Saturday, September 22, 2012

မေတ္တာသမား အသည်း


မင်းရဲ့ သီချင်းဆိုသံ
ငါ့ နှလုံးသားကို လှုပ်ခတ်
နားဝင်ချို တေးသံသာများနဲ့
စီးမျှော်ရင်းကာ
စီးဆင်နေဆဲပေါ့ကွယ်……

တစ်ဝက်တစ်ပြယ်
ရပ်တန့်သွားလို့
စိတ်ကူးယဉ် အချစ်တစ်ခု
တို့နှစ်ယောက် သံစဉ်များ
ပျက်သုဉ်း ခဲ့လေရဲ့……

အနီးကပ်ဆုံး ဖြတ်သန်းသွားသော
လေပြင်းများကြောင့်
သူရဲ့ မာနတွေက
ခါချတတ်ခဲ့ပြီးပေါ့……

မဆုံနိုင်သော မျဉ်းပြိုင်နှစ်ခု
သောကလမ်းကြောင့်ပေါ်မှာ
ဆုံနိုင်အောင်လည်း
မကြိုးစားချင်ခဲ့ပါဘူး…

သူကိုချစ်တဲ့ ငါ့……
ငါ့ချစ်တဲ့ သူကို……
အဝေးတစ်နေရာမှာ
မြတ်နိုးတွယ်တာ
ကြင်နာ ရုံကလွှဲလို့
ဘာနဲ့မှာ နှိုင်းယုဉ်မရ
ဒီမေတ္တာသမား အသည်း
ကျွမ်းကြေခဲ့ရပြန်ပြီး……။

0 Comment:

Post a Comment

 
;