Friday, August 31, 2012 0 Comment

♥♥ချစ်သူ အပြုံး♥♥

ချစ်သူအပြုံးတစ်ချက်
ဒီရင်ထဲမှာ ပီတိဖြစ်၍
စိတ်၏ ခွန်းအားပြည့်စုံလာရ
ဘဝ လောကဓံများကို
ကိုယ့်ရင်ဆိုင်ရဲသည်……။

တောက်ပမှုနဲ့ ရောထွေးစွာ
ချစ်သူမျက်ဝန်းထဲ၌
အပြုံးများတကာ
ပေါ်လွှင့်ခြင်းနှင့်
မြင်ယောင်မိတာမို့
ကြည့်မိသူများ
စွဲလမ်းမှု ရှိခဲ့လေသည်…။

ကိုယ့်အတွက်……
ချစ်သူအပြုံး နှိုင်းယှဉ်ဖို့ရာ
ဤလောကမှာ ရှားခဲ့လေ၏
နတ်သမီးတစ်ပါးလို့
အပြစ်ကင်းစင်း အပြုံးတစ်ချက်
ကိုယ့်နှလုံးသားမှာ
စွဲစွဲမြဲမြဲ ရှိနေတော့သည်……။

နေ့ရက်များစွာ……
ကိုယ့်ရဲ့ ကြည်နူးမှုဟာ
ဘယ်အရာမှာ မဟုတ်
ချစ်သူအပြုံးသာ ဖြစ်ခဲ့လေတယ်……။

ပျော်ရွှင်ခြင်းများနှင့်
ကိုယ့်တို့နှစ်ယောက် အတွက်
အပြုံးတစ်ချက် ကမ္ဘာတည်၍
အနာဂတ်လမ်းကလေး
ကြမ်းတမ်းစွာ ရှိရင်
ချစ်သူ အပြုံးနဲ့
ကိုယ့် ဖြတ်သန်းနေမယ်……။

0 Comment

♥♥ပျော်ရွှင်ပါစေ…ချစ်သူ♥♥


ကမ္ဘာတစ်ဖက်ခြမ်းမှာ
ပျော်ရွှင်မှုတို့နှင့် နေထိုင်တဲ့
ဟို……အဝေးဆုံးက ချစ်သူရေ
မင်းဘဝအတွက် ခမ်းနားလှပစွာ
လူတကာအလယ်မှာ ဝင့်ကြွားအောင်
နေနိုင်ဖို့ ရည်းမှန်ချက်တွေ
ဂုဏ်ထူးအဆောင်အယောင်အတွက်
အားလုံးကို နှုတ်ဆက်ခဲ့ပြီးလေ……။

ပျော်ရွှင်ပါစေ…ချစ်သ
ကိုယ့်မှာ လွမ်းရခြင်းတေ
မ်းနည်းခြင်းတွေနဲ
အချိန်ကို ကုစား
ဖြေသာစရာ အတွေးက
ပိုင်ဆိုင်နေတုန်းပါဘဲ……။

ပျော်ရွှင်ပါစေ……ချစ်သူ
ကိုယ့်ကတော့ ကြယ်ကြွေညမှာ
ဆုတောင်းပေးရုံက လွဲလို့
သတိရလွမ်းဆွေမှုတို့နဲ့
မျှော်လင့်ချက်တွေ
ရှင်သန်နေပါတယ်ကွယ်……။

ပျော်ရွှင်ပါစေ…ချစ်သူ
ကိုယ့်တို့ နှစ်ယောက်ရဲ့
အတိတ်အဖြစ်အပျက်ကို
မမြင်ရအောင်
အမှောင်တွေနဲ့ ဖုံးကွယ်လိုက်မယ်
မင်းဘဝအတွက် တိုးတက်နိုင်ဖို့ပါ…။

ပျော်ရွှင်ပါစေ…ချစ်သူ
ကိုယ့်ဘဝတော့
အထီးကျန် နေ့ရက်များမှာ
တမ်းတစိတ်တွေက စဥ့်ကလျားနဲ့
အနာဂတ်ကို ဖြတ်သန်းနေမယ်…။

ပျော်ရွှင်ပါစေ…ချစ်သူ
ကိုယ့်စေတနာစကားသံကို
အနစ်နာခံယူက ပြောပြလိုက်မယ်
မင်းဘဝပြီးပြည့်စုံတဲ့
ဘဝကို ရောက်ရင်……
တစ်ချိန်တုန်းက မင်းနံဘေးနားမှာ
အမြဲအားပေးခဲ့တဲ့  ကိုယ့်ကို
မေ့ပစ်လိုက်ပါကွယ်……။

ပျော်ရွှင်ပါစေ…ချစ်သူ
ကိုယ့်ဘဝမှာ ရည်ရွယ်ခဲ့တဲ့
ပန်းတိုင်ဆိုတာ မရှိတော့
ခရီးဆုံးအောင်တော့
လျှောက်လှမ်းသွားမယ်…
မင်းနဲ့ အနီးစပ်တစ်နေရာမှာ
မဟုတ်ဘူးနော်……

သစ္စာတရားတွေ ပျောက်ကြသွားတဲ့
လမ်းဟောင်ကလေးပေါ်မှာပါ……။

♥♥ပျော်ရွှင်ပါစေနော်…ချစ်သူ…♥♥


0 Comment

♥♥တိမ်တိုက်၏ နှလုံးသား♥♥

တိမ်တိုက်က

လပြည့်ညတွေမှာ

လရောင်ကို

တိမ်တွေနဲ့ မဖုံးထားသလို့

ကြယ်စင်တွေကိုလည်း

ဖုံးကွယ် မထားပါဘူး

လေနှင်ရာကို လွှင့်

ပျောက်ကွယ် ခြင်းတွေလည်း

မရှိခဲ့ပါဘူးကွယ်. . .။

ကမ္ဘာကြီးကို ထွန်းလင်တောက်ပါစေတဲ့

နေ လ ကြယ်ဆိုတာ ဟုတ်မှာပါ. . . .

တိမ်တိုက်ကတော့

အလင်းရောင် မပေးနိုင်ပေ့မယ်. . .

အရိပ်တစ်ခု အဖြစ်နဲ့တော့

ကာကွယ်ခဲ့ပေမဲ့လည်း

တစ်ခါတလေတော့လည်း

အတားအဆီးတွေ ကင်မဲ့ပြီး

လောက တစ်ခွင်ကို အမှောင်ချက

မိုးအဖြစ် မျက်ရည်ကျခဲ့ရတဲ့

နေရက်တွေလည်း ရှိပါတယ်. .။   ။


0 Comment

♥♥နှလုံးသား ခံစားချက်♥♥

ကောင်ကင်ကြီးရဲ့
လွှင့်မျှောနေတဲ့
တိမ်တိုက်တွေ အောက်မှာ
သူမရဲ့ တည်ငြိမ်ပြီး
အေးစက်တဲ့ အပြုံးတွေနဲ့
သူမအကြည့်တွေကတော့
တောက်ပနေဆဲပေါ့
ငါရဲ့စိတ် စွဲလမ်းမှုက
တစ်ခုပြောတဲ့ စွဲလမ်းမှုရဲ့နောက်ကွယ်မှာ
စိတ်ဝင်စားမှုတော့
ရှိရမှာပေါ့တဲ့. . .။

ငါနှလုံးသား အပြောင်းအလဲတွေနဲ့
အချစ်ရဲ့ စိန်ခေါ်မှုတွေကို
ငါရင်ဆိုင်ခဲ့တာ နောက်ဆုံးတော့ အရှုံးသမားဖြစ်ခဲ့လေတယ်
မင်းကို ပေးဆပ်လိုက်တဲ့
အချစ်စစ်တစ်ခု ပြန်ရဖို့
ကြယ်စင်တွေ ကြွေတိုင်း
ငါ ဆုတောင်းမိတာ
မှားခဲ့လေသလား မသိဘူး. . ။

လေထဲမှာ ပျံဝဲနေတဲ့
ငှက်တစ်ကောင်က
အတောင် နှစ်စုံရှိမှာ
ပျံဝဲနိုင်ရမှာပေါ့
အတောင်ကျိုးသွားတဲ့
ငှက်ကလေးကတော့
ပျံဝဲဖို့အားမရှိတာကြောင့်
သစ်ပင်ကိုင်းလေမှာဘဲ
အထီးကျန် နေရရှာတယ်
ငါဆိုတာလည်း အခုတော့
တောင်ပံကျိုးတဲ့ ငှက်တစ်ကောင်ဖြစ်
နေရင်လည်း
မင်း အတွက်ဆိုရင်
အရှေ့မှာ မုန်တိုင်းရှိလည်း
နာကျင်စွာ ဖြတ်ကျော်ရင်းနဲ့
မင်းဆီကို အရောက်လာခဲ့မယ်.  .။

မင်းလမ်းခွဲတာက အချစ်ရဲ့
အဆုံးသတ်ခြင်းလာကွယ်
ငါရဲ့ အရှုံးပေးခြင်းက
မင်းရှေ့မှာ ဒူးထောက်ပေးတာမဟုတ်ဘူး
အနိုင်လို့ချင်ခဲ့တဲ့
မင်းအတွက် ငါအချစ်တွေ
ငါ နှလုံးသားတွေနဲ့
တစ်စစီ အဖြစ်နဲ့
အရှုံးပေးခဲ့တာပါ
လူတစ်ယောက်ရဲ့
အရှုံးက ဘဝသင်ခန်းစာတွေပါပဲ့. . .
ငါဘဝမှာတော့
အရှုံးအနိုင်က အရေးမကြီးခဲ့ပါဘူး. . .
မင်းပျော်နိုင်မယ်ဆိုရင်
ငါက အရာရာကို
အရှုံးပေးပြီးသားပါ
ငါအတွက်တော့
အရှုံးက အချစ်
အနိုင်က ညီမျှခြင်းပါပဲ့. . .။

ကြွေကွဲခြင်းတွေနဲ့
လရောင်အောက်က
မျက်ရည်ကျခြင်းမှာ
အလွမ်းတွေ မွန်ကျပ်လို့ပေါ့
ဘဝ အစမှာ ဆုံဆည်းခြင်းတွေနဲ့
အဆုံးသတ်မှာတော့
ခွဲခွာခြင်းတွေဆိုတာ
လူဘဝရဲ့ ဓမ္ဓတာပဲ့လို့
ငါထင်နေတာ မမှားပါဘူး.…။

ကောင်မလေးရယ်……
တစ်ခါတလေတော့လည်း
မင်းအတွက်နဲ့
လောကကြီးကို
ငါ နှုတ်ဆက်ခြင်းခဲ့တယ်. .  ။

0 Comment

♥♥လွမ်းခြင်း♥♥

မျှော်လင့်ချက်တွေဟာ
နောက်ထပ် ရှင်သန်အောင်လို့
ဘယ်သူမှာ မသိတဲ့
ငါရဲ့  နှလုံးသားဆီက
မင်း ကိုလွမ်းနေမိတယ်. . .။

မင်းကို ခဏ ခဏ. . .
ရပ်စောင့်နေမိတဲ့. . .ငါဟာ
ဘယ်နှကြိမ် ရပ်စောင့်နေမှန်း
မသိတော့ဘူး. . . .။

မင်း . . .ဆိုတာ
ငါနှလုံးရဲ့ တစ်နေရာမှာ
ပုံရိပ်တွေ လွမ်းမိုးထားနိုင်သူပါ

ဒါပေ့မယ်. . . .
စွဲလမ်းစိတ်က. . .
နှလုံးသားထဲမှာ
မေ့ပျောက်သွားတဲ့ အခါ
ငါ . . . ရပ်စောင့်နေတဲ့
နေရာဟောင်မှာ. . .
မင်းရဲ့ . . . .ခေါ်သံတွေ
အခါခါ ကြားနေဆဲပါ. . . .။

0 Comment

''လွင်ပြင် ငိုသံတစ်ခု''


ဘယ်သူမှာ မရှိတဲ့
လွင်ပြင် တစ်ခုဆီကို
ငါ့ရောက်အောင် သွားမယ်…။

ငါ့ ခြေရာတွေကို…
တိတ်တဆိတ်နဲ့
ဖျောက်ဖျက်ထားခဲ့မယ်…။

ငါ့ စိတ်ဓာတ်တွေက
ရှုံးနိမ့်မှုနဲ့ ဘဝကို
ရင်ဆိုင်ခဲ့တာမို့
ပြိုလဲမသွားအောင်
ငါ့ ရှေ့မှာ တံတိုင်းကြီးအဖြစ်
ကာရံထားမယ်………။

ငါ့နှလုံးသားရဲ့
ခံစားချက်များကို……
လွင်ပြင်ရဲ့ သဲမှုန့်အောက်မှာ
ဖုံးကွယ်ထားခဲ့မယ်……။

ငါ့ခြေထောက်
တစ်ချောင်းကျိုးသွားရင်
နောက်တစ်ချောင်းနဲ့
ခရီးဆက်မယ်……
နှစ်ချောင်းစလုံးကျိုးသွားပြီး
ရပ်တည်လို့ မရရင်
မာကျော့တဲ့ စိတ်ဓာတ်တွေနဲ့
ခရီးဆက်မယ်……။

ဘယ်အရာမှာ စွဲလမ်းမှု
မရှိရအောင်………
ငါ့ အိပ်မက်များစွာ
ဖျက်စီးခဲ့မယ်……။

အရာရာအားလုံးကို
စွန်လွှတ်ခြင်း
မကုန်ဆုံးသေးတဲ့
ငါ့ ဘဝရဲ့  မွန်ကျပ်မှုတွေကို
လွင်ပြင်တစ်ခုဆီကို
သယ်သွားပါရစေ………
ဘာမှာ မရှိတဲ့ နေရာလေးမှာ
ငါ့ မွန်ကျပ်မှုတွေကို
အဖော်လုပ်ပြီး ပြောပြရမှာပေါ့

သေရင်သေပါစေ……
ကြေရင်ကြေပါစေ………

လွင်ပြင်ကြီးဆီမှာ
ငါ့မသိတဲ့ တစ်စုံတစ်ရာ
ရှာခဲ့မယ်………

''လွင်ပြင်ရဲ့ ငိုသံတစ်ခု''
ကြားနိုင်ဖို့ပါ……။

Thursday, August 30, 2012 0 Comment

ခံစားချက်များ


0 Comment

♥♥အလွမ်းညရဲ့ အိပ်မက်♥♥

ချစ်သူရေ……

ငါ့ အလွမ်းညရဲ့အိပ်မက်တွေကတော့

ရှင်သန်နေအုံးမှာပါ……။


0 Comment

(အရူးတစ်ယောက်၏ ရင်တွင်းမြစ်)


ဝေးဝါးနေတဲ့ ဟိုအရှေ့ဆီမှာ
သူ့ဆံနွယ်တွေက
အတ္တများနဲ့ ဖုံးလွှမ်းနေလေရဲ့…။
''
''
တစ်စုံတစ်ယောက်ပေါ်ကို
ဟန်ဆောင်ခြင်းကင်းမဲ့တဲ့
အပြုံးတစ်စက်နဲ့
သူ့ရဲ့ ဒေါသတွေက
ဖုံးကွယ်ထားတာ……
မျက်နှာပြင်ပေါ်မှာ
မြင်ယောင်နေတာ……
သူ့ကတော့……
မသိခဲ့ပါဘူး……။
''
''
မာန်မာနတွေက……
ကောင်ကင်ပေါ်ကို
ဒူးနဲ့ တက်တိုက်ဖို့……
ကြံစည်နေတာ……
သူစိတ်ဓာတ်တွေက
ပေါ်လွှင့်နေတယ်…………။
''
''
သူ့စကားလုံးတွေက
ကျေးငှက်လေးလို့
ချိုသာနေပေ့မဲ……
သူရဲ့အတွင်းစကားသံတွေက
နားဝင်မချိုလောက်အောင်
ကြားနေရတယ်……။
''
''
သူ့၏ စိတ်ဓာတ်……
ဘဝ သင်ခန်းစာမှာ
ကျရှုံးနေတာ……
ငါ့ သိတယ်……။
''
''
သိတယ်……
မှန်တယ်……
ဟုတ်တယ်……
သူ့ စိတ်ဓာတ်တွေက
ညံ့ဖျင်းနေတာ……။
''
''
ထွက်သွား…
ပြန်မလာနဲ့……
နှုတ်မဆက်နဲ့……
''
''
မင်းဖောက်တဲ့ လမ်း
မင်းလျှောက်……
''
''
ငါ့ကတော့………
နောင်တ မပါတဲ့
ဇာတ်လမ်းတစ်ပုဒ်
ငါ့ကိုယ့်တိုင်း ခင်းပြမယ်……။
''
''

(အရူးတစ်ယောက်၏ ရင်တွင်းမြစ်)

0 Comment

ရှောင်ပုန်းပြေးသူ

အတ္တတစ်ခုအတွက်နဲ့

လူတစ်ယောက်ကိုဘယ်တော့မှ

ဖက်တွယ်မထားဘူးလို့...

အော်ပြောတတ်တဲ့

ခပ်ညံ့ညံ့ခံယူချက်ဝန်ထုပ်နဲ့

ခရီးသွားတစ်ယောက်ပါ... ။
&
&
&
ကောင်းကင်ပေါ်မှာ

ပြေးတမ်းလိုက်တမ်းကဗျာရွတ်ဖို့...

တိမ်တွေကိုစီးပြီး

စိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်။

မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့အခါ

ကိုယ့်ခြေထောက်ကိုယ်ကိုယ် ရိုက်ချိုးဖို့

ခင်ဗျားတို့ စိတ်ကူးဖူးခဲ့ကြသလား။

ကျွန်တော်ကတော့ကိုယ့်ရင်ဘတ်ကိုယ်ပဲ

ဖြတ်ရိုက်တယ် ။

လန့်ဖျပ်သွားတဲ့ခြေထောက်တွေကနောက်

ဆို ပြောစရာမလိုတော့ဘူးလေ...။

မသိဘူးမို့လား...၊

ဒါ တချက်ခုတ် နှစ်ချက်ပြတ်။
&
&
&
မလုပ်နိုင်တဲ့အရာတစ်ခုကို

မလုပ်နိုင်ဘူးလို့

ပြတ်ပြတ်သားသားငြင်းချက်ထုတ်ပါ ။

အချစ်နဲ့ မြစ်ဟာ ပိတ်ပင်တားဆီးလို့ရတဲ့

အရာမဟုတ်မှန်းခင်ဗျားနောက်ကျမှ

သိရင် ခက်မယ်။

အသက်ရှုတာချင်းအတူတူ

တောင်မတူဘူး ။
&
&
&
ဟိုတစ်ဖက်ကမ်းမှာ

ဘာရှိလဲခပ်ရေးရေးတော့ မြင်ရတာပဲ...။

မသိချင်ယောင်ဆောင်လွှဲပစ်လိုက်ရတာ

ကိုယ့်လည်ပင်းကိုဆွဲညှစ်ခံလိုက်ရသလို

သိပ် မွန်းကျပ်တယ် ။
&
&
&
မျှော်စင်ပေါ်က တက်ကြည့်တဲ့အခါ...

အလွမ်းတွေ

မှိန်ဖျော့သွားတတ်တယ်တဲ့... ။

မိတ်ဆွေတစ်ယောက် ကပြောတယ်။

ကျွန်တော်လိုချင်တဲ့

ပမာဏအထိလျော့ကျမလား။

ဒီရေတက်ချိန်တော့လွန်ခဲ့ပြီထင်တယ်။

ကျွန်တော်အဲ့ဒီ့ပင်လယ်ကို

ကူးတယ်....ကူးတယ်....

ခြေကုန်လက်ပန်းကျတဲ့အချိန်....

ဘယ်သူ့အကြံပေးချက်မှမလိုဘဲ

ကျွန်တော်နစ်မြုပ်မယ်

(သို့ )ကမ်းတင်မယ် ။
&
&
&
ကံကောင်းအကြောင်းလှရင်…

လက်ဆွဲမီးအိမ်ဖျော့ဖျော့နဲ့

ခရီးသွားတစ်ယောက် ခင်ဗျားမနက်ဖြန်

မြောက်ယာဉ်စွန်းတန်းမှာ တွေ့လိမ့်မယ်။

မေးငေါ့စရာမလိုဘူးနော်…၊

ကျွန်တော့်ကို

အသိအမှတ်ပြုတစ်ချက်ပဲကြည့် ။

ကျွန်တော်သစ်ရွက်ခတ်သံတွေကို

ရှောင်ပြေးနေတယ်။

(သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ)

0 Comment

နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ၏ ဘွဲ့တော်များ

(၁) တဏှင်္ကရာ ဘုရားရှင်

(၂) မေဓင်္ဂရာ ဘုရားရှင်

(၃) သရဏှင်္ဂရာ ဘုရားရှင်

(၄) ဒီပင်္ကရာ ဘုရားရှင်

(၅) ကောဏ္ဍည ဘုရားရှင်

(၆) မင်္ဂလ ဘုရားရှင်

(၇) သုမန ဘုရားရှင်

(၈) ရေဝတ ဘုရားရှင်

(၉) သောဘိတ ဘုရားရှင်

(၁၀) အနောမဒဿီ ဘုရားရှင်

(၁၁) ပဒုမ ဘုရားရှင်

(၁၂) နရဒ ဘုရားရှင်

(၁၃) ပဒုမုတ္တရာ ဘုရားရှင်

(၁၄) သုမေဓာ ဘုရားရှင်

(၁၅) သုဇာတ ဘုရားရှင်

(၁၆) ပိယဒဿီ ဘုရားရှင်

(၁၇) အတ္ထဒဿီ ဘုရားရှင်

(၁၈) ဓမ္မဒဿီ ဘုရားရှင်

(၁၉) သိဒ္ဓတ္ထ ဘုရားရှင်

(၂၀) တိဿ ဘုရားရှင်

(၂၁) ဖုဿ ဘုရားရှင်

(၂၂) ဝီပဿီ ဘုရားရှင်

(၂၃) သိခီ ဘုရားရှင်

(၂၄) ဝေဿဘူ ဘုရားရှင်

(၂၅) ကကုသန် ဘုရားရှင်

(၂၆) ကောဏဂုံ ဘုရားရှင်

(၂၇) ကဿပ ဘုရားရှင်

(၂၈) ဂေါတမ ဘုရားရှင်


0 Comment

♥♥နှလုံးသား ကဗျာ♥♥

ကိုယ့်နှလုံးသားထဲက နာကျင်ခြင်းများစွာ

လွမ်းဆွေမှုတို့နှင့် နေ့ညများထဲက

မျက်ရည်များကို ……

အဖြူရောင်စာမျက်နှာက

သိပါတယ်………ချစ်သူ ။

ငါ့မျက်ရည်များကို

သစ္စာတရားအဖြစ်ပြောင်းလဲ

ကျိန်စာတစ်ခုလို့ ဆိုလိုက်ချင်တယ်…။

ဟိုးးးးးအဝေးကြီးက ချစ်သူရေ

ငါ့ခံစားချက်များက ကဗျာတစ်ပုဒ်

ကာရံမညီအရေးအသားများနဲ့

မှတ်တမ်းတစ်ခု စိုက်ထူထားခဲ့တာ

မင်းမြင်နိုင်ရဲ့လားကွယ်……။

ငါ့လေ မင်းအတွက်

အရိပ်တစ်ခု ထားခဲ့မယ်

အဲဒါ……………

ငါ့ကဗျာများရဲ့ ဝိညာဉ်ပါဘဲ……။

နှုတ်ဆက်ခဲ့တဲ့ မင်းအတွက်

လွမ်းဆွေးခဲ့တဲ့ ငါ့အတွက်

တစ်ချိန်ချိန်မှာ……

နှလုံးသားကဗျာဟာ

မင်းကို ပြောပြလာလိမ့်မယ်……

ကြွေလွှင့်ခြင်းရဲ့……

ပစ္စုပ္ပန်မှာပေါ့ကွယ်……။

0 Comment

ခွင့်လွှတ်ပေးမယ်…ချစ်သူ

မကြုံ မဆံ

နှစ်ယောက်ရဲ့ ဘဝတွေ့

မင်းမရှိတော့ လွမ်းမောစရာတွေ

ကျန်ခဲ့ပြီး……ချစ်သူ ။

ခေတ္တာခဏ ပြန်လာခဲ့ပါ

ငါ့ ဒဏ်ရာတွေ သောကအဖြစ်

ကုစားနိုင်ဖို့ပါကွယ်……

မင်းမသိတော့

ငါ့ဝမ်းနည်းမိတယ်……။

ကြေကွဲစေသော

မင်းလုပ်ရပ်တွေကို

ငါ့ မေ့ထားလိုက်မယ်……။

ပျော်ရွှင်စေသော

တို့နှစ်ယောက်ရဲ့ အတိတ်ကို

ငါ့သတိရနေမှာပါ……။

မင်းအတွက်ဆိုရင်……

ငါ့ အမုန်းမဖွဲ အပြုံးနဲ့သာ

ခွင့်လွှတ်ပေးမယ်…ချစ်သူ…။


0 Comment

အလုပ်နှင့် ကျွန်တော်

လုပ်လုပ်နေ့တဲ့အချိန်မှာ
ငါ့ဟာ…တကယ်အသက်ရှင်နေတယ်…

အလုပ်မရှိရင်တော့……
ငါ့ဘယ်သူလဲဆိုတာတောင်
မပြောတတ်တော့ဘူး……

အလုပ်မရှိရင်
ဘဝမရှိသလို့ ဖြစ်နေတယ်……

ဒါကြောင့်……
ကိုယ်နဲ့ လိုက်တဲ့
အလုပ်တစ်ခုခုကို
စိတ်ပါလက်ပါ လုပ်နေသင့်တယ်...

ကိုယ့်အလုပ်ကို
ကိုယ့်ကျေကျေနပ်နပ် လုပ်နေရရင်
တော်တော်လေး ကျေနပ်နေတယ်…။

1 Comment

♥♥တောင်းဆု♥♥


 
;