Wednesday, February 13, 2013

♡အတိတ်ကကောင်မလေးသို့ တမ်းချင်း♡

မတတ်သာတဲ့ အဆုံး……
ဝေးကွာခြင်းမှာပဲ
မျက်ရည်တွေကို
ကြိတ်မှိတ်မျိုသိပ်ခဲ့တယ်………။    ။

အနာဂတ်တစ်ခု………
အမုန်းသင့် ကျွမ်းလောင်အပြီး
အလွမ်းတွေသာ…
မျက်နှာပေါ် ခုန်တက်လာခဲ့တယ်…

အချစ်ဆိုတာ……
အဆိပ်မီးတောင်ဆီကို
သယ်ဆောင်ယူသွားတတ်တဲ့
ဖုတ်သွင်းရထားတာလား……

လက်ဆောင်အောက်မှာ……
သေနတ် ဝုက်ယူလာတဲ့
သံတမန်နဲ့လည်း တူသေးရဲ့……
အနိုင်ပိုင်သူဟာ……
သူ့ဆံပင်ကို ကောင်းစွာဖြီးသင်နိုင်ခဲ့မှာပါ…။  ။

အခုတော့………
ငါ့ အိမ်ပြန်သွားရင်
လွမ်းနေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး………

ညနေစောင်းရင် ငါ့သူဆီအလာ
မျှော်နေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး……

အလိုမကျရင် စိတ်ကောက်
ငါ့ခါးကို ဆွဲလိမ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……

ငါ့ကို စိတ်ဆိုးအောင်လုပ်
ဒေါသဖြစ်တဲ့ ငါ့မျက်နှာကိုကြည့်ပြီး
ပျော်နေတတ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……။    ။

[ဆုလာဘ် လက်ဆောင်အဖြစ်ပေါ့]
ပျက်သုဉ်းသွားတဲ့ အိပ်မက်တွေကို
ဘဝပေါ် ပစ်တင်
နွမ်းလျနေ ငါ့တစ်ယောက်တည်းပေါ့…။   ။

တစ်ချိန်တစ်ခါတုန်းက……
ငါ့ချစ်ခဲ့ရသော ကောင်မလေးရေ
မမေ့နိုင်သေးတဲ့ ဒီနှလုံးသားတစ်စုံမှာ
အတိတ်က ချစ်သူပုံရိပ်များ
စိုးမိုးနေဆဲပေါ့ကွယ်……။    ။

4 Comment:

Unknown said...

အရမ်းကြိုက်လို့အားပေးသွားပါတယ်

Unknown said...

အားပေးတယ် အရမ်းကြိုက်တယ်

Anonymous said...

အမြဲတမ်းအားပေးနေပါတယ်ရှင့်

Anonymous said...

အကို့ကဗျာတွေကောင်းလို့အမြဲတမ်းအားပေးနေပါတယ်ရှင့်
👍👍👍👍👍👍👍

Post a Comment

 
;