Wednesday, February 13, 2013 4 Comment

♡အတိတ်ကကောင်မလေးသို့ တမ်းချင်း♡

မတတ်သာတဲ့ အဆုံး……
ဝေးကွာခြင်းမှာပဲ
မျက်ရည်တွေကို
ကြိတ်မှိတ်မျိုသိပ်ခဲ့တယ်………။    ။

အနာဂတ်တစ်ခု………
အမုန်းသင့် ကျွမ်းလောင်အပြီး
အလွမ်းတွေသာ…
မျက်နှာပေါ် ခုန်တက်လာခဲ့တယ်…

အချစ်ဆိုတာ……
အဆိပ်မီးတောင်ဆီကို
သယ်ဆောင်ယူသွားတတ်တဲ့
ဖုတ်သွင်းရထားတာလား……

လက်ဆောင်အောက်မှာ……
သေနတ် ဝုက်ယူလာတဲ့
သံတမန်နဲ့လည်း တူသေးရဲ့……
အနိုင်ပိုင်သူဟာ……
သူ့ဆံပင်ကို ကောင်းစွာဖြီးသင်နိုင်ခဲ့မှာပါ…။  ။

အခုတော့………
ငါ့ အိမ်ပြန်သွားရင်
လွမ်းနေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး………

ညနေစောင်းရင် ငါ့သူဆီအလာ
မျှော်နေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး……

အလိုမကျရင် စိတ်ကောက်
ငါ့ခါးကို ဆွဲလိမ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……

ငါ့ကို စိတ်ဆိုးအောင်လုပ်
ဒေါသဖြစ်တဲ့ ငါ့မျက်နှာကိုကြည့်ပြီး
ပျော်နေတတ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……။    ။

[ဆုလာဘ် လက်ဆောင်အဖြစ်ပေါ့]
ပျက်သုဉ်းသွားတဲ့ အိပ်မက်တွေကို
ဘဝပေါ် ပစ်တင်
နွမ်းလျနေ ငါ့တစ်ယောက်တည်းပေါ့…။   ။

တစ်ချိန်တစ်ခါတုန်းက……
ငါ့ချစ်ခဲ့ရသော ကောင်မလေးရေ
မမေ့နိုင်သေးတဲ့ ဒီနှလုံးသားတစ်စုံမှာ
အတိတ်က ချစ်သူပုံရိပ်များ
စိုးမိုးနေဆဲပေါ့ကွယ်……။    ။

Tuesday, February 12, 2013 0 Comment

♥မေမေမရှိသော မွေးတစ်နေ့♥

ဘဝရဲ့ လောကဓံအရာ
ငယ်ရွယ်စဉ် လက်အစုံနဲ့
မျက်ရည်တွေဟာ အတွေ့အကြုံပါ
မိသားစုတကွဲတပြားဖြစ်နေသော
ကံကြမ္မာကို ယိုးမယ်ဖွဲ့တော့မယ်…။   ။

ဖေဖေ မျက်နှာမကောင်းဘူး
မနက်ဖြန် ဝမ်းစားရေအတွက်
အခက်အခဲကြားမှာ လှုပ်ရှားနေဆဲ
အဝေးဆုံးတစ်နေရာမှာ…
ကျွန်တော် ကဗျာများနဲ့
ကျေးဇူးဆပ်လိုက်ပါရစေ……

မေမေအပြုံး လှပနေဆဲ
ရက်စက်တတ်တဲ့ ကံကြမ္မာကြားမှာ
သားကို နှုတ်ဆက်ခဲ့တာ
စောလွန်းသေးတယ်……

ဒီကနေ့ သားမွေးနေ့တဲ့
သူများတွေလို မပျော်ရွှင်နိုင်ဘူး
သူငယ်ချင်းတွေပေးသော ဆုနဲ့
ပြီးပြည့်စုံသော မိသားစုဘဝကို
ပိုင်ဆိုင်ချင်ခဲ့တယ်…

အဲဒီလို့နဲ့……
ညီအစ်ကိုမောင်နှမကြားထဲမှာ…
နှိပ်စက်ခံခဲ့ရသော ကျွန်တော်

အသိုင်းအဝိုင်းတွေထဲမှာ…
မျက်နှာငယ်ရသော ကျွန်တော်

လူတွေကြားထဲမှာ…
သိမ့်ငယ်ခဲ့ရသော ကျွန်တော်

ချစ်သူရဲ့ နှလုံးသားထဲမှာ…
စွန်လွှတ်ခံရသော ကျွန်တော်

သူငယ်ချင်းတွေရဲ့ ရိုးသားမှုထဲမှာ…
အားပေးခဲ့သော ကျွန်တော်

မေမေရဲ့ သေမင်းနဲ့လွန်ဆွဲပွဲမှာ
အရှုံးများ ရင်ဆိုင်ခဲ့ရသော
မွေးနေ့ တစ်နေကို
ထာဝရ ကန်တော့လျက်
ကျွန်တော်နှလုံးသားမှာ
သတိရနေမှာပါ……မေမေ

ဒီဘဝဆိုတာ……
ကဗျာတစ်ပုဒ်ထဲမှာ
ဝမ်းနည်းစွာနဲ့ ကျန်ရစ်ခဲ့တာပါ……။   ။

Sunday, February 10, 2013 0 Comment

♤ရှုံးနိမ့်သူ♤

အကြိမ်ကြိမ် ပစ်ခတ်
ပစ်မှတ်နဲ့ လွဲချော်
သြော် အခုတော့……
လေးသည်တော်ကြီး ရှုံးနိမ့်ခဲ့ရပြီး……။    ။

ဘာဆုမှာ မထိုတ်တန်တဲ့သူဟာ
ကိုယ့်ကိုကိုယ့် မြူဆွယ်ထားခဲ့ရ
မျှော်လင့်ချက် မြက်ခင်းတွေလည်း
စိမ်းချင်တိုင်း စိမ်းနေကြပေါ့……။   ။

ချစ်ရသူရေ………
ကိုယ့် ပန်းအိုးလေးအတွက်ကတော့
ဒီနှစ် မိုးရာသီဟာ
နောက်ကျ ခဲ့ပါပြီး………။    ။

မင်းကို ငါ့……
သတိရ စိတ်နဲ့
တိတ်တဆိတ် ကြိတ်ဝယ်ထားတဲ့
စံပယ်တွေလည်း နွမ်းပေါ့……

ရှိစေတော့ ချစ်သူ……
ဒီရင်ခွင့် ကောင်းကင်မှာ
မင်းပုံရိပ်တွေ စိုးမိုးထားပေ့မယ့်
မင်းအချစ်ရဲ့ တိမ်လွှားများဟာ
ပျောက်ကွယ်သွားလို့
ရှုံးနိမ့်သူတစ်ယောက် ဖြစ်ခဲ့ပေါ့……။   ။

Monday, February 04, 2013 0 Comment

♥မြတ်နိုးမှု သံယောဇဉ်ကြိုး♥

လေထဲမှာ……
ရှေ့နောက် ဘယ်ညာ ယိမ်းခါလို့
ယိုင်ရွဲ့ရွဲ့ ကြိုးတန်းပေါ် လျှောက်ခဲ့ကြ
မြစ်ကူးတံတား တစ်စင်းရယ်လေ
နှလုံးသားနှစ်ခုက စီးဆင်းတဲ့
မြစ်တစ်စင်းပေါ် သွယ်တန်းခဲ့တယ်……။   ။

လိုက်ခဲ့တော့ကွယ်……
သေခြင်းတို့ပွင့်ရာ ကမ်းခြေဆီ
ထာဝစဉ်မငြိမ့်မယ့် မီးလျှံကိုဖြည့်ဆည်းဖို့
မေ့လျော့ခြင်း နှင်းမှုန်ဖွဲ့ဖွဲ့အောက်မှာ
သံယောဇဉ်များစွာ မပျက်အောင်
လက်တွဲခဲ့ကြမယ်နော်……။    ။

ချစ်ခြင်းရဲ့ မျိုးစေ့တွေ……
မြေမှာ နစ်မြုပ်နေပေ့မယ့်
သည်ဆောင်း လွန်ခဲ့ရင်ဖြင့်
ရာသီမိုးနဲ့ အတူ
သူတို့နိုးထ ပွင့်လာကြဦးမယ်……
ကျိန်စာဆူးတွေ နေရာအနှံ့ပြန့်ကျဲလို့
မုန်းစိတ်ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့
မြတ်နိုးမှု တစ်ခုနဲ့သာ
သံယောဇဉ်ကြိုးတွေ……
ခိုင်အောင်ချည်ခဲ့တယ်……။   ။

 
;