Thursday, September 13, 2012

ကျွန်တော် ဒဿနများ


နေ့သစ်တွေရဲ့
ပက်သက်ရှိုင်းသံများ
တေးသံသာက ချိုနေလေ၏

ကံကြမ္မာဟာ
ကျောက်ဆောင်အထုများ
လေပေါ်မှာ ပျံဝဲနိုင်ရန်
အားခဲနေလေပြီး……

ငှက်ကလေးများ ပျံသန်းရာ
သူခြေရာများ ကျန်ခဲ့လေသလား……

မဆုံတော့တဲ့ မျဉ်းပြိုင်နှစ်ခုရဲ့
တစ်ကွေ့ကွေမှာ အဆုံးသတ်ကြ
တစ်နေရာပဲ ဆုံရာလေပြီး

ပင်လယ်ပြင်ရဲ့
ဟိုတစ်ဖက် ကမ်း
လှမ်းမမြင်ရလျှင် အားလျှော့ကြ
ငါ့တို့ရဲ့ ဇွဲ
ရေအောက်မှာ မြုပ်နစ်သွားခဲ့လေရဲ့……

အိမ်လွမ်းသူတို့ရဲ့ ဝေဒနာ
နှလုံးသားမှာ သိမ်းထားမြဲ
သိမ်းဆည်ခဲ့ ကြိတ်မှိတ်ပြီးတော့
နေလိုက်ချင်သည်……

လူရွှင်တော် တစ်ယောက်
မျက်ရည်ကျရာလေတော့
မည်သူက သနားမလဲ…

ပူလောင်ခြင်းရဲ့ နေဝန်းကြီးကို
မည်သည့် သိပ္ပံပညာရှင်ဟာ
ပျောက်ကွယ်အောင် လုပ်ပေးနိုင်သလဲ……

အားလုံးရဲ့ စကားသံ
လေထဲက ထွက်ကြလာ
လေထဲ၌သာ ပျောက်လွှင်ကုန်လေ၏…

ဘဝရဲ့ ဒဿနများ
ပညာရှင်တစ်ဦးတစ်ယောက်တည်း ရှိတာမဟုတ်
လူတိုင်းဟာ အသိညဏ်ရှိကြပါလေသည်

ငမိုက်သားတို့ရဲ့
လက်တစ်ဖက် ဆေးလိပ်ကိုသာ ကိုင်တတ်ကြ၏…စိတ်၏အရာကိုသာ ကိုင်တတ်လေပြီး…

ကိုယ့်လျှောက်တဲ့လမ်း ကိုယ့်မဖောက်……
ကိုယ့်ဖောက်တဲ့ လမ်းကိုသာ
လျှောက်ကြကုန်လေ၏…

မိန်မသားများရဲ့ လက်နက်
မာယာကိုသာ သုံးကြ၏
ယောကျာင်္းသားတို့ရဲ့ လက်နက်
ဓားလှံ သေနတ် အင်းအားများကိုသာ
သုံးစွဲကြလေပြီး……။

စိတ်ကူးရာ လှော်
မှန်းတိုင်းများ ဝင်ရောက်
ဒီလောကကို ငါ့နှုတ်ဆက်လိုက် ပြီး…

လေလွှင့်ရာ လမ်းမှားလေလည်း
ငါ့လျှောက်ခဲ့မိတာ
ပျောက်ကျသွား
မျှော်လင့်ချက်တွေ……
နေဝင်ခဲ့ပြီးပေါ့……။

1 Comment:

Post a Comment

 
;