မိဘရဲ့ အားမာန်များနဲ့.....
ဆုံးရှုံးခဲ့တာ ပြန်တွေးမိလျှင်
အောင်မြင်ခြင်းဆိုတာ လက်တစ်ကမ်းမှာပါ
ပျော်ရွှင်စရာ ဝေမျှဖို့အတွက်
သူငယ်ချင်းတစ်ယောက် လိုအပ်ခဲ့တယ်...။
ရည်မှန်းထားသမျှ ပန်းတိုင်
လောကဓံလမ်းကြမ်းကို ဖြတ်သန်းဖို့
သောကဟာ ဒုက္ခပါပဲ
အတ္တဆန်စွာ ခရီးတစ်ခုသွားနေတယ်...။
စိတ်ဓာတ်ဟာ...
အရေးကြီးပါတဲ့ ဆိုင်ဘုတ်လေးကို
နာမလည်နိုင်စွာ ဥပက္ခာထားခဲ့တယ်.....
စည်းကမ်းရဲ့ ပြဋ္ဌာန်းချက်တွေထဲက
အသိုင်းအဝိုင်း၏ ဆုံးမစကားကို
လျစ်လျူရှူပြီး နေထိုင်ခဲ့တယ်.....
မျှော်လင့်ချက်များ တနင့်တပိုးနဲ့
ဘဝဆိုတဲ့...သံသရာထဲမှာ
ထာဝရရှင်သန်နေတာ မဟုတ်
ခံစားချက်နဲ့ အမြဲသေဆုံးနေသူပါ.....
သံဝေဂဆိုတာ...
အိပ်မက်ဆိုးကြီး တစ်ခုလား
မက်ခွင့်မရချင်ပဲ ဆက်မက်နေခဲ့သူ
မျှော်လွင့်ရင်းနဲ့ လွင့်မျှော်နေသူ
စွန်လွှတ်ခြင်းများ နှောင်းဖွဲ့မိသူ
ကိုယ့်ဘဝကို ကိုယ့်တိုင်းတွေးပြီး
သင်္ခါရဟာ တရားပါတယ်.....။ ။
လောကကြီးရေ...
လွှဲမှားနေသူအတွက်တော့
ရှင်းပြရခက် ပုစ္ဆာတစ်ပုဒ်လို့
ရိုးသားမှုတွေ ပျောက်ရှနေတယ်.....။ ။
♥ ညများလွမ်းပြီး အိပ်မက်ထဲထိ
မျှော်လင့်ခဲ့မိလို့ ဆွေးငေးစွာနဲ့ဘဲ
ချစ်သူကို ရှာဖွေနေဆဲ
ဆုံဆည်းခွင့်ရဖို့ အတွက်…♥
♥ အစွန်းရောက်နေတဲ့ လွမ်းရခြင်းနဲ့
အချစ်များကို အယုံလွယ်ပြီး
အားကိုးခဲ့တာ မဟုတ်
လူတွေ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ပါစေ
ပေးဆပ်မိလို့ စွန်လွှတ်ခဲ့ရသူ
အနစ်နာခံသောအချစ် မင်းအတွက်…♥
♥ ပြန်ခဲ့တော့ကွယ် မြတ်နိုးသူလေးရယ်
မျှော်ရသူဟာ ဝေဒနာများသတဲ့
မင်း ဆန္ဒာအတိုင်းပေါ့
ပြန်မလာချင်လည်း နေစေတော့
လွမ်းရက်များ ရှည်လျားစွာ
နာကျင်နေသော နှလုံးသား
ငါ့အတွက် ဖြစ်ခဲ့ပေါ့…♥
♥ တစ်ယောက်တည်း ရွှက်လွင့်နေဆဲ
မင်းမပါတဲ့ ခရီး အထီးကျန်ခြင်းတဲ့လား
ရှိစေတော့……မေ့လိုက်တော့…
အရာရာအားလုံး ပြီးဆုံးသွားပါစေလေ
ငါ့.....တိတ်တိတ်လေးဘဲ ကြေကွဲနိုင်တယ်
မင်း…ပျော်ရွှင်ဖို့အတွက်…♥
♥ သူမကိုယ့်တိုင်း ခြားနားထားတဲ့
အဆင့်အတန်း အသိုင်းအဝိုင်းများကြောင့်
နာလည်စွာနဲ့ဘဲ…
ကျွန်တော် နှလုံးသားကို စတေးခဲပေါ့…♥
♡ ဆံပင် ရှည်ရှည် ♡
မျက်ဝန်းလဲ့ ပြာပြာ
အပြစ်ကင်းစင်သော အပြုံးများဟာ
ဒီနှလုံးသားမှာ စွဲမက်နေလို့…
သူသိအောင် လွမ်းနိုင်မှာမဟုတ်တော့…
သူသိအောင် တမ်းတမှာမဟုတ်တော့…
ကွယ်ရာမှာဘဲ
ကျွန်တော် ဒီကဗျာတစ်ပုဒ်ကို…
တိတ်တဆိတ် ကမ္ဗည်းတစ်ခု ထိုးခဲ့တယ်…
သူမ အတွက်…
♥♥ ပန်းတစ်ပွင့်၏ ကြွေသံ ♥♥
ပန်းချီဆရာ……
စိတ်ကြိုက်ဆွဲထားတဲ့ ဆေးစက်တွေလို့
ငါ့ မင်းကို နေပေးခဲ့ပြီးပြီးလေ…
ကောင်းကင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[ကြယ်တွေ အိပ်ချိန်]တဲ့……♥ ♥
ခံစားမှု တစ်ခုကို……
အာရုံနဲ့ ထိမိတိုင်း
''အချစ်''က မှိုင်းမှိုင်းပြီး ရင့်ရင့်လာ
အမှောင်မပါဘဲ
ညကို ဆွဲခဲ့တဲ့ ပန်းချီကားမှာပေါ့
[သန်ခေါင်ယံလရောင်၏ ရည်ရွယ်ချက်]တဲ့.....♥ ♥
ပွင့်ခါစ ပန်းကလေးအတွက်
ကောင်းကင်ကြီးဟာ ကျယ်လွန်းသလား
အမှားများစွာ နေရာအထားအသို့ ပြောင်းရုံနဲ့
အချစ်ကို ဖွဲ့နွဲ့ခွင့်ရနိုင်မယ့် ထင်ရဲ့ ……♥ ♥
''အချစ်''ဆိုတာ……
လူများတွေလုပ်သလို့ လိုက်လုပ်ရုံပါ
ခံစားမှုကိုတော့ ငါ့ပိုင်တယ်……♥ ♥
မိန်းကလေးရေ တို့အချစ်ကို
သက္ကရာဇ် နှစ်ခုစာမှာ……
စကားလုံးတွေနဲ့ ပစ်ပေါက်ခဲ့
ဆေးရောင်စုံတွေနဲ့ ပက်ခဲ့
ဝေါဟာရတွေက နည်းလွန်းတော့
စိတ်မှန်းတွေဟာ လွဲ ၊
တစ်ပွဲပြီး တစ်ပွဲပေါ့……♥ ♥
အချိန်ကို ဆော့လိုက်တော့……
ကြယ်တွေ အိပ်ချိန်မှာ
သန်ခေါင်ယံလရောင်၏ ရည်ရွယ်ကို
လောက ကမ္ဘာမြေပြင်ဟာ……
သိလိုက်ရတဲ့ အချိန်ထိ……♥ ♥
ကျွန်တော် အသက်ဟာ ကြီးပြင်လာခဲ့ပြီး
ကျွန်တော် မတွေ့ဖူးသေးတဲ့……
အချစ်နဲ့ တစ္ဆေ .....
ကျွန်တော် တွေ့နေတာက…
လူတွေ မှားနေကျ အမှား……♥ ♥
ကဲ့........''အချစ်''ဆိုတာကလည်း
သေခြင်းတရားကို ရင်မဆိုင်ရခင်အထိ
ဘဝဒဏ် ခံနိုင်ရည်အရှိဆုံး
ထုံဆေး တစ်မျိုးပဲ မဟုတ်လား……♥ ♥
မတတ်သာတဲ့ အဆုံး……
ဝေးကွာခြင်းမှာပဲ
မျက်ရည်တွေကို
ကြိတ်မှိတ်မျိုသိပ်ခဲ့တယ်………။ ။
အနာဂတ်တစ်ခု………
အမုန်းသင့် ကျွမ်းလောင်အပြီး
အလွမ်းတွေသာ…
မျက်နှာပေါ် ခုန်တက်လာခဲ့တယ်…
အချစ်ဆိုတာ……
အဆိပ်မီးတောင်ဆီကို
သယ်ဆောင်ယူသွားတတ်တဲ့
ဖုတ်သွင်းရထားတာလား……
လက်ဆောင်အောက်မှာ……
သေနတ် ဝုက်ယူလာတဲ့
သံတမန်နဲ့လည်း တူသေးရဲ့……
အနိုင်ပိုင်သူဟာ……
သူ့ဆံပင်ကို ကောင်းစွာဖြီးသင်နိုင်ခဲ့မှာပါ…။ ။
အခုတော့………
ငါ့ အိမ်ပြန်သွားရင်
လွမ်းနေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး………
ညနေစောင်းရင် ငါ့သူဆီအလာ
မျှော်နေမယ့် ကောင်မလေးလည်း
မရှိတော့ပါဘူး……
အလိုမကျရင် စိတ်ကောက်
ငါ့ခါးကို ဆွဲလိမ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……
ငါ့ကို စိတ်ဆိုးအောင်လုပ်
ဒေါသဖြစ်တဲ့ ငါ့မျက်နှာကိုကြည့်ပြီး
ပျော်နေတတ်တဲ့ ကောင်မလေးလည်း
မရှိတော့ပါဘူး……။ ။
[ဆုလာဘ် လက်ဆောင်အဖြစ်ပေါ့]
ပျက်သုဉ်းသွားတဲ့ အိပ်မက်တွေကို
ဘဝပေါ် ပစ်တင်
နွမ်းလျနေ ငါ့တစ်ယောက်တည်းပေါ့…။ ။
တစ်ချိန်တစ်ခါတုန်းက……
ငါ့ချစ်ခဲ့ရသော ကောင်မလေးရေ
မမေ့နိုင်သေးတဲ့ ဒီနှလုံးသားတစ်စုံမှာ
အတိတ်က ချစ်သူပုံရိပ်များ
စိုးမိုးနေဆဲပေါ့ကွယ်……။ ။
ဘဝရဲ့ လောကဓံအရာ
ငယ်ရွယ်စဉ် လက်အစုံနဲ့
မျက်ရည်တွေဟာ အတွေ့အကြုံပါ
မိသားစုတကွဲတပြားဖြစ်နေသော
ကံကြမ္မာကို ယိုးမယ်ဖွဲ့တော့မယ်…။ ။
ဖေဖေ မျက်နှာမကောင်းဘူး
မနက်ဖြန် ဝမ်းစားရေအတွက်
အခက်အခဲကြားမှာ လှုပ်ရှားနေဆဲ
အဝေးဆုံးတစ်နေရာမှာ…
ကျွန်တော် ကဗျာများနဲ့
ကျေးဇူးဆပ်လိုက်ပါရစေ……
မေမေအပြုံး လှပနေဆဲ
ရက်စက်တတ်တဲ့ ကံကြမ္မာကြားမှာ
သားကို နှုတ်ဆက်ခဲ့တာ
စောလွန်းသေးတယ်……
ဒီကနေ့ သားမွေးနေ့တဲ့
သူများတွေလို မပျော်ရွှင်နိုင်ဘူး
သူငယ်ချင်းတွေပေးသော ဆုနဲ့
ပြီးပြည့်စုံသော မိသားစုဘဝကို
ပိုင်ဆိုင်ချင်ခဲ့တယ်…
အဲဒီလို့နဲ့……
ညီအစ်ကိုမောင်နှမကြားထဲမှာ…
နှိပ်စက်ခံခဲ့ရသော ကျွန်တော်
အသိုင်းအဝိုင်းတွေထဲမှာ…
မျက်နှာငယ်ရသော ကျွန်တော်
လူတွေကြားထဲမှာ…
သိမ့်ငယ်ခဲ့ရသော ကျွန်တော်
ချစ်သူရဲ့ နှလုံးသားထဲမှာ…
စွန်လွှတ်ခံရသော ကျွန်တော်
သူငယ်ချင်းတွေရဲ့ ရိုးသားမှုထဲမှာ…
အားပေးခဲ့သော ကျွန်တော်
မေမေရဲ့ သေမင်းနဲ့လွန်ဆွဲပွဲမှာ
အရှုံးများ ရင်ဆိုင်ခဲ့ရသော
မွေးနေ့ တစ်နေကို
ထာဝရ ကန်တော့လျက်
ကျွန်တော်နှလုံးသားမှာ
သတိရနေမှာပါ……မေမေ
ဒီဘဝဆိုတာ……
ကဗျာတစ်ပုဒ်ထဲမှာ
ဝမ်းနည်းစွာနဲ့ ကျန်ရစ်ခဲ့တာပါ……။ ။
အကြိမ်ကြိမ် ပစ်ခတ်
ပစ်မှတ်နဲ့ လွဲချော်
သြော် အခုတော့……
လေးသည်တော်ကြီး ရှုံးနိမ့်ခဲ့ရပြီး……။ ။
ဘာဆုမှာ မထိုတ်တန်တဲ့သူဟာ
ကိုယ့်ကိုကိုယ့် မြူဆွယ်ထားခဲ့ရ
မျှော်လင့်ချက် မြက်ခင်းတွေလည်း
စိမ်းချင်တိုင်း စိမ်းနေကြပေါ့……။ ။
ချစ်ရသူရေ………
ကိုယ့် ပန်းအိုးလေးအတွက်ကတော့
ဒီနှစ် မိုးရာသီဟာ
နောက်ကျ ခဲ့ပါပြီး………။ ။
မင်းကို ငါ့……
သတိရ စိတ်နဲ့
တိတ်တဆိတ် ကြိတ်ဝယ်ထားတဲ့
စံပယ်တွေလည်း နွမ်းပေါ့……
ရှိစေတော့ ချစ်သူ……
ဒီရင်ခွင့် ကောင်းကင်မှာ
မင်းပုံရိပ်တွေ စိုးမိုးထားပေ့မယ့်
မင်းအချစ်ရဲ့ တိမ်လွှားများဟာ
ပျောက်ကွယ်သွားလို့
ရှုံးနိမ့်သူတစ်ယောက် ဖြစ်ခဲ့ပေါ့……။ ။
လေထဲမှာ……
ရှေ့နောက် ဘယ်ညာ ယိမ်းခါလို့
ယိုင်ရွဲ့ရွဲ့ ကြိုးတန်းပေါ် လျှောက်ခဲ့ကြ
မြစ်ကူးတံတား တစ်စင်းရယ်လေ
နှလုံးသားနှစ်ခုက စီးဆင်းတဲ့
မြစ်တစ်စင်းပေါ် သွယ်တန်းခဲ့တယ်……။ ။
လိုက်ခဲ့တော့ကွယ်……
သေခြင်းတို့ပွင့်ရာ ကမ်းခြေဆီ
ထာဝစဉ်မငြိမ့်မယ့် မီးလျှံကိုဖြည့်ဆည်းဖို့
မေ့လျော့ခြင်း နှင်းမှုန်ဖွဲ့ဖွဲ့အောက်မှာ
သံယောဇဉ်များစွာ မပျက်အောင်
လက်တွဲခဲ့ကြမယ်နော်……။ ။
ချစ်ခြင်းရဲ့ မျိုးစေ့တွေ……
မြေမှာ နစ်မြုပ်နေပေ့မယ့်
သည်ဆောင်း လွန်ခဲ့ရင်ဖြင့်
ရာသီမိုးနဲ့ အတူ
သူတို့နိုးထ ပွင့်လာကြဦးမယ်……
ကျိန်စာဆူးတွေ နေရာအနှံ့ပြန့်ကျဲလို့
မုန်းစိတ်ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့
မြတ်နိုးမှု တစ်ခုနဲ့သာ
သံယောဇဉ်ကြိုးတွေ……
ခိုင်အောင်ချည်ခဲ့တယ်……။ ။