Thursday, August 30, 2012

ခွင့်လွှတ်ပေးမယ်…ချစ်သူ

မကြုံ မဆံ

နှစ်ယောက်ရဲ့ ဘဝတွေ့

မင်းမရှိတော့ လွမ်းမောစရာတွေ

ကျန်ခဲ့ပြီး……ချစ်သူ ။

ခေတ္တာခဏ ပြန်လာခဲ့ပါ

ငါ့ ဒဏ်ရာတွေ သောကအဖြစ်

ကုစားနိုင်ဖို့ပါကွယ်……

မင်းမသိတော့

ငါ့ဝမ်းနည်းမိတယ်……။

ကြေကွဲစေသော

မင်းလုပ်ရပ်တွေကို

ငါ့ မေ့ထားလိုက်မယ်……။

ပျော်ရွှင်စေသော

တို့နှစ်ယောက်ရဲ့ အတိတ်ကို

ငါ့သတိရနေမှာပါ……။

မင်းအတွက်ဆိုရင်……

ငါ့ အမုန်းမဖွဲ အပြုံးနဲ့သာ

ခွင့်လွှတ်ပေးမယ်…ချစ်သူ…။


0 Comment:

Post a Comment

 
;