Tuesday, September 03, 2013 1 Comment

တိုင်တည်ခြင်း

အထီးကျန်တဲ့ လောကကြီးထဲမှာ
ဆက်လက်ရပ်တည်ဖို့ အင်အားတွေပေးပါ.....။   ။

မနက်ဖြန်ဆိုတာကို...
ယုံကြည်ချက်ထားဖို့ သတ္တိတွေပေးပါ....။   ။

အချစ်ဆိုတာကို...
မခံစားတတ်ဖို့ ရက်စက်တဲ့ နှလုံးသားတစ်စုံပေးပါ.....။   ။ 

မျက်ရည်ဆိုတာကို....
မသိတတ်အောင်လို့ 
ခါးသီးတဲ့ မျက်ဝန်းတစ်စုံပေးပါ.....။    ။

လူဆိုတာကို....
နားကျဉ်းတတ်ဖို့ အတ္တတွေပေးပါ.....။   ။

အို အသင် လောက...
ငါ့အား ဘယ်သူမှာ မသိအောင်
တိတ်တိတ်လေး ထွက်ခွာခွင့်ပေးပါ.....
သေဆုံးခြင်း မဟုတ်ဘူးနော်
ပျောက်ကွယ်ခွင့်လေပါ.....။    ။     
Saturday, August 24, 2013 0 Comment

ရေရှင်လိုလူ

သစ်တစ်ပင်၏ အရိပ်အောက်တွင်...
မှီခိုတည်ရှိ တည်ငြိမ်မှု ပကတိ
အပြည့်ရှိသည် အေးမြကြည်လင်
ကန်ရေပြင် .....
အချိန်တွေ ကြာနှောင်း
ထိုရေပြင်ပေါ် အမှိုက်သရိုက်များ
ကျရောက်သော အခါ
ရေပြင်ပေါ် ဖုံးလွှမ်း
ကြည်လင်မှု မရှိ
ညစ်ညမ်းကာ ရေသေဖြစ်လာ
ကန်ရေအလှမှာ ပျက်စီးရ၏.....။   ။

သို့ပေမယ့်ငြား ...
အမြဲမပြတ် စီးဆင်းနေဆဲ
ရေရှင်ဖြစ်သော် စမ်းရေမှာမှု
အမှိုက်သရိုက် မဆိုးဝါး
အချိန်များ ကြာသော်လည်း
ရေဖြင့် တိုက်စား
ကျောက်တုံးများကို တရွေ့ရွေ့ဖြင့် ဖယ်ရှားပေးကာ
တသွင်သွင် စီးဆင်းနေ
ရှုမငြီးအောင် စမ်းရေအလှ သဘာဝကို
အေးမြခြင်းဖြင့် ဖော်ကျူးတတ်၏.....။   ။

ရေသေနှင့် ရေရှင်...
လူသားနဲ့ ယှဉ်ကာ
ရေသေလိုလူသား သင့်ဖြစ်သလား
ရေရှင်လိုလူသား သင့်ဖြစ်သလား .....။   ။

ရေရှင်လိုလူ သင့်ဖြစ်ချင်မူ
စမ်းချောင်းရေကို အတုယူ၍
နေ့စဉ်နဲ့အမျှ ကြုံရဆုံရ
လောကသဘာဝ အခက်အခဲများကို
စမ်းရေပမာ အမြဲမပြတ်
ကြိုးစားစွာ ကျော်ဖြတ်နိုင်စေသား
ရေရှင်လိုလူသား........။     ။ 
Friday, March 22, 2013 0 Comment

♡ အလွမ်း သတင်း ♡

(၁).....
အချိန်တွေရဲ့ အဆုံးသတ်မှုဟာ
နောက်ဆုံးတော့လည်း နှုတ်ဆက်ခြင်းနဲ့
ကျနော်နံဘေးနားက ထွက်ခွာသွားခဲ့
ဒီနှလုံးသားထဲမှာ ကောင်မလေးဆိုတာ
ကမ္ဘာကြီးတစ်ဖက်ခြမ်းမှာ နေထိုင်လို့
ပျော်ရွှင်မှုတစ်ခုတည်းနဲ့
သတိရခြင်းဟာ ကင်းမဲ့နေပြီးလားကွယ်...

(၂).....
ကြယ်တွေ ကြွေလွှင့်ခြင်းများစွာနဲ့
အထီးကျန် ညတစ်ညမှာ
ငါ့ ဆုတောင်းမှားခဲ့ရ.....

အိပ်မက်တွေ ပျက်လွှင့်ခြင်းများစွာနဲ့
မွန်ကျပ်မှု သန်ခေါင်ယံမှာ
ငါ့ အနာဂတ်လမ်း ပျောက်ရှခဲ့ရ.....

အလွမ်းတွေ တနင့်တပိုးနဲ့
မင်း ပြန်လာမှာပါလို့ အဖြေသိမ့်နေရတဲ့
မျှော်လင့်ချက်များစွာ နွမ်းလျခဲ့ရ.....

ငါ့.....မြတ်နိုးတဲ့
ဒုတိယ မိန်းကလေးဆိုတာ
မင်း တစ်ယောက်တည်းကိုပါကွယ်......

(၃).....
ခရီးအဆုံးထိ လှမ်းလိုက်တော့
မင်းရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်းဆီ
ရည်ရွယ်ချက်တွေ တတ်မြောက်ခဲ့ရင်
သူစိမ်းတစ်ယောက်လို့ မနေနဲ့ပေါ့
ငါ့ ရင်ဖွင့်စကားတွေ မျိုသိပ်လိုက်မယ်.....

(၄).....
ပင်လယ်ပြင်ဟာ ကျယ်လွန်းသလား
ကောင်းကင်ဟာ မြင့်လွန်းသလား
ဘဝတွေဟာ မရေရာ
ဘာမှာ မသေချာတဲ့ ငါ့ကတော့
မင်းကို မျှော်လင့်လျက်
ရှင်သန်နေသူတစ်ဦးပါ....

(၅).....
ချစ်ရသူလေး
အလွမ်းဆိုတဲ့ ဆန္ဒတစ်စုံနဲ့
ပစ္စုပ္ပန်အချိန်များကို
ငါ့ဟာ ဥပက္ခာပြုခဲ့တာ
မင်းမှာ မသိပါဘူး
တစ်လောကလုံး မေ့လျော့နေတဲ့အထိ.....

(၆).....
ပျောက်ဆုံးနေဆဲ အနာဂတ်တစ်ချို့
ပျောက်ရှသွားတဲ့ မင်းခြေလှမ်းများကို
အပြန်လမ်းက စောင့်လို့တော့ကြိုနေမယ်
ငါ့ချစ်ခြင်းများ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့.....

(၇).....
အလွမ်းတိုင်း နေ့ရက်များ
မိန်းကလေး ငဲ့ကြည့်လိုက်အုံး
ငါ့ကို ဖြေသိမ့်လိုက်ပါ
သတိတရရှိနေတယ်ဆိုတဲ့ စကားတစ်ခွန်း

ငါ့ကို တွေ့ဆုံခွင့်ပေးပါ
အနီးစပ်ဆုံး နှလုံးသားနှစ်ခု ပေါင်းဆည်းဖို့

မင်း မေ့ပစ်လိုက်တဲ့ နေ့တစ်နေ
အသည်းကွဲငါ့ နုံ့ချာခဲ့တယ်.....

(၈).....
တယုတယနဲ့ လွဲမှားချက်များ
အနက်ရှိုင်းဆုံး ဇစ်မြစ်တစ်ခု ရှာဖွေနေ
ခွင့်လွှတ်မှုတွေဟာ အဆုံးသတ်မှာ
မိန်းကလေးရေ.....
မင်းနဲ့ငါ့ ဇတ်လမ်းတစ်ပုဒ်ကို
ကြေကွဲစရာဖြစ်အောင်
ငါ့ ဇတ်ညွှန်း မရေးတတ်

မင်းနဲ့ငါ့ ဝေးကွာရခြင်းကို
ကဗျာတစ်ပုဒ်ဖြစ်အောင်
ငါ့ ကာရံညီဖို့ မဖွဲ့တတ်

ဒါပေ့မယ့်.....
မိန်းကလေးရေ မင်းကိုတော့
ငါ့ ရင်နှင့်အောင် ချစ်တတ်ခဲ့တယ်.....

(၉).....
ဘယ်လို့ပဲ ဖြစ်ဖြစ်ပေါ့လေ
ငါ့တို့ ဝေးခဲ့ကြပြီး.....
ကမ္ဘာကြီးထဲမှာ...
တစ်ယောက် တစ်နေရာဆီ နေထိုင်ခဲ့ကြ
မင်းလည်း ငါ့သိအောင် လွမ်းတတ်မှာမဟုတ်

ငါ့လည်း မင်းသိအောင်
အရှုံးသမားဖြစ်မှာ မဟုတ်တော့

တို့နှစ်ယောက် ဒီတစ်ခါ ဆောင်းရောက်ရင်
သွေးအေးအေးနဲ့ မေ့ပစ်လိုက်ကြမယ်.....

(၁၀).....
လွမ်း သတင်း
လွမ်းရင်း ကြေငြာ
လွမ်းလွန်းလို့ ရေးဖွဲ့
လွမ်းနေသူ မျက်ရည်ဝဲ
လွမ်းရေးထက် ဝမ်းရေးခက်သတဲ့
လွမ်းမိသောကဗျာမှာ အမုန်းမပါ
လွမ်းကဗျာ နှလုံးသားထဲမှာ
လွမ်းအရာ ရှင်ကွဲနှစ်ဦး
လွမ်းမိလည်း ရင်ကွဲနာကျရ၏.....။   ။

(၁၁).....
မိန်းကလေးရေ
အတိတ်ကို မေ့ပစ်ပြီး
မင်းလျှောက်ရမယ့် အောင်မြင်မှုဆိုတဲ့
အိပ်မက်လမ်းမှာ ပျော်ရွှင်ပါစေကွယ်...
အချိန်တိုင်း ချမ်းမြေ့ပါစေကွယ်.....
ကြယ်တွေ ကြည့်ငေးမိတိုင်း
သစ္စာတရားနဲ့အတူ ဆုတောင်းနေမိတယ်.....

ဟော့.....
ရင့်ကျက်မှုနဲ့ အလွမ်းညတစ်ည
ကုန်ဆုံးသွားပြန်ပြီး.....
အလွမ်းဆိုတာလည်း
သေခြင်းတရား မရောက်သေးတဲ့အထိ
ကျွန်တော် ဘဝမှာ
သူမအတွက် အမြဲတမ်း ရှင်သန်နေတာပါ.....။    ။

Wednesday, March 13, 2013 0 Comment

♥ ကဗျာ အိမ် ♥

Wednesday, March 06, 2013 5 Comment

♡ အလွမ်း = ကဗျာ♡

0 Comment

♠ နိယာမ ♠

ပိုင်ဆိုင်ခြင်းတွေ ကန့်သတ်ထားတဲ့
အိပ်မက်လေး တစ်ခု
နွေညများ လွန်ခဲ့ရင်းဖြင့်
မိုးဟာ ဆောင်းကို အန်တုလို့
ရင်ကွဲနာ ကျလှချည်းရဲ့....

ဝတ်မှုန်ခြွေတဲ့ ပန်းကလေးတစ်ပွင့်
ခူးဆွတ်ဖို့ အတွက်
အားအင်းများ မွေးရအုံးမယ်...
အဲဒီလို့နဲ့...
ကျွန်တော်နှလုံးသားမှာ နွမ်းလျသွားခဲ့...။

ဘဝဟာ ဘဝပါပဲ
မိသားစု တစ်သိုက်မှာ
ဖေဖေ  အားမာန်တွေ
မေမေ  ပီတိတွေ
အစ်မ  စကားသံတွေ
ညီမ    ပျော်ရွှင်မှုတွေ
ညီ      တောင်းဆိုချက်များကြား
အဲဒီလို့နဲ့....
ကျွန်တော်ဟာ ဘဝလေးတစ်ခု
ပိုင်ဆိုင်ခဲ့တယ်.....။   ။

ရင့်ကျက် တည်ငြိမ်နေဆဲ
ဂရုဏာတွဲလက်များ ကမ်းလှမ်း
နားခိုရာ ကမ္ဘာမြေဟာ
ပထဝီကို တပ်လှန့်ခဲ့ကြ
အဲဒီလို့နဲ့.....
ကျွန်တော်ဟာ ကိုယ့်သမိုင်းကို
ကိုယ့်တိုင်း ရေးခဲ့တယ်.....။   ။

ကောင်းကင်မျက်နှာပြင်ပေါ်
မှောင်ရီစပျိုးလို့
ညနေဆည်းဆာမှာ
တိမ်တိုက် ခြေလှမ်းများဟာ
အိမ်ပြန်ချိန်တွေ စောလွန်းသေးတယ်...
အဲဒီလို့နဲ့.....
ကျွန်တော်ဟာ လောကဓံနယ်ထဲမှာ
သံဝေဂများစွာ ရရှိခဲ့တယ်.....။  ။

အဲဒီလို့ပါပဲ.....
အထီးကျန်ခြင်း ကမ္ဘာထဲမှာ
ကဗျာများနဲ့သာ ရှင်သန်ခဲ့ရသူ
အနာဂတ်ဆိုတာ ဝေဝါးနေတယ်.....။  ။

0 Comment

♣ ဧပရယ် ♣

အဖြူရောင် ပွင့်ချပ်ပေါ်က
ဟောင်နွမ်းနေ ကဗျာတစ်ပုဒ်
နှလုံးသားတစ်ခု ဗြောင်းဆန်လို့
ဒီတစ်နွေမှာ ငါ့ဟာ.....
''နုံအ''တဲ့ သူတစ်ယောက်ပါ...။   ။

ရိုးစင်စွာ ဝန်ခံလိုက်ရသော
ရိုးသားမှု တစ်ချို့ကို
ဥသြတို့ရဲ့ လွမ်းတွန်သံနဲ့အတူ
ငါ့...နှလုံးသားလည်း
သေဆုံးသွားရင်း ကောင်းလိမ့်မယ်...။  ။

အဲဒီလို့နဲ့...
ကံကြမ္မာ ပိတောက်ဝါရဲ့
ဧပရယ်ညတွေဟာ
ငါ့ကို နှိပ်စက်တတ်ခဲ့ပေါ့.....။   ။

Monday, February 25, 2013 1 Comment

♠လွှင့်စင် အိပ်မက်ငယ်♠

Sunday, February 24, 2013 0 Comment

♤ဘဝ ရှိုက်သံ♤

မိဘရဲ့ အားမာန်များနဲ့.....
ဆုံးရှုံးခဲ့တာ ပြန်တွေးမိလျှင်
အောင်မြင်ခြင်းဆိုတာ လက်တစ်ကမ်းမှာပါ
ပျော်ရွှင်စရာ ဝေမျှဖို့အတွက်
သူငယ်ချင်းတစ်ယောက် လိုအပ်ခဲ့တယ်...။

ရည်မှန်းထားသမျှ ပန်းတိုင်
လောကဓံလမ်းကြမ်းကို ဖြတ်သန်းဖို့
သောကဟာ  ဒုက္ခပါပဲ
အတ္တဆန်စွာ ခရီးတစ်ခုသွားနေတယ်...။

စိတ်ဓာတ်ဟာ...
အရေးကြီးပါတဲ့ ဆိုင်ဘုတ်လေးကို
နာမလည်နိုင်စွာ ဥပက္ခာထားခဲ့တယ်.....

စည်းကမ်းရဲ့  ပြဋ္ဌာန်းချက်တွေထဲက
အသိုင်းအဝိုင်း၏ ဆုံးမစကားကို
လျစ်လျူရှူပြီး နေထိုင်ခဲ့တယ်.....

မျှော်လင့်ချက်များ တနင့်တပိုးနဲ့
ဘဝဆိုတဲ့...သံသရာထဲမှာ
ထာဝရရှင်သန်နေတာ မဟုတ်
ခံစားချက်နဲ့ အမြဲသေဆုံးနေသူပါ.....

သံဝေဂဆိုတာ...
အိပ်မက်ဆိုးကြီး တစ်ခုလား
မက်ခွင့်မရချင်ပဲ ဆက်မက်နေခဲ့သူ
မျှော်လွင့်ရင်းနဲ့ လွင့်မျှော်နေသူ
စွန်လွှတ်ခြင်းများ နှောင်းဖွဲ့မိသူ
ကိုယ့်ဘဝကို ကိုယ့်တိုင်းတွေးပြီး
သင်္ခါရဟာ တရားပါတယ်.....။   ။

လောကကြီးရေ...
လွှဲမှားနေသူအတွက်တော့
ရှင်းပြရခက် ပုစ္ဆာတစ်ပုဒ်လို့
ရိုးသားမှုတွေ ပျောက်ရှနေတယ်.....။  ။

Wednesday, February 20, 2013 0 Comment

♡ ပန်းတစ်ပွင့်၏ ကြွေသံ ♡

    ♥ ညများလွမ်းပြီး အိပ်မက်ထဲထိ
     မျှော်လင့်ခဲ့မိလို့ ဆွေးငေးစွာနဲ့ဘဲ
          ချစ်သူကို ရှာဖွေနေဆဲ
         ဆုံဆည်းခွင့်ရဖို့ အတွက်…♥

   ♥ အစွန်းရောက်နေတဲ့ လွမ်းရခြင်းနဲ့
        အချစ်များကို အယုံလွယ်ပြီး
          အားကိုးခဲ့တာ မဟုတ်
    လူတွေ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ပါစေ
       ပေးဆပ်မိလို့ စွန်လွှတ်ခဲ့ရသူ
    အနစ်နာခံသောအချစ် မင်းအတွက်…♥

  ♥ ပြန်ခဲ့တော့ကွယ် မြတ်နိုးသူလေးရယ်
       မျှော်ရသူဟာ ဝေဒနာများသတဲ့
            မင်း ဆန္ဒာအတိုင်းပေါ့
       ပြန်မလာချင်လည်း နေစေတော့
          လွမ်းရက်များ ရှည်လျားစွာ
          နာကျင်နေသော နှလုံးသား
            ငါ့အတွက် ဖြစ်ခဲ့ပေါ့…♥

   ♥ တစ်ယောက်တည်း ရွှက်လွင့်နေဆဲ
   မင်းမပါတဲ့ ခရီး အထီးကျန်ခြင်းတဲ့လား
       ရှိစေတော့……မေ့လိုက်တော့…
   အရာရာအားလုံး ပြီးဆုံးသွားပါစေလေ
ငါ့.....တိတ်တိတ်လေးဘဲ ကြေကွဲနိုင်တယ်
        မင်း…ပျော်ရွှင်ဖို့အတွက်…♥

    ♥ သူမကိုယ့်တိုင်း ခြားနားထားတဲ့
အဆင့်အတန်း အသိုင်းအဝိုင်းများကြောင့်
              နာလည်စွာနဲ့ဘဲ…
  ကျွန်တော် နှလုံးသားကို စတေးခဲပေါ့…♥

          ♡ ဆံပင် ရှည်ရှည်  ♡
       
             မျက်ဝန်းလဲ့ ပြာပြာ

     အပြစ်ကင်းစင်သော အပြုံးများဟာ

        ဒီနှလုံးသားမှာ စွဲမက်နေလို့…

   သူသိအောင် လွမ်းနိုင်မှာမဟုတ်တော့…

   သူသိအောင် တမ်းတမှာမဟုတ်တော့…

               ကွယ်ရာမှာဘဲ

       ကျွန်တော် ဒီကဗျာတစ်ပုဒ်ကို…

တိတ်တဆိတ် ကမ္ဗည်းတစ်ခု ထိုးခဲ့တယ်…

              သူမ အတွက်…

      ♥♥ ပန်းတစ်ပွင့်၏ ကြွေသံ ♥♥

1 Comment

♡ ချစ်ခြင်း၏ လွဲမှားသူ ♡

ပန်းချီဆရာ……
စိတ်ကြိုက်ဆွဲထားတဲ့ ဆေးစက်တွေလို့
ငါ့ မင်းကို နေပေးခဲ့ပြီးပြီးလေ…
ကောင်းကင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[ကြယ်တွေ အိပ်ချိန်]တဲ့……♥  ♥

ခံစားမှု တစ်ခုကို……
အာရုံနဲ့ ထိမိတိုင်း
''အချစ်''က မှိုင်းမှိုင်းပြီး ရင့်ရင့်လာ
အမှောင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[သန်ခေါင်ယံလရောင်၏ ရည်ရွယ်ချက်]တဲ့.....♥  ♥

ပွင့်ခါစ ပန်းကလေးအတွက်
ကောင်းကင်ကြီးဟာ ကျယ်လွန်းသလား
အမှားများစွာ နေရာအထားအသို့ ပြောင်းရုံနဲ့
အချစ်ကို ဖွဲ့နွဲ့ခွင့်ရနိုင်မယ့် ထင်ရဲ့ ……♥  ♥

''အချစ်''ဆိုတာ……
လူများတွေလုပ်သလို့ လိုက်လုပ်ရုံပါ
ခံစားမှုကိုတော့ ငါ့ပိုင်တယ်……♥  ♥

မိန်းကလေးရေ တို့အချစ်ကို
သက္ကရာဇ် နှစ်ခုစာမှာ……
စကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့
ဆေးရောင်စုံတွေနဲ့ ပက်ခဲ့
ဝေါဟာရတွေက နည်းလွန်းတော့
စိတ်မှန်းတွေဟာ လွဲ ၊
တစ်ပွဲပြီး တစ်ပွဲပေါ့……♥  ♥

အချိန်ကို ဆော့လိုက်တော့……
ကြယ်တွေ အိပ်ချိန်မှာ
သန်ခေါင်ယံလရောင်၏ ရည်ရွယ်ကို
လောက ကမ္ဘာမြေပြင်ဟာ……
သိလိုက်ရတဲ့ အချိန်ထိ……♥  ♥

ကျွန်တော် အသက်ဟာ ကြီးပြင်လာခဲ့ပြီး
ကျွန်တော် မတွေ့ဖူးသေးတဲ့……
အချစ်နဲ့ တစ္ဆေ .....
ကျွန်တော် တွေ့နေတာက…
လူတွေ မှားနေကျ အမှား……♥  ♥

ကဲ့........''အချစ်''ဆိုတာကလည်း
သေခြင်းတရားကို ရင်မဆိုင်ရခင်အထိ
ဘဝဒဏ် ခံနိုင်ရည်အရှိဆုံး
ထုံဆေး တစ်မျိုးပဲ မဟုတ်လား……♥  ♥

Monday, February 18, 2013 9 Comment

♥နှလုံးသွေး၏ အချစ်ကဗျာများ♥

Thursday, February 14, 2013 1 Comment

♥♡ကောင်မလေးအတွက် Valentine's Day ♡♥

Wednesday, February 13, 2013 4 Comment

♡အတိတ်ကကောင်မလေးသို့ တမ်းချင်း♡

မတတ်သာတဲ့ အဆုံး……
ဝေးကွာခြင်းမှာပဲ
မျက်ရည်တွေကို
ကြိတ်မှိတ်မျိုသိပ်ခဲ့တယ်………။    ။

အနာဂတ်တစ်ခု………
အမုန်းသင့် ကျွမ်းလောင်အပြီး
အလွမ်းတွေသာ…
မျက်နှာပေါ် ခုန်တက်လာခဲ့တယ်…

အချစ်ဆိုတာ……
အဆိပ်မီးတောင်ဆီကို
သယ်ဆောင်ယူသွားတတ်တဲ့
ဖုတ်သွင်းရထားတာလား……

လက်ဆောင်အောက်မှာ……
သေနတ် ဝုက်ယူလာတဲ့
သံတမန်နဲ့လည်း တူသေးရဲ့……
အနိုင်ပိုင်သူဟာ……
သူ့ဆံပင်ကို ကောင်းစွာဖြီးသင်နိုင်ခဲ့မှာပါ…။  ။

အခုတော့………
ငါ့ အိမ်ပြန်သွားရင်
လွမ်းနေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး………

ညနေစောင်းရင် ငါ့သူဆီအလာ
မျှော်နေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး……

အလိုမကျရင် စိတ်ကောက်
ငါ့ခါးကို ဆွဲလိမ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……

ငါ့ကို စိတ်ဆိုးအောင်လုပ်
ဒေါသဖြစ်တဲ့ ငါ့မျက်နှာကိုကြည့်ပြီး
ပျော်နေတတ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……။    ။

[ဆုလာဘ် လက်ဆောင်အဖြစ်ပေါ့]
ပျက်သုဉ်းသွားတဲ့ အိပ်မက်တွေကို
ဘဝပေါ် ပစ်တင်
နွမ်းလျနေ ငါ့တစ်ယောက်တည်းပေါ့…။   ။

တစ်ချိန်တစ်ခါတုန်းက……
ငါ့ချစ်ခဲ့ရသော ကောင်မလေးရေ
မမေ့နိုင်သေးတဲ့ ဒီနှလုံးသားတစ်စုံမှာ
အတိတ်က ချစ်သူပုံရိပ်များ
စိုးမိုးနေဆဲပေါ့ကွယ်……။    ။

Tuesday, February 12, 2013 0 Comment

♥မေမေမရှိသော မွေးတစ်နေ့♥

ဘဝရဲ့ လောကဓံအရာ
ငယ်ရွယ်စဉ် လက်အစုံနဲ့
မျက်ရည်တွေဟာ အတွေ့အကြုံပါ
မိသားစုတကွဲတပြားဖြစ်နေသော
ကံကြမ္မာကို ယိုးမယ်ဖွဲ့တော့မယ်…။   ။

ဖေဖေ မျက်နှာမကောင်းဘူး
မနက်ဖြန် ဝမ်းစားရေအတွက်
အခက်အခဲကြားမှာ လှုပ်ရှားနေဆဲ
အဝေးဆုံးတစ်နေရာမှာ…
ကျွန်တော် ကဗျာများနဲ့
ကျေးဇူးဆပ်လိုက်ပါရစေ……

မေမေအပြုံး လှပနေဆဲ
ရက်စက်တတ်တဲ့ ကံကြမ္မာကြားမှာ
သားကို နှုတ်ဆက်ခဲ့တာ
စောလွန်းသေးတယ်……

ဒီကနေ့ သားမွေးနေ့တဲ့
သူများတွေလို မပျော်ရွှင်နိုင်ဘူး
သူငယ်ချင်းတွေပေးသော ဆုနဲ့
ပြီးပြည့်စုံသော မိသားစုဘဝကို
ပိုင်ဆိုင်ချင်ခဲ့တယ်…

အဲဒီလို့နဲ့……
ညီအစ်ကိုမောင်နှမကြားထဲမှာ…
နှိပ်စက်ခံခဲ့ရသော ကျွန်တော်

အသိုင်းအဝိုင်းတွေထဲမှာ…
မျက်နှာငယ်ရသော ကျွန်တော်

လူတွေကြားထဲမှာ…
သိမ့်ငယ်ခဲ့ရသော ကျွန်တော်

ချစ်သူရဲ့ နှလုံးသားထဲမှာ…
စွန်လွှတ်ခံရသော ကျွန်တော်

သူငယ်ချင်းတွေရဲ့ ရိုးသားမှုထဲမှာ…
အားပေးခဲ့သော ကျွန်တော်

မေမေရဲ့ သေမင်းနဲ့လွန်ဆွဲပွဲမှာ
အရှုံးများ ရင်ဆိုင်ခဲ့ရသော
မွေးနေ့ တစ်နေကို
ထာဝရ ကန်တော့လျက်
ကျွန်တော်နှလုံးသားမှာ
သတိရနေမှာပါ……မေမေ

ဒီဘဝဆိုတာ……
ကဗျာတစ်ပုဒ်ထဲမှာ
ဝမ်းနည်းစွာနဲ့ ကျန်ရစ်ခဲ့တာပါ……။   ။

Sunday, February 10, 2013 0 Comment

♤ရှုံးနိမ့်သူ♤

အကြိမ်ကြိမ် ပစ်ခတ်
ပစ်မှတ်နဲ့ လွဲချော်
သြော် အခုတော့……
လေးသည်တော်ကြီး ရှုံးနိမ့်ခဲ့ရပြီး……။    ။

ဘာဆုမှာ မထိုတ်တန်တဲ့သူဟာ
ကိုယ့်ကိုကိုယ့် မြူဆွယ်ထားခဲ့ရ
မျှော်လင့်ချက် မြက်ခင်းတွေလည်း
စိမ်းချင်တိုင်း စိမ်းနေကြပေါ့……။   ။

ချစ်ရသူရေ………
ကိုယ့် ပန်းအိုးလေးအတွက်ကတော့
ဒီနှစ် မိုးရာသီဟာ
နောက်ကျ ခဲ့ပါပြီး………။    ။

မင်းကို ငါ့……
သတိရ စိတ်နဲ့
တိတ်တဆိတ် ကြိတ်ဝယ်ထားတဲ့
စံပယ်တွေလည်း နွမ်းပေါ့……

ရှိစေတော့ ချစ်သူ……
ဒီရင်ခွင့် ကောင်းကင်မှာ
မင်းပုံရိပ်တွေ စိုးမိုးထားပေ့မယ့်
မင်းအချစ်ရဲ့ တိမ်လွှားများဟာ
ပျောက်ကွယ်သွားလို့
ရှုံးနိမ့်သူတစ်ယောက် ဖြစ်ခဲ့ပေါ့……။   ။

Monday, February 04, 2013 0 Comment

♥မြတ်နိုးမှု သံယောဇဉ်ကြိုး♥

လေထဲမှာ……
ရှေ့နောက် ဘယ်ညာ ယိမ်းခါလို့
ယိုင်ရွဲ့ရွဲ့ ကြိုးတန်းပေါ် လျှောက်ခဲ့ကြ
မြစ်ကူးတံတား တစ်စင်းရယ်လေ
နှလုံးသားနှစ်ခုက စီးဆင်းတဲ့
မြစ်တစ်စင်းပေါ် သွယ်တန်းခဲ့တယ်……။   ။

လိုက်ခဲ့တော့ကွယ်……
သေခြင်းတို့ပွင့်ရာ ကမ်းခြေဆီ
ထာဝစဉ်မငြိမ့်မယ့် မီးလျှံကိုဖြည့်ဆည်းဖို့
မေ့လျော့ခြင်း နှင်းမှုန်ဖွဲ့ဖွဲ့အောက်မှာ
သံယောဇဉ်များစွာ မပျက်အောင်
လက်တွဲခဲ့ကြမယ်နော်……။    ။

ချစ်ခြင်းရဲ့ မျိုးစေ့တွေ……
မြေမှာ နစ်မြုပ်နေပေ့မယ့်
သည်ဆောင်း လွန်ခဲ့ရင်ဖြင့်
ရာသီမိုးနဲ့ အတူ
သူတို့နိုးထ ပွင့်လာကြဦးမယ်……
ကျိန်စာဆူးတွေ နေရာအနှံ့ပြန့်ကျဲလို့
မုန်းစိတ်ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့
မြတ်နိုးမှု တစ်ခုနဲ့သာ
သံယောဇဉ်ကြိုးတွေ……
ခိုင်အောင်ချည်ခဲ့တယ်……။   ။

Thursday, January 31, 2013 0 Comment

♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ♥

ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ
တိမ်တိုက်များ ဟာ
လရောင်လဲ့လဲ့ထဲ
ဖြတ်သန်းသွားကြတယ်……။    ။

မင်းလည်း ငါ့ဆီမရောက်ခဲ့
ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ
မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း
ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ
ချစ်သူတို့ရဲ့ ကန္တရလွင်ပြင်
ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း
ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့
ရထားသံလမ်းလေးတွေဟာ
ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး
သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ
ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။    ။

ညနေရီ……………
ခရောင်ကောင်းကင်လမ်း
အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ
ကျွန်တော် ကဗျာတစ်ပုဒ်ကို
သူ သတိမရနိုင်တော့ပါ……။     ။

တကယ်တမ်း တွေးတော့လည်း
သိသိသားသားလေး……
အလှမ်းဝေး နေဆဲပါပဲလေ………
မြက်ရိုင်းတောလေးဆိုပေ့မယ့်
မင်း အတွက်ဆိုရင်
ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။  ။

ဆန္ဒတွေဟာ ဆန္ဒပါပဲ……
အချိန်ကာလတွေကသာ
အချစ်ကို ရူးမိုက်မှုအဖြစ်
တန်းဖိုးဖြတ်ခဲ့ပေါ့……။    ။

အဲဒီလို့နဲ့ပဲ……
မျှော်လင့်ချက်တွေဟာလည်း
ဒုက္ခိတ တစ်ယောက်လို့
ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။   ။

ချစ်သူအတွက် ဒီရင်ထဲက……
ကဗျာများကိုလည်း
သူ နှလုံးသားမှာ
သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။    ။

 
;