Friday, September 14, 2012

အတိတ်က ချစ်သူ

မင်းအတွက်နဲ့ ဝမ်းနည်းခဲ့ရတဲ့
ဒီရင်ထဲက သတိရလွမ်းဆွေးမှုတိုဟာ
အတိတ်ကို ပြန်မြင်ယောင်မိလို့
ပျော်ရွှင်မှုကို တမ်းတရပြန်ပြီး
………………ချစ်သူ……။

တစ်ချိန်တုန်းက……
တို့နှစ်ယောက် ချည်းနှောင်းထားတဲ့
သံယောဇဉ်ကြိုး အပိုင်းအစတွေဟာ
ငါ့နှလုံးသားမှာ ဖြတ်တောက်ဖို့ဆိုတာ
လွယ်ကူနိုင်ပါမလား……ချစ်သူ ။

ဝေးကွာသွားခဲ့ တို့အဖြစ်အပျက်
ရှေဆက်ရမယ့် မနက်ဖြန်အတွက်
ငါ့တစ်ယောက်တည်း လျှောက်လှမ်းနိုင်ဖို့
အတိတ်ကို ခဏတာမေ့ထားပြီး
မင်းမပါတဲ့ အနာဂတ်လမ်း
တစ်ဝက်တပြက်မှာ
လဲကျ ဒူးထောက်ပေးရင်……
ရှုံးနိမ့်မှုတို့နှင့် ရင်ဆိုင်ရလိမ့်မယ့်
ထင်တယ်………ချစ်သူ ။

ဒီရင်ထဲက…ချစ်သူရေ……
ကုန်လွန်သွားတဲ့ အချိန်တွေ
ပြန်မရနိုင်သော တို့အတိတ်ဟာ
တစ်ခြားနေရာမှာ သိမ်းထားပြီးလား
ဒီအတိုင်းပဲ ထားခဲ့တော့မှာလား……။

ချစ်သူရေ……
မင်းမရှိတော့တဲ့ ဒီပစ္စုပ္ပန်မှာ
ငါ့လွမ်းခဲ့ရတယ်………

မင်းမသိတော့တဲ့ ဟိုအတိတ်မှာ
ငါ့ တမ်းတရပြန်တယ်………

တကယ်တော့……မင်းဟာ
ငါ့ရဲ့ အနာဂတ်မှာ ရှိနေတော့မှာ
မဟုတ်ပါဘူး………။

မင်းရွေးချယ်ခဲ့တဲ့ ဘဝတစ်ခု
မင်းနေသားကျပြီးလေ……

ငါ့ မပိုင်ဆိုင်ရရင်းလည်း
အဝေးတစ်နေရာက
ချစ်နေရုံပါဘဲ………။

တို့နှစ်ယောက်ရဲ့ အတိတ်
ငါ့အနားမှာ ထာဝရရှိခဲ့တာပါ…။

ငါ့ အချစ်တွေဟာ……
ငါ့နှလုံးသားရဲ့ အတိတ်မှာဖြစ်ဖြစ်
ငါ့လျှောက်လှမ်းနေတဲ့ ပစ္စုပ္ပန်မှာဖြစ်ဖြစ်
ငါ့မခန်းမှန်းရဲ့သော အနာဂတ်မှာဖြစ်ဖြစ်
မင်းတစ်ယောက်တည်းကိုပါ…ချစ်သူ ။

မင်းအချစ်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့
အတိတ်ကို အလှပဆုံး ဆေးရောင်ခြယ်
ပစ္စုပ္ပန်ရဲ့ ငါ့နှလုံးသားစာမျက်နှာမှာ
ပုံရိပ်တစ်ခုအဖြစ်နဲ့
အမှတ်တရ ရှိနေလိမ့်မယ်…ချစ်သူ ။

အတိတ်က ချစ်သူ……
မင်း သိနိုင်ပါစေ……။

1 Comment:

Hong Marn said...

ရင်ကိုထိသွားတယ်။

Post a Comment

 
;