Saturday, September 22, 2012

ကိုယ့်ဘဝ တောင်တန်ပြာ

အလှပဆုံးရဲ့ ဆောင်းတစ်နေ့မှာ……
မြူတွေဆိုင်း တစ်တောင်လုံး
နှင်းခဲများဖုံးလွှမ်း တောင်တန်ပြာကတော့
ငါ့ဘဝ……ငါ့နှလုံးသား……ငါ့အချစ်ကို
ရပ်တန့်ထားလို့ လက်ပြပြီး
လှမ်းခေါ်နေသလားကွယ်……။

ခဏ ခဏပါပဲ့……ယောင်မိလို့ လှမ်းအော်
ဒါ့………ငါ့ဘဝတဲ့လား……
ဘာမှာ မကြားချင်တော့ဘူး……
နားနှစ်ခုကို အလုံပိတ်……
တိရိစ္ဆာန်ဟိန်သံများ ကြားခဲ့လေပေါ့…။

တောင်တန်ပြာက ကိုယ့်ဘဝ
လျှို့ဝှက်ချက်ထားလို့………
အောင်မြင်ရဖို့ အတွက်
တောင်ထိပ်မှာ လေလွှင့်…
အလံထူးမှာ မဟုတ်ဘူး……။

ကိုယ့်ဘဝက တောင်တန်ပြာ
မြင်တော့ မမြင်ခဲ့ပါ……
တောင်ခြေ၌သာ ရှိနေသည်……
နှင်းတွေဝေ……မြူတွေဆိုင်းလို့
ကိုယ့်ဘဝကို ဖုံးလွှမ်းပြီးနေမယ်……
နေရောင်ခြည် မထွက်လာချိန်
အထိပေါ့ကွယ်……။

အချိန်တွေ နှောင်း……
ဆင်းရဲဒုက္ခ ကြုံလာ
သူ့ဘဝ တိုးတက်ဖို့အတွက်
ငါ့ တောင်တန်ပြာကို
ဖြုန်းတီးပစ်မယ်ဆိုလည်း……
ငါ့ကျေနပ်စွာနဲ့
လည်စင်းပေးမယ်……။

ဟော့…………
တစ်ချိန်တုန်းက ဒီနေရာမှာ
နှင်းတွေဖုံးလွှမ်း မြူမှုန့်တွေ ကြွေ
ကိုယ့်ဘဝ တောင်တန်ပြာက
အခုတော့……ပျောက်ကွယ်ပါပြီးလေ…။

0 Comment:

Post a Comment

 
;