Thursday, September 27, 2012

အိပ်မက်ရဲ့ လမ်းခွဲ

ညတွေက…မှောင်ရီပျိုးချိန်
အလွမ်းနဲ့  မှေးစက်ကာပြု
အိပ်မက် လမ်းခွဲ
အလင်းမဲ့ ရင်ခွင်တစ်ခု
နှုတ်ဆက်မိသူကို…လှည့်လို့ပြန်ခေါ်
ကြားယောင်နေလည်း…
သူ့က မကြည့်တော့……
အမုန်းရှိဆဲ…ရက်စက်တတ်ပါဘိ...။

အိပ်မက်တို့ရဲ့ လမ်းခွဲ……
ညဥ့်နက်ပန်းများ ကြွေကျပါလေ…
ချစ်မီးရောင်တွေ မှိတ်ကာပြတော့…
ပျောက်ဆုံးသွားသော…
မနက်ဖြန်လမ်းစများ…
ကိုယ့် လိုက်ရှာမိသည်……။

တယောသံစဉ်…ယဲ့ယဲ့လေးညည်းလို့
ချစ်သူတေးသွား…ပျောက်ရှခဲ့ရာ
သံယောဇဉ်ကြိုးများ…ချည်းထုံး
ဒီရင်ထဲမှာ…ပဲ့တင်သံများ ချောက်ခြား
အလွမ်းပိုလည်း…ရူးမိုက်ရသည်…။

ဝေးဝါးစွာနဲ့ မျှော်လင့်ချက်များ…
သူ့……ဖြတ် ချိုး ရိုက် ဖျက်……
အိပ်မက်များရဲ့ လမ်းခွဲ
ဆုံဆည်းဖို့ရန် မရှိပါ…
မလိုလားခဲ့…သူထားသွားလည်း
အိပ်မက် လမ်းကလေးမှာ…
လွမ်းလွမ်းဆွေးဆွေးနှင့်
စောင့်မျှော်နေမိသည်……။

ကိုယ့်ချစ်မိသော သူ့သိပါစေ…
ရင်ကွဲညရဲ့ အိပ်မက်အသေများ
အကောင်အထည် မဖော်မိလည်း
လန့်ကာနိုးထ……ငေးကာမျက်ဝန်း
ငိုမောနေချိန်…
အလင်းရောင်တို့ ဖြန့်ဖြူး……
မိုးသောက်ယံလို့ လာခဲ့ပြီး……။


1 Comment:

Unknown said...

ကောင်းတယ်

Post a Comment

 
;