Sunday, September 16, 2012

♥♥ ရှင်သန်မြဲ အချစ် ♥♥

ဒီနှလုံးသားထဲက

အချစ်တွေဟာ

ဆန်းကျယ်ခဲ့တယ်

မမုန်းလိုက်ပါနဲ့နော်……။



တိမ်စိုင်းတွေ……

လွှင့်မျော်နေရင်းနဲ့ ခရီးဆက်

အနောက်က ကျန်ရစ်ခဲ့တဲ့

တိမ်တိုက်တစ်ခု

အထီးကျန်ဆန်လွန်းလို့

ကွယ်ပျောက်ဖို့ ကြိုးစားနေခဲ့သလား…။




လေလိုရာလွှင့် နင့်လိုရာသွား

နင့်အကြိုက် လိုက်လျှော့ကာ

ရှုံးနိမ့်မှုတို့ကို မေ့ထားခဲ့မယ်……။

ငါ့အချစ်တွေကို

သမိုင်းမှာ ရေးထိုးရအောင်

ရာဇဝင်တွင်းခဲ့တာ မဟုတ်ပါဘူး……

(ဒါပေ့မယ့်)-------

မင်းအသိုင်းအဝိုင်းတွေထက်

ငါ့အချစ်ကြီးခဲ့တာပါကွယ်………။



သိပ်ချစ်တော့လည်း……

သိပ်ခံစားခဲ့ရတယ်………


ခဏတာအတွက်နဲ့

ချစ်ခဲ့တာ မဟုတ်ရပါဘူး……

တစ်ဘဝလုံးအတွက် ရိုးမြေကျကျ

ဒီအချစ်တွေက ရှင်သန်မြဲ

မင်းရက်စက်ခဲ့လည်း…

ဆက်ချစ်နေအုံးမှာပါ…………။

♥♥ ငါ့ သိပ်ချစ်တဲ့ ……ကောင်မလေး ရယ် ♥♥

0 Comment:

Post a Comment

 
;