Wednesday, March 06, 2013

♠ နိယာမ ♠

ပိုင်ဆိုင်ခြင်းတွေ ကန့်သတ်ထားတဲ့
အိပ်မက်လေး တစ်ခု
နွေညများ လွန်ခဲ့ရင်းဖြင့်
မိုးဟာ ဆောင်းကို အန်တုလို့
ရင်ကွဲနာ ကျလှချည်းရဲ့....

ဝတ်မှုန်ခြွေတဲ့ ပန်းကလေးတစ်ပွင့်
ခူးဆွတ်ဖို့ အတွက်
အားအင်းများ မွေးရအုံးမယ်...
အဲဒီလို့နဲ့...
ကျွန်တော်နှလုံးသားမှာ နွမ်းလျသွားခဲ့...။

ဘဝဟာ ဘဝပါပဲ
မိသားစု တစ်သိုက်မှာ
ဖေဖေ  အားမာန်တွေ
မေမေ  ပီတိတွေ
အစ်မ  စကားသံတွေ
ညီမ    ပျော်ရွှင်မှုတွေ
ညီ      တောင်းဆိုချက်များကြား
အဲဒီလို့နဲ့....
ကျွန်တော်ဟာ ဘဝလေးတစ်ခု
ပိုင်ဆိုင်ခဲ့တယ်.....။   ။

ရင့်ကျက် တည်ငြိမ်နေဆဲ
ဂရုဏာတွဲလက်များ ကမ်းလှမ်း
နားခိုရာ ကမ္ဘာမြေဟာ
ပထဝီကို တပ်လှန့်ခဲ့ကြ
အဲဒီလို့နဲ့.....
ကျွန်တော်ဟာ ကိုယ့်သမိုင်းကို
ကိုယ့်တိုင်း ရေးခဲ့တယ်.....။   ။

ကောင်းကင်မျက်နှာပြင်ပေါ်
မှောင်ရီစပျိုးလို့
ညနေဆည်းဆာမှာ
တိမ်တိုက် ခြေလှမ်းများဟာ
အိမ်ပြန်ချိန်တွေ စောလွန်းသေးတယ်...
အဲဒီလို့နဲ့.....
ကျွန်တော်ဟာ လောကဓံနယ်ထဲမှာ
သံဝေဂများစွာ ရရှိခဲ့တယ်.....။  ။

အဲဒီလို့ပါပဲ.....
အထီးကျန်ခြင်း ကမ္ဘာထဲမှာ
ကဗျာများနဲ့သာ ရှင်သန်ခဲ့ရသူ
အနာဂတ်ဆိုတာ ဝေဝါးနေတယ်.....။  ။

0 Comment:

Post a Comment

 
;