Tuesday, September 18, 2012

♥♥ အချစ် သမိုင်း ♥♥

ဒီတစ်သက်မှာ တစ်ခါတည်း……
ဒီနှလုံးသားမှာ တစ်ယောက်တည်း…
ကိုယ့်ဘဝကို အလှပဆုံး ရှင်သန်နိုင်ဖို့
မင်းကို ချစ်ခဲ့တာပါ………။

ဘယ်သူမှာ ဖြတ်တောက်မရတဲ့
ဒီရင်ထဲက အနှောင်းအဖွဲ့များဟာ…
မေတ္တာတရား သံယောဇဉ်ကြိုး…
သစ္စာတရားနဲ့ ငါ့ချည်းနှောင်းထားခဲ့မယ်…

တယုတယ လက်အစုံကို တွဲ……
သမုဒ္ဒရာပင်လယ်ပြင်ကြီးဆီကို
မင်းနဲ့ အတူ စီးမျော်ပါရစေအုံး……

လျှိုဝုက်ချက်များ ထားလိုက်
တိမ်တွေ ဖုံးလွှမ်းသွားတဲ့
လရောင်လေးလည်း ကွယ်မပျောက်သေးခင်
ဒီနှလုံးသားထဲက ချစ်သူ……
ချစ်သူ ဒီနှလုံးသားကို ဝင်ရောက်ပြီး
လာလည် ကြည့်လိုက်ပါ……
မင်းအတွက် အချစ်တွေက
လင်လက်လို့ တောက်ပနေဆဲပေါ့……။

ကောင်ကင်ကြီးဆီက အရောင်တွေမှိတ်
ကြယ်တစ်စင်းဟာ ပြိုပြွမ်းကာ
ကြွေကြဖို့ အချိန်တန်ပြီးလား……
ဟော့ ……မင်းအတွက်နဲ့
ကြယ်တစ်ပွင့် ကြွေရပြန်ပြီး………
အမှောင်ညမှာ တိတ်တဆိတ်
မျက်ရည်ကျရပြန်ပြီး……
အိပ်မက်ထဲမှာ လမ်းခွဲရပြန်ပြီး……
အရာရာအားလုံးကို အဆုံးသတ်…
မိုးသောက်ယံလို့ လာခဲ့ပြီး……။

နေ့သစ်တွေရဲ့ ခြေလှမ်းတွေ
ငါ့လှမ်းခဲ့သမျှ မင်းကို သတိရတယ်……

နေရာသစ်တစ်ခုကို မင်းထွက်သွားခဲ့……
ငါ့ နံဘေးမှာ ဘယ်သူရှိမလဲ……

မျှော်လင့်ချက်တွေ နှောင်းသွားတဲ့ ငါ့အတွက်
မင်းခြေရာတွေ ကျန်ရစ်ခဲ့လို့လား……
ထားရစ်ခဲ့လို့လား……ပျောက်ဖျက်နိုင်ခဲ့လို့လား
ငါ့ ဘာမှာ မရှာချင်တော့ပါဘူး……။

သူရင်ခွင်ထဲမှာ တစ်ခြားတစ်ယောက်…
ဝင်ရောက်သွားခဲ့တော့……
သူ ပျော်ရွှင်နိုင်လိမ့်မည်……

ဒီရင်ခွင်ထဲမှာ ဆူးတစ်ချောင်း
စူးနစ်လို့ ဝင်ရောက်…
ငါ့နာကျင်ရရင်လည်း…
ကြိတ်မှိတ်ပြီးတော့
နေလိုက်ရုံပါပဲ………။

ငါ့ အချစ်တွေက…
ကြေငြာခြင်းတော့ မရှိပါဘူး……
(ဒါပေ့မဲ့)--------
နှလုံးသား ဒဏ္ဍရီမှာ
ကဗျာများ ကမ္မည်းထိုးလို့
ရာဇဝင် တွင်တဲ့အချစ်နဲ့
ငါ့ သမိုင်းမှာ ရေးမယ်……

ငါ့ချစ်သူကို ……
အရမ်းချစ်ပါတယ်……။

0 Comment:

Post a Comment

 
;