Sunday, February 24, 2013

♤ဘဝ ရှိုက်သံ♤

မိဘရဲ့ အားမာန်များနဲ့.....
ဆုံးရှုံးခဲ့တာ ပြန်တွေးမိလျှင်
အောင်မြင်ခြင်းဆိုတာ လက်တစ်ကမ်းမှာပါ
ပျော်ရွှင်စရာ ဝေမျှဖို့အတွက်
သူငယ်ချင်းတစ်ယောက် လိုအပ်ခဲ့တယ်...။

ရည်မှန်းထားသမျှ ပန်းတိုင်
လောကဓံလမ်းကြမ်းကို ဖြတ်သန်းဖို့
သောကဟာ  ဒုက္ခပါပဲ
အတ္တဆန်စွာ ခရီးတစ်ခုသွားနေတယ်...။

စိတ်ဓာတ်ဟာ...
အရေးကြီးပါတဲ့ ဆိုင်ဘုတ်လေးကို
နာမလည်နိုင်စွာ ဥပက္ခာထားခဲ့တယ်.....

စည်းကမ်းရဲ့  ပြဋ္ဌာန်းချက်တွေထဲက
အသိုင်းအဝိုင်း၏ ဆုံးမစကားကို
လျစ်လျူရှူပြီး နေထိုင်ခဲ့တယ်.....

မျှော်လင့်ချက်များ တနင့်တပိုးနဲ့
ဘဝဆိုတဲ့...သံသရာထဲမှာ
ထာဝရရှင်သန်နေတာ မဟုတ်
ခံစားချက်နဲ့ အမြဲသေဆုံးနေသူပါ.....

သံဝေဂဆိုတာ...
အိပ်မက်ဆိုးကြီး တစ်ခုလား
မက်ခွင့်မရချင်ပဲ ဆက်မက်နေခဲ့သူ
မျှော်လွင့်ရင်းနဲ့ လွင့်မျှော်နေသူ
စွန်လွှတ်ခြင်းများ နှောင်းဖွဲ့မိသူ
ကိုယ့်ဘဝကို ကိုယ့်တိုင်းတွေးပြီး
သင်္ခါရဟာ တရားပါတယ်.....။   ။

လောကကြီးရေ...
လွှဲမှားနေသူအတွက်တော့
ရှင်းပြရခက် ပုစ္ဆာတစ်ပုဒ်လို့
ရိုးသားမှုတွေ ပျောက်ရှနေတယ်.....။  ။

0 Comment:

Post a Comment

 
;