Friday, August 31, 2012

♥♥ချစ်သူ အပြုံး♥♥

ချစ်သူအပြုံးတစ်ချက်
ဒီရင်ထဲမှာ ပီတိဖြစ်၍
စိတ်၏ ခွန်းအားပြည့်စုံလာရ
ဘဝ လောကဓံများကို
ကိုယ့်ရင်ဆိုင်ရဲသည်……။

တောက်ပမှုနဲ့ ရောထွေးစွာ
ချစ်သူမျက်ဝန်းထဲ၌
အပြုံးများတကာ
ပေါ်လွှင့်ခြင်းနှင့်
မြင်ယောင်မိတာမို့
ကြည့်မိသူများ
စွဲလမ်းမှု ရှိခဲ့လေသည်…။

ကိုယ့်အတွက်……
ချစ်သူအပြုံး နှိုင်းယှဉ်ဖို့ရာ
ဤလောကမှာ ရှားခဲ့လေ၏
နတ်သမီးတစ်ပါးလို့
အပြစ်ကင်းစင်း အပြုံးတစ်ချက်
ကိုယ့်နှလုံးသားမှာ
စွဲစွဲမြဲမြဲ ရှိနေတော့သည်……။

နေ့ရက်များစွာ……
ကိုယ့်ရဲ့ ကြည်နူးမှုဟာ
ဘယ်အရာမှာ မဟုတ်
ချစ်သူအပြုံးသာ ဖြစ်ခဲ့လေတယ်……။

ပျော်ရွှင်ခြင်းများနှင့်
ကိုယ့်တို့နှစ်ယောက် အတွက်
အပြုံးတစ်ချက် ကမ္ဘာတည်၍
အနာဂတ်လမ်းကလေး
ကြမ်းတမ်းစွာ ရှိရင်
ချစ်သူ အပြုံးနဲ့
ကိုယ့် ဖြတ်သန်းနေမယ်……။

0 Comment:

Post a Comment

 
;