Saturday, August 24, 2013 0 Comment

ရေရှင်လိုလူ

သစ်တစ်ပင်၏ အရိပ်အောက်တွင်...
မှီခိုတည်ရှိ တည်ငြိမ်မှု ပကတိ
အပြည့်ရှိသည် အေးမြကြည်လင်
ကန်ရေပြင် .....
အချိန်တွေ ကြာနှောင်း
ထိုရေပြင်ပေါ် အမှိုက်သရိုက်များ
ကျရောက်သော အခါ
ရေပြင်ပေါ် ဖုံးလွှမ်း
ကြည်လင်မှု မရှိ
ညစ်ညမ်းကာ ရေသေဖြစ်လာ
ကန်ရေအလှမှာ ပျက်စီးရ၏.....။   ။

သို့ပေမယ့်ငြား ...
အမြဲမပြတ် စီးဆင်းနေဆဲ
ရေရှင်ဖြစ်သော် စမ်းရေမှာမှု
အမှိုက်သရိုက် မဆိုးဝါး
အချိန်များ ကြာသော်လည်း
ရေဖြင့် တိုက်စား
ကျောက်တုံးများကို တရွေ့ရွေ့ဖြင့် ဖယ်ရှားပေးကာ
တသွင်သွင် စီးဆင်းနေ
ရှုမငြီးအောင် စမ်းရေအလှ သဘာဝကို
အေးမြခြင်းဖြင့် ဖော်ကျူးတတ်၏.....။   ။

ရေသေနှင့် ရေရှင်...
လူသားနဲ့ ယှဉ်ကာ
ရေသေလိုလူသား သင့်ဖြစ်သလား
ရေရှင်လိုလူသား သင့်ဖြစ်သလား .....။   ။

ရေရှင်လိုလူ သင့်ဖြစ်ချင်မူ
စမ်းချောင်းရေကို အတုယူ၍
နေ့စဉ်နဲ့အမျှ ကြုံရဆုံရ
လောကသဘာဝ အခက်အခဲများကို
စမ်းရေပမာ အမြဲမပြတ်
ကြိုးစားစွာ ကျော်ဖြတ်နိုင်စေသား
ရေရှင်လိုလူသား........။     ။ 
 
;