Friday, December 21, 2012

ဝေဒနာ အဖော်

သူမရဲ့ ထိရှလွန်းတဲ့ လက်သည်းတွေက
ငါ့ရင်ထဲကို တဂျစ်ဂျစ်ခြစ်လို့
ငါ့နားမခံနိုင်ဘူး
ကောက်တိကောက်ကွေးနဲ့ လူးလွန်းလို့
ဥတုကို အန်တုရင် ပင်ပန်းလှချည်း ။

ကောင်းကင်ပြာပြာဆိုတာ
စကြာဝဠာရဲ့ အနားသတ်မျဉ်းကွေးမဟုတ်
အမြင်ကန့်သတ်မှုတစ်ခုပေါ့
ဒီလိုပဲ့.....ငါ့အချစ် ။

င့ါနှလုံးသားကို......
အနီစပ်ဆုံး ဘာသာပြန်ဖို့
ဝေါဟာရတစ်ချို့
လေဟာနယ်ထဲမှာ ပျောက်ဆုံးနေ
ဒါ့...ငါအစိုးရိမ်ဆုံး ကိစ္စ
ဒါကို နာမလည်နိုင်တာက
သူမ နှလုံးသားပဲဖြစ်တယ်...။

မျက်မှန်တစ်လက်ရဲ့ မှန်သားပြင်ထဲမှာ
လျှက်တပြက်ပေါင်များစွာ
ပျော်ဝင်ဖြစ်တည်နေတာက
သိမ်မွေ့ရိုးရာဝတ်စုံနဲ့ သူမ
စုးရှနက်ရှိုင်းတဲ့ စာအုပ်ထူထူကြီးကိုဖတ်လို့
အဝါရောင် ပန်းရိုင်းတစ်ပွင့်ကို ပန်လို့
စံတစ်ခုကို ရှာဖွေနေလေရဲ့........။

(အခုတော့ ထင်မိပေါ့)
ယောကျာင်္းလေး တစ်ယောက်ရဲ့
လက်ခမောင် ခတ်သံ
အနာဂတ်ကို ပဲ့တင်ထပ်စေဖို့
စိုနုတဲ့ နှုတ်ခမ်းတစ်စုံ လိုအပ်နေလေရဲ့.......။

မင်းနဲ့ င့ါ
ဘဝ အတူ
ဘာသာဗေဒ အတူ
ယုံကြည်ချက် တူပါလျက်နဲ့
မင်း မူးနေအုံးမှာလား
ပကတိသန့်စင် အပြုံးကိုမှာ
လောကမှာ စွဲမက်နေမယ်......။

မိန်ကလေးရေ.......
ငေးမောမနေနဲ့
ငါ့ ကျော့ကုန်းကို ပွတ်သပ်လိုက်ပါ
တို့ နေမင်းကြီးကို
အမီလိုက်ရအုံးမယ်လေ........။  ။

0 Comment:

Post a Comment

 
;