Saturday, September 29, 2012

♥♥ ကြင်သူ ဝေးဝေး ♥♥

♥အရမ်းကောင်းတဲ့ ကဗျာလေးပါ♥ သည်ဘဝသည်မျှနဲ့တန်ရပေ့…
နောင်ဘဝသော်မှာ…
သူ့လေးကို ပိုလို့ချစ်မယ်… အရာများသည်ထက်…
အချစ်ကြိုးများ လွန်ဆွဲလို့ကစားမိသူ…
စည်းလည်းတစ်ဖက် ခြားနေလေ၏……။

စွယ်တော်ရွှက်သဖန်း ခွဲမနေအတူ… အလိုလိုခွဲခွာသွားသည်နှယ့် လောကဓံပွင့်ဝတ်ကယ်……
ကံတရားဟာ ညှာတံကြွေလို့……
လွဲသွေမိ၍ လမ်းခွဲကြစတမ်း ဖြစ်လေရတော့သည်……။

အနှစ်တစ်ရာ…ချစ်ရှာသင့်သူမို့
သစ္စာနှင့် မြတ်နိုးမယ်………
မေတ္တာဖြင့် ကြင်နာမိတယ်…
တစ်သက်ဝယ် ယုံတမ်းပါလေ………။

အချစ်ဆုံးသူ…စိတ်၌ ပျော်ရွှင်ပါလေ… ကိုယ့်ဝမ်းသာပီတီ…ကြည့်နူးမိသည်…

အသည်းကျွမ်းခဲ့ရ…အချစ်များကြေခဲ့ပြီး

ညရုံတောမှာ…ကဗျာများပျံ့လွှင့် ကိုယ့်အလွမ်းများကာ ပွေ့ရက်ပေ့ တမ်းတနေမိတယ်…အချစ်ရယ်………။ ♥ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း ပြည့်ကြပါစေ~~ဗျာ♥

0 Comment:

Post a Comment

 
;