Thursday, September 13, 2012

ကဗျာ မှတ်တမ်း


လူလောကမှာ…
အဆင်မပြေရင်တာ့လည်း
နှုတ်ဆက်တတ်ကြတယ်…

အဆင်ပြေတော့လည်း
နေနိုင် ထိုင်နိုင်ကြတယ်…

ပိုင်ဆိုင်တာတွေလည်း
မစွန်လွှတ်ချင်ကြဘူး……

မျှော်လင့်ချက်တွေနဲ့
ရှင်သန်ခဲ့ကြတယ်……

တကယ်တော့……
ဘဝရဲ့ အိုအေစစ်က
မိဘနှစ်ပါး ဖြစ်တယ်……။

မှတ်မိသေးတယ်…
ငယ်ဘဝက အတိတ်တစ်ခုဆီကို
ဖယောင်းတိုင်မီးအောက်မှာ
ခံစားချက်များ ရေးချတာ…

မှောင်မည်းနေတဲ့
ညတစ်ညမှာ သွေးလှူဒါန်းခဲ့သေးတယ်…

ကြာနီကန်ဆရာတော်ရဲ့
တရားတော်တွေနဲ့
ခဏတာ မှေးစက်ခဲ့တယ်…

ဘုရားကျောင်းကို
ဂစ်တာ တစ်လက်ကိုင်ဆွဲ
သီချင်းသံများနှင့်……
ယေရှုဘုရားသခင်ဆီမှာ
တောင်းဆုတွေ
ခြွေခဲ့သေးတယ်……

ဘဝဆိုတာ…
ဘာလဲတော့ မသိဘူး……
ကျွန်တော်အတွက်ကတော့
ကဗျာတစ်ပုဒ်ပါပဲ……။

ပစ္စုပ္ပန်လမ်းပေါ်မှာ
အရာရာအားလုံး အတွက်
ကျွန်တော်ရဲ့ ခြေလှမ်းသစ်တွေ
လှမ်းခဲ့ပါပြီး……

အနာဂတ်တွေ……
ထာဝရတွေ……
လောကသစ်တွေမှာ…
ဘာ ဆက်ဖြစ်မလဲ ဆိုတာ
မသိနိုင်တောပါဘူး……။

ကံကြမ္မာဟာ လေဟုန်ပြင်းပြင်းနဲ့
ကျွန်တော် စိတ်ဓာတ်တွေကို
ရိုက်ခတ်ပစ်လိုက်တာ
ပြိုလဲခဲ့ပြီးပေါ့……။

ကျွန်တော်ရဲ့ အပြုံးတစ်ချက် ပျောက်ကွယ်သွားလိုက်တာ
သက်ဆိုင်သူတွေ
မသိကြတော့ပါဘူး……

တိတ်တဆိတ်လေးပါပဲ
မျက်ဝန်းအစုံကို မှိတ်
မျှော်လင့်ထားခဲ့ သမျှ
မျှော်လင့်ချက်တွေလည်း
ဘာမှာ မလိုချင်တော့ဘူး…

တိုးတိုးတိတ်တိတ်
ရီသံများနှင့် ပက်သက်ရှိုင်းသံများ
မှားခဲ့လေသလား…
ဝင်လေ ထွက်လေများလည်း
ပုံမှန်ကို မရောက်နိုင်တော့ဘူး

စိတ်ကူးရာ အိပ်မက်များလည်း
အဖြစ်အပျက်တွေ
ပြောင်းလဲကုန် ကြတော့
သင်္ခါရတရား အတွက်
တစ်သက်လုံး အိပ်ပျော်ဖိုဆိုတာ
နီးကပ်လျက်နဲ့ နီးစပ်လာဆဲပေါ့……

တိုလွန်းသွားတဲ့……
ကျွန်တော်ရဲ့ အသက်တွေဟာ
ဘုရားပေးတဲ့ အတိုင်း
မြတ်နိုးစွာ ခံယူ
လိုက်ပါတော့မယ်……။

နောက်သံသရာအတွက်
ခရီးဆက်နေရဦးမှာပါ……

ဟို……အတိတ်ဆီက
ကဗျာတစ်ပုဒ်မှာ ဝမ်းနည်းစွာနဲ့ပဲ
ကျွန်တော်အတွက်
မှတ်တမ်းတစ်ခုပါကွယ်……။

0 Comment:

Post a Comment

 
;