Wednesday, February 20, 2013

♡ ချစ်ခြင်း၏ လွဲမှားသူ ♡

ပန်းချီဆရာ……
စိတ်ကြိုက်ဆွဲထားတဲ့ ဆေးစက်တွေလို့
ငါ့ မင်းကို နေပေးခဲ့ပြီးပြီးလေ…
ကောင်းကင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[ကြယ်တွေ အိပ်ချိန်]တဲ့……♥  ♥

ခံစားမှု တစ်ခုကို……
အာရုံနဲ့ ထိမိတိုင်း
''အချစ်''က မှိုင်းမှိုင်းပြီး ရင့်ရင့်လာ
အမှောင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[သန်ခေါင်ယံလရောင်၏ ရည်ရွယ်ချက်]တဲ့.....♥  ♥

ပွင့်ခါစ ပန်းကလေးအတွက်
ကောင်းကင်ကြီးဟာ ကျယ်လွန်းသလား
အမှားများစွာ နေရာအထားအသို့ ပြောင်းရုံနဲ့
အချစ်ကို ဖွဲ့နွဲ့ခွင့်ရနိုင်မယ့် ထင်ရဲ့ ……♥  ♥

''အချစ်''ဆိုတာ……
လူများတွေလုပ်သလို့ လိုက်လုပ်ရုံပါ
ခံစားမှုကိုတော့ ငါ့ပိုင်တယ်……♥  ♥

မိန်းကလေးရေ တို့အချစ်ကို
သက္ကရာဇ် နှစ်ခုစာမှာ……
စကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့
ဆေးရောင်စုံတွေနဲ့ ပက်ခဲ့
ဝေါဟာရတွေက နည်းလွန်းတော့
စိတ်မှန်းတွေဟာ လွဲ ၊
တစ်ပွဲပြီး တစ်ပွဲပေါ့……♥  ♥

အချိန်ကို ဆော့လိုက်တော့……
ကြယ်တွေ အိပ်ချိန်မှာ
သန်ခေါင်ယံလရောင်၏ ရည်ရွယ်ကို
လောက ကမ္ဘာမြေပြင်ဟာ……
သိလိုက်ရတဲ့ အချိန်ထိ……♥  ♥

ကျွန်တော် အသက်ဟာ ကြီးပြင်လာခဲ့ပြီး
ကျွန်တော် မတွေ့ဖူးသေးတဲ့……
အချစ်နဲ့ တစ္ဆေ .....
ကျွန်တော် တွေ့နေတာက…
လူတွေ မှားနေကျ အမှား……♥  ♥

ကဲ့........''အချစ်''ဆိုတာကလည်း
သေခြင်းတရားကို ရင်မဆိုင်ရခင်အထိ
ဘဝဒဏ် ခံနိုင်ရည်အရှိဆုံး
ထုံဆေး တစ်မျိုးပဲ မဟုတ်လား……♥  ♥

1 Comment:

Network Error said...

ကဗျာလေးကကောင်းလိုက်တာ.....

Post a Comment

 
;