Thursday, September 13, 2012

အဆုံးသတ်


ချစ်သူ……
မင်းနဲ့ ပြန်မဆုံနိုင်တာကို
သိသာနေတာ
ဒီရင်ခွင်မှာက လွမ်းနေမိတယ်
မင်းမုန်းလို့သွားခဲ့ ငါ့ကို
ကျေနပ်စွာ ထားရစ်
နာကျင်မှုနဲ့ ကျန်ခဲ့လေပြီး…။

မင်းမသိတဲ့ ငါ့အချစ်တွေဟာ
လေလိုရာလွှင့်ပျောက်ခဲ့ပေါ့
ငါ့မင်းကို လွမ်းမိတာ
မသိစိတ်နဲ့ သတိရခြင်းတွေက
အချိန်ဆိုတဲ့……
ပင်လယ်ပြင်ကြီးဆီမှာ
စီးမျှော့ရင်ကာ စီးဆင်းနေဆဲပါ…။

ဟို…အရင်တုန်းက
မငိုတတ် မျက်ရည်မကျတတ်တဲ့
ငါ့မျက်ဝန်းတစ်စုံဟာ
အခုကျတော့……
မင်းအတွက်နဲ့
ခိုးခိုးပြီး ငိုနေတတ်ပြီးပေါ့…။

မင်းအချစ်……
မှော်ဆန်ဆန် လှည့်ကွက်များနဲ့သာ
ငါ့ကို လှည့်စား
ကြေကွဲစရာကောင်းအောင်
မင်းလုပ်ပြ နိုင်ခဲ့တယ်…။

တို့နှစ်ယောက် လမ်းခွဲ
မင်းပြောခဲ့တဲ့ အမုန်းစကား
လေထဲမှာ အဆိပ်ငွေ့ပမာဏလို့ပဲ
ပျံ့နှံ့သွားတော့
ရှုရှိုက်မိသူ ငါ့က
နာကျင်စွာနဲ့ အဆုံးသတ်ပြီးပေါ့……။

0 Comment:

Post a Comment

 
;