ကိုယ့် အချစ်ပန်းတွေ……
စမ်းရေတကျော့မှာ မျော့နေရင်း
သခင် ဆယ်ယူပါမလား……
ခရောင်လမ်းများ သက်သေ…
သခင်ခြေရာတွေ ထင်ကျန်
သည်နေရာသို့ လှည့်ကာပြန်ခဲ့
ကိုယ့်လေး မျှော်နေမိတယ်ကွယ်……
နူးညံ့ခြင်းနဲ့… ချစ်သူအမူအယာ
ဒီရင်ခွင်မှာ…တိတ်တခိုးလျှင်
စွဲမက်ဖွဲ့ရာ…အိပ်မက်ပမာ
မြင်ယောင်နေလည်း…
ကိုယ့်…မတမ်းတတော့ပါလေ…
မျိုသိပ်ခံစား…လွမ်းထိရှခဲ့
ဒဏ်ရာ အထပ်ထပ်…
သောက များစွာ…
အချစ်ဒုက္ခ အတွက်…
အသည်းများ ကွဲထွက်ပါစေ…
သခင်စံဖူး အချစ်ဦးမို့…
ငြင်ငြိုမှု မရှိပါကွယ်………
ဘဝအဆက်ဆက်…တွယ်မက်ပါရဲ့
ကြင်သူဝေးဝေး…ယုယပါတယ်…
အလွမ်းခက်လည်း…ဆွေးမြေ့ကျွမ်းလို့
ဒဏ္ဍာရီပုံပြင်နဲ့……
ကိုယ့်ဘဝတွေ ဆိတ်သုဉ်းပါပြီး…
သခင်…စွန်လွှတ်လည်း
အမှတ်တမဲ့ပါပဲ…
စာမစီ…ကဗျာမဖွဲ့
တွေးကာ…ငေးကာ…ငိုင်ကာ
သံသရာရှည်မှာ…မြတ်နိုးနေမယ်…
ဝိညာဉ်ရှိမှာ....သူစိမ်းမဆန်ပါကွယ်…
သခင်…သိပါစေ…
သခင်……မြင်ယောင်ပါလေ…
ရေစုန်မှာ……ရေဆန်ရသလို့…
လေထန်းရင်း…လေဆန်မှာလျှောက်တဲ့
အပြန်လမ်းခရီး……
ကိုယ့် နှုတ်ဆက်ပါပြီး……သခင်…။
0 Comment:
Post a Comment