ငါ့တို့နှစ်ယောက်ရဲ့ ကတိစကားသံတွေ
အရင်လို့ပါပဲ ကြားယောင်နေသလို့
ငါ့ တမ်းတမှုတွေလည်း……
အရင်လို့ တောင်းတနေဆဲပေါ့……။
ဘယ်အရာမှာ မမျှော်လင့်ပေ့မဲ့……
မင်းနဲ့ နီးစပ်ဖို့တော့
ငါ့နှလုံးသားမှာ ရှင်သန်နေတုန်းပါပဲ…။
မင်းက ကျော့ခိုင်းနိုင်ပေမဲ့လည်း
ငါ့ရင်ထဲမှာ လွမ်းရလွန်းလို့
တိတ်တဆိတ်ကျခဲ့ရတဲ့ မျက်ရည်တွေက
မနည်းတော့ပါဘူး…………
ခံစားရတဲ့ ဝေဒနာနေ့ရက်တွေထဲမှာ
နှလုံးသားကပေးတဲ့ ဒဏ်ရာများလည်း
မင်းပြန်လာမှာ……
ပျောက်ပျက်နိုင်မယ် ထင်တယ်…။
2 Comment:
ကဗျာလေးတွေ မိုက်တယ်ဗျာ။
ကဗျာလေက. ကျွန်တော်ခံစားချက်နဲ
တစ်ထက်ထဲ့ကျနေတယ်ဗျာ
Post a Comment