Saturday, September 22, 2012

လွမ်းတဲ့ ကောင်မလေးရေ……

လွမ်းတဲ့ ကောင်မလေးရေ……
ငါ့မှာ ရှိသမျှ နေ့ရက်တွေထဲ
မင်းကို မလွမ်းတဲ့ အခါ မရှိရပါဘူးကွယ်…။

ဟော့ ဟိုက……
ရီသံ သဲ့သဲ့လေး ကြားယောင်မိ
ငါ့ နှလုံးသားကို တှုန်လှုပ်စေ
အမြတ်နိုးဆုံး…မင်းရဲ့ ရီသံတစ်ခုပါ…။

လွမ်းတဲ့ ကောင်မလေးရေ……
ချစ်လျက်နဲ့ ဝေးကွာသွားခဲ့
ငါ့ မျက်ဝန်း တစ်စုံမှာ
မင်း ပျောက်ကွယ်သွားတဲ့ အခါ
မရှိရပါဘူးကွယ်………။

ဟို ရှေ့က အနာဂတ်လမ်းပေါ်မှာ
တိတ်တဆိတ် လျှောက်လှမ်း
ငါ့တို့ရဲ့ အကြင်နာတွေကို
ပစ္စုပ္ပန်က ဆုံဆည်းခွင့်ပေးလိမ့်မယ်……။

လွမ်းတဲ့ ကောင်မလေးရေ……
ငါ့ နံဘေးနားက ချစ်သူ့
မင်းရဲ့ နူးညံ့တဲ့ လက်အစုံကို တွဲဖက်
ထာဝရကို လျှောက်လှမ်းချင်တာ
ငါ့ရဲ့ အမြင်ဆုံးအိပ်မက်ပါကွယ်……။

လွမ်းတဲ့ ကောင်မလေးရေ……
အလွမ်းတွေကို ပျောက်ဖျက်
အချစ်တွေ ခိုင်မြဲအောင်
ငါ့တို့ နီးစပ်ရဖို့အတွက်
ဆုတောင်းပေးပါလားကွယ်……။

ကိုယ့်ကို အချိန်တိုင်းမဟုတ်ရင်တောင်
ခဏတာ သတိရနေပေးပါ……
ကိုယ့်ကတော့ မင်းကို
မေ့လိမ့်မယ် မဟုတ်ပါဘူး……။

နည်းပါးလွန်းတဲ့…ငါ့တို့ရဲ့တွေဆုံချိန်ကို
အတိတ်နေရာတစ်ခုမှာ ထားခဲ့
အကြင်နာဆုံးနဲ့ ပွေ့ဖက်
သံယောဇဉ်တွေ ချည်းနှောင်းလိုက်
ရွေ့လျားနေတဲ့ နာရီကို
ရပ်တန့်ထားလိုက်မယ်………
ထာဝရ တွေဆုံခွင်ရဖို့ပါ
ငါ့သိပ်ချစ်တဲ့ ကောင်မလေးရယ်……။

3 Comment:

အလွမ်း said...

အရမ်းကောင်တယ်ဗျာ

Anonymous said...

အလွမ်းကဗျာ--အားလုံးကိုကြိုက်တယ်-----ဟား
ကျေးဇူးလည်း--တင်ပါတယ်

Unknown said...

ဖတ်လို့အရမ်ကောင်တယ်
Thank

Post a Comment

 
;