Sunday, September 23, 2012

ရင်ထဲက ချစ်သူ

ချစ်သူရေ……
ဒီရင်ထဲက မင်းအပြုံးတွေ စွဲမက်
လက်တွေ့မှာ ပျောက်ကွယ်လို့သွား
ငါ့မသိတဲ့……မင်းမာနတစ်ခုပေါ့…။

ချစ်သူရေ………
အမှတ်တမဲ့ဆိုလည်း
အမှတ်တရဖြစ်သွားအောင်
ဒဏ်ရာများနဲ့ ထားခဲ့လေသလား……။

ဒီနှလုံးသားမှာတော့………
မမုန်းပဲ့ မေ့တတ်တဲ့ အကျင့်တွေ
ပျောက်ပဲ ပျောက်တော့မလို့
မေ့ပဲ့ မေ့ပစ်တော့မလို့နဲ့
ဒီပုံပြင်တွေကို…
ငါ့ဆက်မပြောချင်တော့ဘူး……။

ချစ်သူရေ……
ခဏလေး ဝေးဝါးသွားတဲ့
ငါ့ မျက်ဝန်းတွေက ညို့မှိုင်း
မျက်ရည်များ စီးဆင်း
ငိုဖို့ ပြင်နေသလားကွယ်……
ချစ်သူ……
မျက်နှာ မြင်ယောင်မိတော့လည်း
ငါ့ ပြန်ရုတ်သိမ်းလိုက်ပါမယ်……။

ချစ်သူရေ………
ငါ့တို့တစ်တွေ……
ဟောဒီ ကောင်ကင်တစ်မိုးအောက်မှာ
အတူတူ နေထိုင်ကြတယ်……
ဟောဒီ ကောင်ကင်အောက်မှာ
ပြန်ပြီး ခွဲခွာရတာလေ……

ဖြစ်သင့်တဲ့ သဘောအတိုင်း………
ဖြစ်ခဲ့ကြရပြီးပဲ……
ဒီရင်မှာ တစ်သက်လုံးရှိမြဲ
မှတ်တမ်း ရေးဖို့ဆိုရင်လည်း………
ငါ့တို့တွေ ဘဝက ခြားနားခဲ့ရပြီး……

ရင်ထဲက……ချစ်သူ
အနေဝေးသွားလည်း သွေးမအေး
ငါ့ ဆက်၍ ချစ်မည်……။

1 Comment:

phyo paing said...

ကောင်းတယ်ဗျာ.. လေးစားတယ်

Post a Comment

 
;