Tuesday, October 02, 2012 0 Comment

°•°•°•°•!!ဝေးဝေးက!!•°•°•°•°

တွေခွင့် ကြုံခွင့်လေးပါ…
ချစ်သူမျက်နှာ အလှဟာ
ဒီနှလုံးသားကို လှုပ်ခတ်
ပန်းနုရောင် အိပ်မက်ထဲမှာ
ဝေးဝေးကပဲ ကြည့်ဖြစ်တော့တယ်…။

ချစ်ခွင့်…ကြင်နာခွင့်လေးပါ…
သံယောဇဉ်ကြိုးများ ချည်းထုံး
ဒီဘဝ…တစ်သက်လုံးအတွက်
ဆိုင်သူမသိတော့တဲ့ အခါ
နာကျင်စရာ…ရင်ကိုခွဲကာ
ဝေးဝေးကပဲ တမ်းတတော့မယ်…။

လွမ်းခွင့်……သတိရခြင်းပါ……
နေ့ရက်များဟာ ဒဏ်ရာ
အချိန်တွေကို ပန်းများကဲ့သို့ သီးကုံး
ကိုယ့်ရင်ထဲမှာ သိမ်းဆည်းမိကာ
တစ်ဘဝလုံး ပန်းများ ဖုံးလွှမ်းနိုင်ရဲ့.....။

မြတ်နိုးခွင့်နဲ့ တွယ်တာရုံပါ…
ပိုင်ဆိုင်မှု မရှိလည်း……
ရဂုံမြုင်လမ်းမှာ……ဆွေးမြေ့ပါစေလေ
ဝေးဝေးကပဲ……ကျွမ်းကြေရမှာ
မျှော်လင့်ခြင်းရဲ့ ရင်ခုန်သံ
ရက်ရက်စက်စက် အဖြည့်ခံချစ်သူပါ…။

လျစ်လျူမရှု…ဂရုစိုက်မှာပါ…
အနီးစပ်ဆုံး နေခွင့်မရ…
ယုယခြင်းရဲ့……နှလုံးသားအစုံ
ရှင်သန်နေလျက်နဲ့ သေဆုံး
ဘဝတွေ ခြားနားလည်း
ဝေးဝေးကပဲ…စောင့်ရှောက်တော့မယ်…။

ပေးဆပ်ရုံနဲ့…သစ္စာရှိမှာပါ…
အနက်ရှိုင်းဆုံး ဖမ်းဆုပ်ခွင့်မရ…
အချစ်ရဲ့…ဒြပ်ဝတ္တုတစ်ခု မဟုတ်တော့
ဝေးဝေးကပဲ………
လျှိုဝုက်ခြင်းနဲ့ အနစ်နာခံပြီး
ပေးဆပ်ခွင့်ရရုံလည်း ကျေနပ်ပါတယ်ကွယ်……။

မေတ္တာတရားနဲ့…ဝါသနာပါကွယ်…
ချစ်သူမရှိ……ကြင်သူမသိတော့တဲ့
ဒီရင်ထဲမှာ…ခံစားချက်များ မျိုသိပ်
ဝေးဝေးကပဲ…ဖွင့်ဟ
ကဗျာတွေ ရေးနေတော့မယ်……။
0 Comment

♥ မြတ်နိုးမိသော…မေ ♥

ပျော်ရွင်ခြင်းများစွာကို ပေးချင်လို့
အချစ်သက်သက် ပေးဆပ်မှုတွေနဲ့
ရှောင်ပုန်ဖယ်ခွာ ပြေးထွက်ရက်သူ
အခြေအနေမတူတာမို့
ကိုယ့်မြတ်နိုးမိသော မေ……
သောကခြေရာတွေ မရှိပါပြီးလေ…။

ရင်ကွဲတာ ပူလောင်ပေ့မယ့်
ဖြေစရာ အချိန်မရှိပါကွယ်…
စိမ်းရက်တယ်လို့ ဆိုချင်ဆို
ကိုယ့်ဘဝထဲကို မဆွဲခေါ်
တွယ်တာရတဲ့……မေ
ဒီနေရာမှာပဲ ကျန်ခဲ့ပါ…
အရာရာများ နုံချာလွန်းတဲ့ ဘဝလေးမို့
ကွယ်ရာက မြတ်နိုးတော့မယ်……မေ …။

မျှော်လင့်ခဲ့လေတော့……
မကြင်နာရက်တယ်……မေ
အပြစ်လို့တော့ ဆိုချင်သလား…
မေ……မေ့ပစ်နိုင်ရင်လည်း
ကိုယ့် အပြစ်ပါကွယ်……
တိတ်တခိုးပဲ မြတ်နိုးတော့မယ့်……မေ…။

သမုဒယများ ရှိနေလည်း…
သံယောဇဉ်တွေ မမြင်ရတာမို့
ချစ်တတ်တဲ့ ကိုယ့်အသည်း
မထိရှပါပြီးလေ……
လွမ်းလို့ တမ်းတပေ့မယ့်
ဘဝဟာ မတူညာသော်လည်း
သည်နေတဲ့ ကိုယ့်မျက်ဝန်း
သုတ်ပစ်ပါပြီးကွယ်……
သိပ်ချစ်တယ်……မေကို
နီးစပ်ခွင့်မရလည်း……
မြတ်နိုးနေတယ်……မေ……။

ဒီရင်ထဲမှာ သိမ်းဆည်းထားသော
ပန်းခြောက်ကလေးများ
ဖွင့်ဟ လွှင့်ပစ်ဖို့ရန်
အင်းအားမရှိပါဘူး………မေ……။

မွန်ကျပ်စရာ…ခံစားချက်တွေက
အကြင်နာ နှုတ်ဖျား…
နှေးကွေးသော လေသံများနဲ့ပဲ
ကိုယ့်မြတ်နိုးမိသော…မေ
မသိပါလားကွယ်……။

နှလုံးသား အက်ကွဲကြောင်းတွေမှာ
ဝေဒနာမျိုးစေ့များ ပြန်ကျဲ့
အချစ်ဘာသာကို မမေးပါလို့
ဒဏ်ရာများကို ဟန်ဆောင်ထိန်းကာ
မေကို……မြတ်နိုးမိလို့ပါကွယ်……။

ကိုယ့် မြတ်နိုးသော…မေ
မေ မြတ်နိုးသော…ပညာ
အောင်မြင်မှုတွေ ရရှိပါစေကွယ်…။


Monday, October 01, 2012 0 Comment

♥♥ ချစ်သူ ဒဏ္ဍာရီ ♥♥

ကျွန်တော် ဝင်ရောက်လာတဲ့…
လောကကြီးတစ်ခုဆီမှာ ချစ်တတ်တဲ့
နှလုံးသားနဲ့ တစ်ယောက်တည်းကို ချစ်ခဲ့တာပါ……သူမအတွက်အမြဲတမ်း စဉ်းစားပေးတယ်…ကဗျာတွေ ရေးဖြစ်တယ်…ဒဏ္ဍာရီတွေ မှတ်ထားဖြစ်တယ်……အချိန်တွေကြာလာတော့လည်း အရမ်း မွန်ကျပ်တယ်…ဗျာ

နှစ်တွေလည်း ကူး…ရာသီအလီလီ ပြောင်း
မေ့မရတဲ့…အရာကတော့…သူမရဲ့
အပြစ်ကင်းစင်တဲ့ အပြုံးတွေပါ……
သူမကို…ကျွန်တော် အရမ်းချစ်တယ်…
သူမနဲ့ ခွဲခွာရမှာကို အကြောက်ဆုံးပဲ…
အခုတော့…ခွဲခွာသွားရပြီး…
ကျွန်တော် အိပ်မက်တွေလည်း
ဆိုးရွာစွာနဲ့ သေဆုံးစေခဲ့တယ်…
ရင်မှာထိရှသွားတဲ့ ဒဏ်ရာတွေက
အချိန်နဲ့ ကုစားလို့မဖြစ်ပါဘူး…
သူကိုလည်း မေ့မရသလို့…
မုန်းလည်း မမုန်းနိုင်ပါဘူး…
ချစ်လျက်နဲ့ ဝေးကွာတာပါ……ဗျာ

တကယ်တော့ ချစ်ခြင်းမှာ
အနေနီးခြင်းနဲ့ အနေဝေးခြင်းပဲ ကွာတာ
သစ္စာရှိရင်…စောင့်မျှော်ရမယ်…
သူကို ကျွန်တော် သစ္စာမဖောက်နိုင်ဘူး
ကတိတွေ မပျက်နိုင်ဘူး……

သူ…စိတ်ဓာတ်တွေ ကျမိရင်းလည်း
ကျွန်တော် အမြဲတမ်းအားပေးတယ်…
ကဗျာတွေကို ရွတ်ပြတယ်……
ဘဝတိုက်ပွဲကို ပြောပြခဲ့တယ်…
နွေးထွေးမှုတွေ ပေးခဲ့တယ်…
ကျွန်တော် ဂီတာသံတွေကို
သူက နားထောင်ပြီး……
နူးညံ့တဲ့ လက်ခုပ်သံတွေ အခုတော့
မကြားရတော့ဘူး…………
ချစ်လို့တော့ သေသွားနိုင်သလို့
လွမ်းလို့လည်း သေနိုင်တယ်……ဗျာ

ကျွန်တော်တို့က ဆောင်းရာသီရဲ့
နေဝန်းရောင်ခြည်အောက်မှာ
ကတိတွေ တည်ခဲ့ကြတယ်…
မြူးတွေရဲ့ တီးတိုးသံတွေ…
နှင်းသည်းမှာ အေးချမ်းစွာနဲ့
အချစ်နှစ်ခု ပေါင်းစပ်ကြတယ်…
တကယ်တော့ ဗျာ……
ကံတရားဟာ အစီအစဉ်တိုင်းပဲ
အခုတော့……မြူးတွေဆိုင်းတဲ့
လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်
နှင်းတွေ ဝေတဲ့ တောင်တန်းကိုတော့
လွမ်းလွမ်းဆွေးဆွေနဲ့ ငေးကြည့်ဖြစ်တယ်

မှတ်မိသေးတယ်…သူမဟာ
ကျွန်တော်ကို စကားတစ်ခွန်းပြောဖူးတယ်
အချစ်နဲ့ အကြိုက် မတူဘူးတဲ့…
ပညာရှာနေစဉ်မှာ……သူထက် ငယ်တဲ့
ကျွန်တော်ကို…အချစ်ဆုံးပါပဲတယ်…

ဟုတ်ပါတယ်…သူမနဲ့ကျွန်တော်
ဆုံဆည်းတဲ့ အချိန်ဟာ………
ပညာတွေရဲ့ ကျောင်းတော်ကြီးမှာပါ……
(19.2.2003)ပူအိုက်သော နွေရာသီမှာ
ကျွန်တော်က……
အသက်က (၁၃)နှစ်…ခုနစ်တန်း
ကျောင်းသားအရွယ်ပါ……
သူမဟာ…ကျွန်တော်ထက် (၁)နှစ်ကြီးပါတယ်…ရှစ်တန်း ကျောင်းသူအရွယ်ပါ……
အသက်တွေက ငယ်ပေ့မယ့်
တကယ်…ချစ်ခဲ့တာပါ……
လူတွေအပြစ်ပြောတော့လည်း ခံရတော့မယ့်
အခုဆိုရင်… ဝေးကွာခဲ့ရတာ…
(၅)နှစ်တောင် ရှိခဲ့ပြီး………

သူရဲ့ ပညာရေးအတွက်……ကျွန်တော်ကို
နှုတ်ဆက်ခဲ့တာ…ကျွန်တော်နားလည်ပေးပါတယ်…သူလည်း ကျွန်တော်လွမ်းသလို့
လွမ်းနေလိမ့်မယ် ထင်တယ်……ဗျာ

သူမဟာ…ပညာရေးရဲ့ ခရီးသည်းပါ
ကျွန်တော်ဟာ…လေလွှင့်ရာ ခရီးသည်းပါ
ပြန်မဆုံနိုင်တော့ရင်းလည်း……
ကံကြမ္မာကို ယိုးမယ်ဖွဲ့ရတော့မယ်…

တချို့ သူငယ်ချင်းက……
ကျွန်တော်ကို ပြောပြတယ်…
{မင်းချစ်သူကို မျှော်နေမယ့်အစား
နောက်တစ်ယောက်ကို တွဲပစ်လိုက်ပေါ့တဲ့}
သြော် သူတို့က…အချစ်တစ်ခုကို
လွယ်လွယ်လေးနဲ့ ပြန်ရတာပါ…………
ကျွန်တော်ကတော့…နောက်ထပ်အချစ်ကို
လွယ်ကူစွာနဲ့ ရင်မခုန်တော့ဘူး…ဗျာ

သူမ…ကျွန်တော်ဆီကို ပြန်လာမှာပါ…
အောင်မြင်မှုခြေလှမ်းနဲ့ လှမ်းလာဦးမှာပါ…
ကျွန်တော် စောင့်စားခြင်းနဲ့ ယုံကြည်မှုအပြည့် ရှိခဲ့တယ်……
သူမဟာ…ကျွန်တော်ကိုလည်း သစ္စာမဖောက်နိုင်ပါဘူး…ဗျာ

ကျွန်တော်ရဲ့ ရင်ထဲမှာတော့
မြတ်နိုးမိသူအတွက်…ကဗျာတွေ အထပ်ထပ် ရေးဖြစ်ခဲ့တာပါ……။

အဲဒီလိုနဲ့…သူပြန်လာမယ့်နေ့
ကျွန်တော် ဝိညာဉ်အဖြစ်လည်း
မျှော်လင့်လို့ရတယ်………။

သူမအတွက်…ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်………။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ဒီတစ်သက်မှာ……
တစ်ယောက်တည်း ရင်ခုန်ဖူးပါရဲ့
မြတ်နိုးခြင်းနဲ့သာ ချစ်ပါတယ်
သူမ အတွက်ဟာ ကျွန်တော်
ကျွန်တော်အတွက်ဟာ သူမ…
တို့နှစ်ယောက်ရဲ့ ပျော်ရွင်ရာအတိတ်ကို
လွမ်းလို့ မှန်းဆကာ……
ဆွေးမြေ့ပါပြီးလေ……။

စိတ္တဇနေ့တွေထဲ……
မျှော်မိပါတယ်…သစ္စာရှိပါတယ်…
ဒဏ်ရာများကို ကုစားလို့ရတယ်…
အချစ်စစ်တစ်ခုတော့
ပြောင်းလဲလို့ မရပါကွယ်………။

အကြင်နာတွေရဲ့…နှလုံးသား
အခုတော့ နာကျင်စရာများ
ဖြစ်လာပြီးပေါ့...……
ကံတရားအတိုင်းပါပဲလေ……
သူမရဲ့ အောင်မြင်မှုတွေ အတွက်
ကျွန်တော်……ဝေးဝေးက
လက်ခုပ်သံတွေ တီးပေးနေတာ
သူမ ကြားနိုင်သလားကွယ်…။

အိပ်မက်တွေ မက်နေလျက်နဲ့
အော်ခေါ်နေမိတယ်……
ဘာကိုမှာ ထပ်မလိုချင်တော့တဲ့
ဒီဘဝမှာ……သူမ ပြန်လာမယ့်နေ့ကို
တိုးတိတ်စွာနဲ့ပဲ မျှော်နေတော့မယ်…။

အနေတွေ ဘယ်လောက် ဝေးဝေး
သွေးမအေးပါ…မပြောင်းလဲပါ…
တစ်ကိုယ့်တည်းလည်း
ချစ်နေမှာ ဖြစ်မယ်……

သူမ ပြောဖူးတဲ့ စကားသံ...
သူမ ဆိုဖူးတဲ့ သီချင်းသံ……
အခါခါ…အထပ်ထပ် မရေမတွက်နိုင်အောင်
လွမ်းနေပါတော့မယ်……။

စိတ်တွေက သိပ်လေးလံလို့
မဖြတ်သန်းရသေးတဲ့ ခရီးသည်း
ရေတွေကိုသာ သိုလှောင်မှာဖြစ်မယ်…။

သူမဟာ……မမုန်းပါကွယ်……
သူမလည်း……မရက်စက်ပါ……
သူမမှာ……ကတိတွေ ရှိပါတယ်……။

လမ်းခွဲမှုတွေကို မပြောသာ
ဒဏ္ဍာရီတစ်ခုတော့ သိမ်းဆည်း
တစ်နေ့ဝင်လည်း တမ်းတနေဆဲပါ…။

0 Comment

ဒဏ်ရာ

အလွမ်းများ သက်သက်
ဝေဒနာတွေ ဖြစ်ခဲ့ပြီး
အချစ်ရဲ့ ဒဏ်ရာကို
အချိန်နဲ့ကုစား…
ဖြေသာပါတယ်…ချစ်သူ♥♥

လွမ်းနှောင်းဖွဲ့ တေး
မကြားရက်တယ်လို့...နေတော့မလား
အသည်းမကွဲပါ…ထိရှသွားတဲ့
ဒဏ်ရာများကို…ညှာတာမှုနဲ့
လှည့်ပြန်ကြည့်လျှင်ဖြစ်
မြင်ယောင်မိမယ်…ထင်တယ်…♥♥

တမ်းတမှုရဲ့ ဟိုးတစ်ဖက်
အချစ်နဲ့ ဘဝကိုပေါင်းစပ်
ကိုယ့်……အသက်ရှင်သရွေ့တော့
မျှော်မှန်းလို့ လွမ်းမိကာ
ဒီနှလုံးသားက ဒဏ်ရာများကို
ဖြေသိမ့်ပါပြီးလေ……ချစ်သူ…♥♥

 
;