Thursday, September 20, 2012

♥♥ ရှင်သန်ခြင်းတို့ရဲ့ နှလုံးသားကဗျာ ♥♥

ပြောင်းလဲခြင်းများစွာနဲ့
ကံကြမ္မာရဲ့ လှည့်ကွက်များထဲ
လောကဓံတရား နှိပ်စက်ဖို့အတွက်
အကောင်းအဆိုးနဲ့ အကြောင်းအကျိုး
မခွဲခြားတတ်ပဲ……
လူလောကကို ဝင်ရောက်လာသူ
ဝမ်းနည်းစွာဖြင့် ခရီးဆက်နေမယ်…။

နှလုံးသားကဗျာရဲ့ ပဲ့တင်သံများ
ကြားမိသူများ နှလုံးသားနဲ့
ခံစားတတ်ပါစေ……

နှလုံးသားကဗျာ ပန်းဥယျာဉ်မှာ
ပန်းမျိုးပေါင်းစုံရဲ့ ရံနံ့များကို
ရှုရှိုက်မိသူများ အနက်ရှိုင်းဆုံးတစ်နေရာမှာ
မွှေးပျံ့ ရံ့နံ့ သင်းပျံ့ပါစေလေ……

နှလုံးသားကဗျာ ခံစားချက်များစုဖွဲ့
ရင်တွင်ဒဏ်ရာမှာ စာမျက်နှာ
မျက်ရည်များစွာ စီးဆင်းလာရ
နာကျင်မှုတို့ဟာ ဘောပင်တစ်ချောင်း
အားလုံး…အားလုံးအတွက်
ပြီးပြည့်စုံခြင်းတော့ မရှိ
ငါ့နှလုံးသားကဗျာကို
ခံစားတတ်ဖို့ ခက်လိမ့်မယ်……။

နှုတ်ဆက်မှုတို့နှင့် ဒီကမ္ဘာငယ်ထဲ
ငါ့လျှောက်လှမ်းရာ အနာဂတ်ကို
မျှော်လင့်ချက်တွေက ကျပျောက်ရင်း
ပျောက်ဆုံးသွားလိုက်နဲ့ ရှာဖွေမိခဲ့တဲ့
နှလုံးသားကဗျာများဟာ
ငါ့ရဲ့ ပန်းတိုင်းတစ်ခု…
ငါ့ ခြေလှမ်းသစ်တွေနဲ့ အတူ
ဇွဲမလျှော့ဘဲ ငါ့ဆက်သွားမယ်…။

ချစ်သူနဲ့လည်း ဝေးခဲ့ရ
လူတွေကိုလည်း ကျော့ခိုင်းထွက်သွား
အပြုံးကိုယ့်စီနဲ့ နှုတ်ဆက်လို့
သေဆုံးခြင်း၏ သင်္ခါရတရား
ငါ့ကို ဆွဲခေါ်သွားရင်း……
ငါ့နှလုံးသားကဗျာရဲ့ အပြုံးမျက်ရည်နဲ့
လှည့်ထွက်သွားခဲ့မယ်……။

မျိုးဆက်သစ်တွေ……
သီချင်းသံစဉ်သစ်တွေ…
ကဗျာသစ်တွေ……
ပြောင်းလဲခြင်း အသစ်တွေထဲ…
နှလုံးသားကဗျာတစ်ပုဒ်
ကမ္ဘာတစ်ခွင့် ပျံ့လွှင့်အုံးမယ်…ထင်တယ် ။

ယုံကြည့်ခြင်း အပြည့်…
နှလုံးသားကဗျာများဟာ
ငါ့အတွက် အနာဂတ်မှာ
ခရီးဆက်လိမ့်မယ်…ထင်ရဲ့ ။

နှလုံးသားတို့ရဲ့ စကားလုံးများဟာ
အမှောင်ညတွေမှာ ပေါက်ဖွားလာမိတာ
ငါ့ကို အလင်းရောင်ပေးခဲ့တဲ့
လရောင်လေးရယ်……
လူတွေ ခြေလှမ်း တိတ်ဆိတ်နေပြီး
အိပ်စက်သွားခဲ့ရာ သန်ခေါင်ယံညတွေထဲ
ငါ့ကို နှိုးထစေပြီး……
နှလုံးသားကဗျာများနဲ့
အသက်ဆက်ခဲ့လေသလား…။

ငါ့ နှလုံးသားကဗျာများကို
မင်းနှလုံးသားနဲ့ ဖတ်ပေးခဲ့ပါ……
ဒီလို့နဲ့ပဲ ငါ့အချိန်တန်ရင်
နေခဲ့ဦးနော်…ချစ်သူရယ်…။

အရာရာအားလုံး အဆင်ပြေနိုင်ရင်
တစ်ချိန်မှာ ဖြစ်ဖြစ်……
တစ်နေရာမှာ ဖြစ်ဖြစ်……
ငါ့နှလုံးသားရဲ့ ကဗျာစကားတစ်ခွန်း
မင်းကြားယောင်မိမှာ ပြန်လာခဲ့မယ်…

ဘယ်သူမှာ မသိနိုင်အောင်
တိုးတိုးတိတ်တိတ်လေးပါပဲ
လှမ်းလာခဲ့အုံးမယ်……။

ရှင်သန်ခြင်းတို့ရဲ့ ကဗျာတစ်ပုဒ်
ကိုယ့်ပိုင်ဘဝ မှတ်တမ်းတစ်ခုပါ……။

0 Comment:

Post a Comment

 
;