Friday, August 31, 2012

''လွင်ပြင် ငိုသံတစ်ခု''


ဘယ်သူမှာ မရှိတဲ့
လွင်ပြင် တစ်ခုဆီကို
ငါ့ရောက်အောင် သွားမယ်…။

ငါ့ ခြေရာတွေကို…
တိတ်တဆိတ်နဲ့
ဖျောက်ဖျက်ထားခဲ့မယ်…။

ငါ့ စိတ်ဓာတ်တွေက
ရှုံးနိမ့်မှုနဲ့ ဘဝကို
ရင်ဆိုင်ခဲ့တာမို့
ပြိုလဲမသွားအောင်
ငါ့ ရှေ့မှာ တံတိုင်းကြီးအဖြစ်
ကာရံထားမယ်………။

ငါ့နှလုံးသားရဲ့
ခံစားချက်များကို……
လွင်ပြင်ရဲ့ သဲမှုန့်အောက်မှာ
ဖုံးကွယ်ထားခဲ့မယ်……။

ငါ့ခြေထောက်
တစ်ချောင်းကျိုးသွားရင်
နောက်တစ်ချောင်းနဲ့
ခရီးဆက်မယ်……
နှစ်ချောင်းစလုံးကျိုးသွားပြီး
ရပ်တည်လို့ မရရင်
မာကျော့တဲ့ စိတ်ဓာတ်တွေနဲ့
ခရီးဆက်မယ်……။

ဘယ်အရာမှာ စွဲလမ်းမှု
မရှိရအောင်………
ငါ့ အိပ်မက်များစွာ
ဖျက်စီးခဲ့မယ်……။

အရာရာအားလုံးကို
စွန်လွှတ်ခြင်း
မကုန်ဆုံးသေးတဲ့
ငါ့ ဘဝရဲ့  မွန်ကျပ်မှုတွေကို
လွင်ပြင်တစ်ခုဆီကို
သယ်သွားပါရစေ………
ဘာမှာ မရှိတဲ့ နေရာလေးမှာ
ငါ့ မွန်ကျပ်မှုတွေကို
အဖော်လုပ်ပြီး ပြောပြရမှာပေါ့

သေရင်သေပါစေ……
ကြေရင်ကြေပါစေ………

လွင်ပြင်ကြီးဆီမှာ
ငါ့မသိတဲ့ တစ်စုံတစ်ရာ
ရှာခဲ့မယ်………

''လွင်ပြင်ရဲ့ ငိုသံတစ်ခု''
ကြားနိုင်ဖို့ပါ……။

0 Comment:

Post a Comment

 
;