Wednesday, March 06, 2013

♣ ဧပရယ် ♣

အဖြူရောင် ပွင့်ချပ်ပေါ်က
ဟောင်နွမ်းနေ ကဗျာတစ်ပုဒ်
နှလုံးသားတစ်ခု ဗြောင်းဆန်လို့
ဒီတစ်နွေမှာ ငါ့ဟာ.....
''နုံအ''တဲ့ သူတစ်ယောက်ပါ...။   ။

ရိုးစင်စွာ ဝန်ခံလိုက်ရသော
ရိုးသားမှု တစ်ချို့ကို
ဥသြတို့ရဲ့ လွမ်းတွန်သံနဲ့အတူ
ငါ့...နှလုံးသားလည်း
သေဆုံးသွားရင်း ကောင်းလိမ့်မယ်...။  ။

အဲဒီလို့နဲ့...
ကံကြမ္မာ ပိတောက်ဝါရဲ့
ဧပရယ်ညတွေဟာ
ငါ့ကို နှိပ်စက်တတ်ခဲ့ပေါ့.....။   ။

0 Comment:

Post a Comment

 
;