျော် နှင်းဖတ်က အဟာရဖြည့်တင်းသကိုး။

ကောင်းကင် အခြားအကွက်မှာ၊ ပန်းအားလုံးဆီ သေခြင်းတရား ဆောင်ကြဉ်းတဲ့ နှင်းဖတ်အပုတ်ကနေ မသိတဲ့

မွှေးရနံ့ စီးဆင်းလာတာ နင် သိလား။

မြက် တစ်စက ခြောက်ပေ ရွှေရုပ်ပွားတော် ဖြစ်လာတယ်၊

ခြောက်ပေ ရွှေရုပ်ပွားတော်က မြက်တစ်စ ဖြစ်လာတယ်။

လောက တစ်ခုလုံး အသိုက်တစ်သိုက်၊အရာ အားလုံးက ငှက်ကလေး။

ဘ၀ကို သဘာဝလောက ကြေးမုံထဲ ထင်ဟပ်ထားတာ ငါမြင်တယ်။

ဒုက္ခဆူးချုံ နောက်မှာ ပီတိ ဥယျာဉ်ကို နင်ထိန်းရစ်မှာ

ငါ ၀မ်းသားတယ်။



၎။......ဟုတ်သလား

ဟုတ်သလား။ အချစ်၊ ငါကို မလိမ်နဲ့။

နင်ကို ငါဆီက ယူသွားသူတွေက "နင်မှာ ချစ်သူ မရှိဘူးလား"လို့ မေးကြလား။

နင် လျှိုဝှက် ငို၊ သူတို့ ရှေကျ မျက်ရည်ကိုအပြုံး ဖြစ်အောင် မရအရ ပြောင်းရတာ

သေရတာထက်တောင် ခါးသီးသေးတယ်။

ဒီတော့ ငါကိုယ်ငါ ကာကွယ်ရုံကလွဲလို့ မတတ်နိုင်ဘူး။

ငါ ဘ၀ရဲ့ ပန်းတွေ အကုန်ကောက်၊ နင်လည်ပင်း အတွက် ပန်းကုံး လုပ်၊ပြီး အော်မယ်

"ဒါ ငါချစ်သူရဲ့ အချစ်" လို။

ဟုတ်သလား။ အချစ်၊ ငါကို မလိမ်နဲ့။

နင် ကို ငါဆီကယူသွားကြသူတွေက "နင်ဖို့ ချစ်သူရှာပေးမယ်" ပြောကြလား။

ဒီတော့ ငါ ကလဲ့စား ချေရုံက လွဲလို့ မတတ်နိုင်ဘူး။

ငါ သွေးပါးပါးကို ငါမျက်ရည်ပူတွေနဲ့ရော၊

သူတို့ရဲ့ သွေးဆာတဲ့ဓားကိုလောင်း၊ပြီး အော်

"ဒါ ငါချစ်သူရဲ့ အချစ်" လို့။



၅။........ချီးမွမ်းတေး

နင်ဟာ အကြိမ် တစ်ရာ မီးဆေးထားတဲ့ ရွှေပဲ၊

ပိုးစာပင် မြစ်တွေသန္တအဖြစ် ပြောင်းကုန်တဲံ့အထိ ကောင်းကင်ရဲ့ မေတ္တာထဲ နေစာလှုံပါလေ။

ငါ အချစ်၊ နင်ဟာ မနက် အလင်းရဲ့ ပထမ ရောင်ခြည်ပါ။

တရားမျှတာမှုရဲ့အလေးချိန်၊ရွှေရဲ့ ပေါ့တိုကိုနင် သိတယ်။

သူတောင်းစားတို့ ဆင်းရဲ မြေမှာ ဓန မျိုးစေ့ ကြဲပါလေ။

ငါ အချစ်၊ နင်ဟာ ပေါလိုနာပင်အိုရဲ့ တီးတိုးသံပါ။

နင်က ၀သန္တ၊လင်းနဲ့ ငြိမ်းချမ်းရေးကို ကြည်ဖြူတယ်။

အားနွဲ့သူတို့ နှလုံးသားပေါ် မျက်ရည် ဖြန့်ကြဲပါလေ။

ငါ အချစ်၊နင်ဟာ ရေခဲ ပင်လယ်ပေါ်က ဝသန္တ လေပါ။

0 Comment

အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ ပေါ့ဆိ့မ်တစ်ခွက်အကြောင်း

စိတ်ကူးနဲ့ အိမ်ဆောက်တာတောင်
ကြက်သောင်းဝါးဝယ်နေရ
စိုက်လက်စ စက္ကူပန်းလေးတောင်
ရေမလောင်းဖြစ်တာကြာပြီး……။

နေ့ခင်းသာသာထဲ
လမင်းဝါဝါကို ရှာဖွေ
ကမ္ဘာကြီးဟာ ဆားမပါတဲ့ ထမင်းရည်တစ်ခွက်လား
ကျိုးကျိုးပြေပြေ အဆာပြေနေ့လေးတွေ
စိတ်ကို အဲကွန်းတပ်ထားလို့ ရရင်ကောင်းမယ်………။

ကံတရားက ဆိုင်ကယ်အိုလေးလို့
တဟွတ်ဟွတ်ချောင်းဆိုလို့
ရှင်သန်ခြင်းက စက်ဘီးစုတ်လေးလို့
တဂျောက်ဂျောက်နဲ့ အာခေါင်ခြစ်လို့
မိသားစုဆိုတာ အရေးပေါ် ထုတ်ဝေလိုက်တဲ့ ဝတ္တု
တစ်သက်လုံး စုဗူးကလေး ဖောက်လိုက်ရပြီး………။

လေဟာနယ်ထဲ……
မင်ရည်ကျဲကျဲ မနက်ဖြန်တွေ
သံသရာက သရေကွင်းလို့
ဆွဲလိုက်တိုင်း ကျယ်လာ
ပြတ်ထွက်သွားတဲ့ ဖိနပ်လေးပေါ်
လွင့်ကျလာတဲ့ သစ်ရွှက်ကလေးတင်လို့
လောက………
လမ်းမဟုတ်တဲ့ လမ်းတွေနဲ့
စကားပြောရဦးမယ်………။

သက်တံ့လို ပြယ်လွင့်လို့
လျှပ်စစ်လို ပြတ်တောက်လို့
တိမ်လို ထူထပ်လို့
နွံလို နစ်မြုပ်လို့
အိုဇုန်းလို ဇစ်ပွင့်လို့
ဖုန်းကြိုးလို လိုင်းကျလို့
ခွေးအလို အနံ့ခံလို့
ရေမြောင်းလို ပိတ်ဆို့လို့
ဘဝဆိုတာ………
နီရိုးဘုရင်ရဲ့ တယော တစ်လက်လား
မှော်ဆန်ဆန် ကဗျာတစ်ပုဒ်လား
ဆိုကရေတီးရဲ့ အဆိပ်တစ်ခွက်လား…။

ရောင်းရန်ရှိသည် ဆိုတဲ့
ဆိုင်းဘုတ်ကလေးရဲ့ ခက်ဆစ်
ရောင်းရန်မဟုတ် ဆိုတဲ့
ပန်းချီကားကလေးရဲ့ အဓိပ္ပါယ်
ရင်ဘတ်ထဲမှာ
ဗလာအရောင်တွေ များလာတယ်
မိသာစုဟာ ဗလာအရောင်
အိပ်မက်ကွဲသံတွေ
စိတ်ကူးဟွန်းဇုံတွေ

မေမေရဲ့ စံပယ်ရုံပုံပြင်တွေကို
ဘယ်လို ရုံတင်ပြရမလဲ
နေရောင်တွေကို ကျော့မှာစိုက်တာတောင်
ဘာအပင်မှာ မပေါက်ဘူး…။

မြို့ကြီးထဲ…မိုးရေစိုဝါကျတွေ
အန္တာရယ်ကို ဝတ်ဆင်လို့
အန္တာရယ်ကို လျှော်ဖွပ်လို့
လောကဓံ အစွယ်ကြီးကြီး အမြီးရှည်ရှည်
ဟေ့……ခေတ်……
မိတ်ဖြစ်ဆွေဖြစ် တခွက်လောက်…။

ပေးဆပ်မှုက ၁၀ %
ရယူမှုက  ၉၀%
တနေ့လုံး မျှားထားသမျှ
ငါးတွေလည်း ပုပ်ကုန်ပြီ
လူတွေက ကန္တရထဲ မီးမွှေးလို့
ပင်လယ်ထဲ မိုးရွာလို့
အနုပညာကို စိုက်ဖို့
မြေလပ်ရှာရတာ မောတယ်……။

ခေါင်းစဉ်ကို ချစ်လို့
တအုပ်လုံးဖတ်ဖြစ်ခဲ့တဲ့ ရိုးသားမှု
အဟောင်းဆိုင်လေးထဲက
ဂျင်းဘောင်းဘီလေး တစ်ထည်ဟာ လှရဲ့
အောင်မြင်မှုဆိုတဲ့ ကောင်က
အိပ်မက်ထဲမှာတောင်
သဘောမကောင်းဘူး……။

ချွေးထွက်လွန် အသက်ရှုခန်းတွေ
နေလောင်တံဆိပ်နဲ့ ဦးထုပ်တွေ
ရေလိုဝယ်သောက်ရတဲ့ ဒုက္ခတွေ
ငွေလိုတန်ဖိုးရှိတဲ့ ရောဂါတွေ
မိုးဦးလေသံတွေ ကြားတိုင်း
မိုးလုံလေလုံတွေ အားကျတယ်……။

လောက သဘာဝအရ…
''နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း" ကဗျာနဲ့ပတ်သက်ပြီး
ကဗျာဆရာကြီး မိလ်တနာနဲ့
လက်ဖက်ရည်အတူသောက်ချင်ပါတယ်…။

တရား သဘောအရ…
"ငွေကလွဲပြီး ဘာမှာမရှိတဲ့ သတ္တဝါကို
သူဌေးလို့ ခေါ်တဲ့" ဆိုတဲ့
အမေရိကန်သူဌေးကြီး ရော့ကားဖဲလားနဲ့
စကားလက်ဆုံ ကျချင်ပါတယ်…။

ဖြစ်ချင်တာက ……
ကိုယ့်စိတ်ကျန်းမားရေးအတွက်
စိုက်ချင်တဲ့ပန်းတစ်ခင်း
ဖြစ်နေတာက……
ကိုယ့်ကျန်းမားရေးအတွက်
ခုတ်လှဲနေရတဲ့ သစ်တတော
တောအကြောင်းပြောရင်း တောမှောက်ခဲ့
တောင်အကြောင်းပြောရင်း တောင်ပျောက်ခဲ့

တစုံတရာကို လျှော်ဖွတ်ရင်း
တစုံတရာကို စွန်းထင်းခဲ့

တစုံတရာကို ကူးခတ်ရင်း
တစုံတရာကို နစ်မြုပ်ခဲ့………။

ပန်းပွင့်က နည်းနည်း
ဓါးသွားက များများ
ကြားလား……
ဘူတာကို လှမ်းခေါ်နေတဲ့ အသံတွေ
ကြားလား……
ကောက်ရိုးတမျှင်ကို လုဆွဲနေတဲ့ တုန်ခါမှုတွေ……

ဘယ်သူဈေးဆစ်လို့ ကျွမ်းသလဲ
ရောင်းရန်ရှိသည် သေနည်းမျိုးစုံ…။

ခေါင်းစဉ်က ကြီးကြီး
အကြောင်းအရာက သေးသေး
ခံစားမှုက နည်းနည်း
နည်းပညာက များများ……
စကားသံတွေက ကျယ်ကျယ်
လေဝှေသံက တိုးတိုး……

ဘယ်သူ ငြင်းဆန်းနိုင်သလဲ…
သေဖို့ရန် ရှိသည်………။

0 Comment

သူ သိနိုင်ပါမလား

အချစ်ဆိုတာ အဓိပ္ပါယ်များတဲ့
ရင်တွင်း ခံစားချက်မဟုတ်လား……
အချစ်ကြီးတာမှန်း သိရဲ့သားနဲ့
အကြိမ်ကြိမ် လွဲမှားခဲ့တဲ့
ငါ့မပေးနိုင်သော နာလည်မှုတွေနဲ့
နင်ရဲ့ လျစ်လျှူးရှုမှုတွေဟာ
အခုတော့လည်း……
ဟို အတိတ်ဆီမှာ ကျန်ခဲ့ပြီးလေ……။

တစ်ခါတလေဆိုတာထက်…
တိုက်ဆိုင်မှုတွေ ရရှိလာတိုင်း
သတိရလွမ်းဆွေးတာတွေက
ငါ့ ရောဂါတစ်ခုလို့
အခုဆို ဖြေပျောက်လို့ မရတော့ဘူး
နင်သိပါမလား…ငါ့တိုက ဝေးသွားကြပြီးပဲ ။

အလွမ်းဆိုတာ……
တမ်းတမှုတွေနဲ့ တောင်းတာတဲ့
အရာတစ်ခုမှ မဟုတ်တာ
အနေနီးလျက် သတိရမှုတွေက
ဆွေးမြေ့စရာ ကမ္ဘာတစ်ခုဖြစ်နေတယ်ဆိုတာ
မင်းသိနိုင်ပါမလား…ချစ်သူ .။

0 Comment

သံယောဇဉ် ပန်း

ရင်ထဲက တွယ်တာမိလို့
နှလုံးသား ဥယျာဉ်မှာ
သံယောဇဉ်ပန်းကလေးတွေ
တနင်တပိုးနဲ့ စိုက်ပျိုးဖြစ်ခဲ့တာပါ……

မြတ်နိုးမှုနဲ့ မျိုးစေ့များ ပြန်ကျဲ့
ချစ်ခြင်းတရားတွေ ရှင်သန်ခဲ့ပြီး
ရံ့နံ့များမှာလည်း……
ခံစားချက်တွေ သင်းပျံ့နေဆဲပေါ့……

မေတ္တာပေါင်းမြက်တွေ ရှည်လာတိုင်း
ဝသန္တာရေလှိုင်းနဲ့ ပေါင်းသင်
ဥယျာဉ်မှုးရဲ့ ဘဝက
ပန်းကလေးတစ်ပွင့်ကို ပွင့်လန်းစေဖို့
အုပ်မိုးပေးမဲ့ ရင်ခွင်ပါကွယ်……
ယုယခြင်းတွေနဲ့ စိမ်းလန်းခဲ့တယ်…။

ဟော့……

သံယောဇဉ်ပန်းကလေးတွေ
အမြစ်တွယ်တတ်လာခဲ့ပြီး……

တယုတယနဲ့ ကြီးပြင်လာခဲ့ပြီး……

မင်းမှာဘယ်လို့ ရနံ့မျိုး ရှိသလဲ……

မင်းဘယ်သူအတွက် ရှင်သန်ခဲ့သလဲ……

ငါ့ မမေးရဲ့ပါဘူး……။

မင်းရဲ့ သံယောဇဉ်ပန်းကလေးပွင့်ဖိုအတွက်
ပေးဆပ်ခဲ့ရတဲ့…
ဥယျာဉ်မှုးတစ်ယောက်ရဲ့ ဘဝမှာ
ပန်းခူးခွင့်မှာ မပါတာကိုကွယ်……။

နွမ်းလျားလို့ မြေပြင်ပေါ်ကို
ကြွေလွှင့်သွားရင်လည်း
ယုယခြင်းနဲ့ မြတ်နိုးနေဆဲပါ……။

2 Comment

ရှင်သန်ဆဲ အချစ်

မင်းအတွက်နဲ့ ခံစားချက်တွေ
လက်ချိုရေတွက်လို့ မရတဲ့
ငါ့နှလုံးသားက ချစ်ခြင်းတရားတွေ
ငါ့ အနာဂတ်တွေ ဘယ်လို့ပဲဖြစ်နေပါစေ
ခွင်လွှတ်တယ် ဆိုတာ……
မင်းရင်ထဲက ကြင်နာခြင်းတွေ……

ချစ်သူရေ……
ယုံကြည်ထားတဲ့……
တို့နှစ်ယောက်ရဲ့ မနက်ဖြန်မှာ
အကြင်နာဆုံး တွဲလက်တွေနဲ့
လျှောက်လှမ်းနိုင်ပါမလား……။

ဝေးကွာရမယ့် တစ်သက်လုံးမှာ
ငါ့ကို ခဏတာလှည်ကြည့်ဖို့
မင်းမာနတွေ ခါချပြီး………
ငါ့ရင်ထဲသို့ ဝင်လာခဲ့ပါ……

မင်းအတွက်……ငါ့နှလုံးသားကပေးတဲ့
ချစ်ခြင်းတရားတွေလေ………
အမြဲတမ်း ရှင်သန်နေဆဲပါကွာ……။

 
;