Friday, August 31, 2012

♥♥တိမ်တိုက်၏ နှလုံးသား♥♥

တိမ်တိုက်က

လပြည့်ညတွေမှာ

လရောင်ကို

တိမ်တွေနဲ့ မဖုံးထားသလို့

ကြယ်စင်တွေကိုလည်း

ဖုံးကွယ် မထားပါဘူး

လေနှင်ရာကို လွှင့်

ပျောက်ကွယ် ခြင်းတွေလည်း

မရှိခဲ့ပါဘူးကွယ်. . .။

ကမ္ဘာကြီးကို ထွန်းလင်တောက်ပါစေတဲ့

နေ လ ကြယ်ဆိုတာ ဟုတ်မှာပါ. . . .

တိမ်တိုက်ကတော့

အလင်းရောင် မပေးနိုင်ပေ့မယ်. . .

အရိပ်တစ်ခု အဖြစ်နဲ့တော့

ကာကွယ်ခဲ့ပေမဲ့လည်း

တစ်ခါတလေတော့လည်း

အတားအဆီးတွေ ကင်မဲ့ပြီး

လောက တစ်ခွင်ကို အမှောင်ချက

မိုးအဖြစ် မျက်ရည်ကျခဲ့ရတဲ့

နေရက်တွေလည်း ရှိပါတယ်. .။   ။


0 Comment:

Post a Comment

 
;