Sunday, September 23, 2012

♥♥ ပေးဆပ်ခွင် ♥♥

သူ့က မုန်းနေပါလျက်နဲ့
အနားမှာ နေခွင်ရချင်တဲ့ ငါ့
ဥပက္ခာတွေ အဖန်ဖန်ရရင်း
ဂရုမထား……အရှုံးများနေလည်း
ပေးဆပ်ပါဦးမယ်………။

အဝေးတစ်နေရာမှာ……
ပေးဆပ်ခြင်းတွေနဲ့…
အချစ်တစ်ခုကို
ပိုင်ဆိုင်ခွင် မရှိခဲ့ပါ……

အနီးစပ်ဆုံး ရင်ခွင်မှာ
သူ့ရဲ့ လျစ်လျှူးရှုမှုကို
စာမဖွဲ့ ဖြေသိပ်စရာမရှိ
ကြိတ်မှိတ်ပြီးကာ ချစ်ခွင်ရရုံပါပဲ……
အဲဒီ စိတ်ကူးကမ္ဘာနဲ့ပဲ
ငါ့ ကျေနပ်နေဆဲပေါ့………။

နာရီတွေထဲ…အလွမ်းလက်တံ
တရွေ့ရွေ့ လည်ပတ်လို့ ကောင်းတုန်း
အချိန်ဟာ ကုန်ဆုံးသွား
သူနဲ့ ဝေးကွာခဲ့ရပေါ့………။

အလွမ်းသင့်သူရဲ့ ကျိန်စာ……
ဆိုပြလို့ မှားခဲ့လေသလားကွယ်……

ပေးဆပ်သူရဲ့ သက်ရောက်မှု……
တုံ့ပြန်မှု မရလေသလား………

အချစ်ကြီးသူရဲ့ ကံကြမ္မာ……
ယိုးမယ့်ဖွဲ့ရတော့မှာလား………

အရာရာအားလုံးအတွက်……
ပြင်ခွင်ရမယ်ဆိုရင်လည်း……
ဒီရင်ထဲက အချစ်တွေပေးဆပ်
နာလည်မှုနဲ့ ရှေ့ဆက်တိုး
ခိုင်မြဲတဲ့ လက်အစုံကို တွဲဖက်
အမုန်းမပါ……ဖြူစင်သော လမ်းကို
ငါ့နဲ့မင်း အတူလျှောက်……
နှလုံးသားရဲ့ သဘာဝအလှ
အချစ်တွေက သာယာနေလိမ့်မည်……။

0 Comment:

Post a Comment

 
;