Monday, September 24, 2012

သူ သိနိုင်ပါမလား

အချစ်ဆိုတာ အဓိပ္ပါယ်များတဲ့
ရင်တွင်း ခံစားချက်မဟုတ်လား……
အချစ်ကြီးတာမှန်း သိရဲ့သားနဲ့
အကြိမ်ကြိမ် လွဲမှားခဲ့တဲ့
ငါ့မပေးနိုင်သော နာလည်မှုတွေနဲ့
နင်ရဲ့ လျစ်လျှူးရှုမှုတွေဟာ
အခုတော့လည်း……
ဟို အတိတ်ဆီမှာ ကျန်ခဲ့ပြီးလေ……။

တစ်ခါတလေဆိုတာထက်…
တိုက်ဆိုင်မှုတွေ ရရှိလာတိုင်း
သတိရလွမ်းဆွေးတာတွေက
ငါ့ ရောဂါတစ်ခုလို့
အခုဆို ဖြေပျောက်လို့ မရတော့ဘူး
နင်သိပါမလား…ငါ့တိုက ဝေးသွားကြပြီးပဲ ။

အလွမ်းဆိုတာ……
တမ်းတမှုတွေနဲ့ တောင်းတာတဲ့
အရာတစ်ခုမှ မဟုတ်တာ
အနေနီးလျက် သတိရမှုတွေက
ဆွေးမြေ့စရာ ကမ္ဘာတစ်ခုဖြစ်နေတယ်ဆိုတာ
မင်းသိနိုင်ပါမလား…ချစ်သူ .။

0 Comment:

Post a Comment

 
;