Monday, October 01, 2012

♥♥ အဖြည့်ခံ ♥♥

စိတ်ကူးနဲ့သာ ရူး
လေထန်ရင်း လေဆန်ရတဲ့
ကိုယ့်ဘဝ ပြီးပြည့်စုံမှုတော့ မရှိသလို့
မင်းလည်း…နေသားကျမှာ
မဟုတ်ပါဘူး……။

အတိမ်းအနက်များစွာ…
ဒီရင်ထဲက အချစ်တွေ……
ပေးဆပ်ခြင်းရဲ့ ရင်ခုန်သံများ
မင်း ဆန်ကျင်သွားတဲ့ အခါ……
အဖြည့်ခံ သက်သက်ပဲ
ချစ်နေခွင့် ရခြင်းသူပါ……။

ကြင်နာသူရေ…
မင်းဘယ်လောက်ပဲ ရက်စက်ပါစေ…
အမုန်းခံယူတဲ့ သူအတွက်……
မနာကျင်ရလည်း…
အဖြည့်ခံ ချစ်သူအဖြစ်
အဝေးက မြတ်နိုးတော့မယ်…။

ခွင့်လွတ်ခြင်းတရားတွေ
ဆုပ်ကိုင်ထားတဲ့…ဒီနှလုံးသား
ကွဲရှရာ မရှိ…ရပ်တန့်သွားရင်း
မင်း မာနတွေ ခဝါချထားပေးပါ……

ကိုယ့်ကတော့……
အချစ်ဦးဟာ အဝေးကွာနေဆဲ
အချိန်တွေ  ကြာနှောင်း
မျှော်လင့်ချက်များနဲ့ ပိုင်ဆိုင်
အဖြည့်ခံရုံနဲ့ တွယ်တာနေမယ်…။

အဲဒီလို့နဲ့……
မင်းဘဝ လှပဖို့အတွက်
ဆေးရောင်မခြယ်နိုင်တဲ့ ကိုယ့်ဟာ
ကျော့ခိုင်းရာ ခြေလှမ်း
စတင်လို့ လှမ်းခွာ…
အဖြည့်ခံမှု သက်သက်ပါကွယ်…။

0 Comment:

Post a Comment

 
;