Thursday, August 30, 2012

♥♥နှလုံးသား ကဗျာ♥♥

ကိုယ့်နှလုံးသားထဲက နာကျင်ခြင်းများစွာ

လွမ်းဆွေမှုတို့နှင့် နေ့ညများထဲက

မျက်ရည်များကို ……

အဖြူရောင်စာမျက်နှာက

သိပါတယ်………ချစ်သူ ။

ငါ့မျက်ရည်များကို

သစ္စာတရားအဖြစ်ပြောင်းလဲ

ကျိန်စာတစ်ခုလို့ ဆိုလိုက်ချင်တယ်…။

ဟိုးးးးးအဝေးကြီးက ချစ်သူရေ

ငါ့ခံစားချက်များက ကဗျာတစ်ပုဒ်

ကာရံမညီအရေးအသားများနဲ့

မှတ်တမ်းတစ်ခု စိုက်ထူထားခဲ့တာ

မင်းမြင်နိုင်ရဲ့လားကွယ်……။

ငါ့လေ မင်းအတွက်

အရိပ်တစ်ခု ထားခဲ့မယ်

အဲဒါ……………

ငါ့ကဗျာများရဲ့ ဝိညာဉ်ပါဘဲ……။

နှုတ်ဆက်ခဲ့တဲ့ မင်းအတွက်

လွမ်းဆွေးခဲ့တဲ့ ငါ့အတွက်

တစ်ချိန်ချိန်မှာ……

နှလုံးသားကဗျာဟာ

မင်းကို ပြောပြလာလိမ့်မယ်……

ကြွေလွှင့်ခြင်းရဲ့……

ပစ္စုပ္ပန်မှာပေါ့ကွယ်……။

0 Comment:

Post a Comment

 
;