Sunday, December 23, 2012

အလွမ်း မျက်ရည်

ပင်လယ်ဟာ....
ပူလောင်တဲ့ သူရင်ခွင်ထဲက
အလွမ်းမီးလျှံ အပူငွေ့တွေကို
ချစ်သူ ကောင်းကင်ဆီ
အလွမ်းလက်ဆောင် ပိုပေးလိုက်တယ်......။

ကောင်းကင်ကလည်း...
အလွမ်းလက်ဆောင်ကို ငေးလို့
ရင်နင့်အောင် ရှိုက်ရှိုက်ပြီး
အလွမ်းသမား ပင်လယ်ထဲကို
မျက်ရည်တွေ ရွာချလိုက်တော့တယ်......။   ။

0 Comment:

Post a Comment

 
;