Saturday, September 22, 2012

နှလုံးသား သံစဉ်


ပင်ယံထက်မှာ စံပျော်ပါ၏
လေလွှင့်သူတစ်ယောက်
ရင်မှာ ဒဏ်ရာများပွေ့ပိုက်
ကာရံမဲ့ သီချင်းသံစဉ်
ညည်းဆိုဖို့ရန် ရှိသည်…


အတွေး သံစဉ်
မျက်ရည်များနဲ့ ပက်ဖျန်း
ဒီအလွမ်း တစ်စက်
စာမျက်နှာ ပေါ်သို့
ကျရောက်နိုင်ခဲ့ပြီး……


အပြာရောင်ည……
ဂီတာအိုလေး တစ်လုံး
ဆိတ်သုဉ်းသွားလို့
အသည်းကွဲ သီချင်းကနေ
အလွမ်း သီချင်းဖြစ်ခဲ့ရပေါ့…။


လမ်းကလေးရဲ့  သစ္စာ
ပန်းကလေးရဲ့ မေတ္တာ
ကမ္ဘာကြီးရဲ့ အကြင်နာတွေ
ဟောင်းနွမ်းလို့ မသွားပေ့မဲ့
သူ့နှလုံးသားက အချစ်တွေ
ပြောင်းလဲလို့ သွားပြီး…။


ဟောင်နွမ်းလို့ ပြောင်းလဲ
နှလုံးသား သံစဉ်တစ်ခု
သူကြားနိုင်တော့မှာ
မဟုတ်ဘူး……။

0 Comment:

Post a Comment

 
;