ချစ်သူရေ……
ကိုယ့်ဘဝဟာ…မင်းအတွက် မွေးဖွားလား
ရှင်သန်ခြင်းက ခဏတာ
ကိုယ့်မသိသေးတဲ့……
သေခြင်းတရာတစ်ခုပေါ့……။
ချစ်သူရေ……
ကိုယ့်နှလုံးသားများကို
မင်းမာနတွေ ရိုက်ခတ်
အမှတ်တမဲ့လို့လည်း သတိမထားမိဘူး…
စိတ်ကူးထဲမှာတော့……
မသေပဲ ရှင်သန်တဲ့ ကဗျာတစ်ပုဒ်
မမုန်းသော စကားလုံးမီးဝိုင်းကံကော်တွေ
သေပဲ့ သေဆုံးတော့ မလို့……
ကြွေရင်နဲ့ ဝေပြတော့ မလို့ပဲ……
တမ်းတမှုတွေ ဆက်မလိုချင်တော့ဘူး…။
ခဏလေးပါပဲ…ပျောက်လွင့်သွားတဲ့
တိမ်တိုက်တချို့ကတော့……
လောကကို နှုတ်ဆက်ဖို့
ကောင်ကင်မှာ လွှင့်ပါးဖို့အတွက်
အားယူနေကြပြီး……ချစ်သူ…။
ဖေးကူးမယ့်သူ မရှိ……
လွဲစရာများ ထားရစ်ခဲ့……
သွေးပူမှာလည်း ကြောက်မိတယ်…
ချစ်သူမျက်နှာ မြင်ယောင်မိတော့လည်း
လက်အစုံဟာ မျက်ရည်သိမ်း
ကိုယ့်ပဲ သူစိမ်းဆန်မိပါတယ်……
ချစ်သူရေ……
ကိုယ့်တို့တစ်တွေ……
လောကလယ်မှာ……ဘဝကို
အချိန်နဲ့ ကျော်ဖြတ်……
သင်္ခါရ၏ သေဆုံးခြင်းကို
ကိုယ့်တို့ ကျော်ဖြတ်နိုင်ရန်
အားအင်မရှိပါဘူး……
ဒါပေ့မယ့်~~~
မင်းရဲ့ ရှင်သန်ခြင်းတစ်သက်တာမှာ
ကိုယ့် မရှိတော့သလို့……
ကိုယ့်သေဆုံးခြင်းရဲ့ အိမ်ပြန်လမ်း
မင်းလည်း လိုက်လိမ့်မယ့် မထင်ပါဘူး…။
လောကရဲ့ ဓမ္မတာအတိုင်းပဲပေါ့……
ကိုယ့်တို့ ဒဏ္ဍာရီတွေ သိမ်းဆည်း
နောက်သံသရာတစ်ခုမှာ……
မှတ်မိနိုင်ဖို့ ဆိုတာ……
မင်း~~~~နဲ့~~~~~ကိုယ့်
ဘဝတစ်ခု ခြားနားတော့မှာပါ……
ချစ်သူရယ်…………။
0 Comment:
Post a Comment