ပူလောင်တဲ့ သူရင်ခွင်ထဲက
အလွမ်းမီးလျှံ အပူငွေ့တွေကို
ချစ်သူ ကောင်းကင်ဆီ
အလွမ်းလက်ဆောင် ပိုပေးလိုက်တယ်......။
ကောင်းကင်ကလည်း...
အလွမ်းလက်ဆောင်ကို ငေးလို့
ရင်နင့်အောင် ရှိုက်ရှိုက်ပြီး
အလွမ်းသမား ပင်လယ်ထဲကို
မျက်ရည်တွေ ရွာချလိုက်တော့တယ်......။ ။
ဒီတစ်သက် တစ်ခါ
ဒီလောကမှာ တစ်ယောက်တည်း
အချစ်ဦးမို့ သမုဒယရှိခဲ့ပြီး…
ရင်ခုန်သံဖွဲ့ ကာရံမဲ့လည်း
သံယောဇဉ်ကြိုးတစ်မျှင်နဲ့ ကဗျာနွဲ့
တမ်းတသမျှ တစ်ဦးတည်း
အချစ်ဆုံးမို့ မေတ္တာရှိခဲ့သည်…
ဒီရင်ထဲမှာ မရှိသောအမုန်း
ငြိုးဖွဲ့မိလျှင် ဒဏ်ရာရှိရုံသာ
မလွှဲမသွေ ခံစားရလည်း
တစ်ဘဝအမျှ သစ္စာထား
အမြတ်နိုးဆုံး ကြင်နာမှု
ဒီနှလုံးသားမှာ ရှိနေဆဲ…
ကိုယ့် အချစ်ပန်းတွေ……
စမ်းရေတကျော့မှာ မျော့နေရင်း
သခင် ဆယ်ယူပါမလား……
ခရောင်လမ်းများ သက်သေ…
သခင်ခြေရာတွေ ထင်ကျန်
သည်နေရာသို့ လှည့်ကာပြန်ခဲ့
ကိုယ့်လေး မျှော်နေမိတယ်ကွယ်……
နူးညံ့ခြင်းနဲ့… ချစ်သူအမူအယာ
ဒီရင်ခွင်မှာ…တိတ်တခိုးလျှင်
စွဲမက်ဖွဲ့ရာ…အိပ်မက်ပမာ
မြင်ယောင်နေလည်း…
ကိုယ့်…မတမ်းတတော့ပါလေ…
မျိုသိပ်ခံစား…လွမ်းထိရှခဲ့
ဒဏ်ရာ အထပ်ထပ်…
သောက များစွာ…
အချစ်ဒုက္ခ အတွက်…
အသည်းများ ကွဲထွက်ပါစေ…
သခင်စံဖူး အချစ်ဦးမို့…
ငြင်ငြိုမှု မရှိပါကွယ်………
ဘဝအဆက်ဆက်…တွယ်မက်ပါရဲ့
ကြင်သူဝေးဝေး…ယုယပါတယ်…
အလွမ်းခက်လည်း…ဆွေးမြေ့ကျွမ်းလို့
ဒဏ္ဍာရီပုံပြင်နဲ့……
ကိုယ့်ဘဝတွေ ဆိတ်သုဉ်းပါပြီး…
သခင်…စွန်လွှတ်လည်း
အမှတ်တမဲ့ပါပဲ…
စာမစီ…ကဗျာမဖွဲ့
တွေးကာ…ငေးကာ…ငိုင်ကာ
သံသရာရှည်မှာ…မြတ်နိုးနေမယ်…
ဝိညာဉ်ရှိမှာ....သူစိမ်းမဆန်ပါကွယ်…
သခင်…သိပါစေ…
သခင်……မြင်ယောင်ပါလေ…
ရေစုန်မှာ……ရေဆန်ရသလို့…
လေထန်းရင်း…လေဆန်မှာလျှောက်တဲ့
အပြန်လမ်းခရီး……
ကိုယ့် နှုတ်ဆက်ပါပြီး……သခင်…။
ပျော်ရွင်ခြင်းများစွာကို ပေးချင်လို့
အချစ်သက်သက် ပေးဆပ်မှုတွေနဲ့
ရှောင်ပုန်ဖယ်ခွာ ပြေးထွက်ရက်သူ
အခြေအနေမတူတာမို့
ကိုယ့်မြတ်နိုးမိသော မေ……
သောကခြေရာတွေ မရှိပါပြီးလေ…။
ရင်ကွဲတာ ပူလောင်ပေ့မယ့်
ဖြေစရာ အချိန်မရှိပါကွယ်…
စိမ်းရက်တယ်လို့ ဆိုချင်ဆို
ကိုယ့်ဘဝထဲကို မဆွဲခေါ်
တွယ်တာရတဲ့……မေ
ဒီနေရာမှာပဲ ကျန်ခဲ့ပါ…
အရာရာများ နုံချာလွန်းတဲ့ ဘဝလေးမို့
ကွယ်ရာက မြတ်နိုးတော့မယ်……မေ …။
မျှော်လင့်ခဲ့လေတော့……
မကြင်နာရက်တယ်……မေ
အပြစ်လို့တော့ ဆိုချင်သလား…
မေ……မေ့ပစ်နိုင်ရင်လည်း
ကိုယ့် အပြစ်ပါကွယ်……
တိတ်တခိုးပဲ မြတ်နိုးတော့မယ့်……မေ…။
သမုဒယများ ရှိနေလည်း…
သံယောဇဉ်တွေ မမြင်ရတာမို့
ချစ်တတ်တဲ့ ကိုယ့်အသည်း
မထိရှပါပြီးလေ……
လွမ်းလို့ တမ်းတပေ့မယ့်
ဘဝဟာ မတူညာသော်လည်း
သည်နေတဲ့ ကိုယ့်မျက်ဝန်း
သုတ်ပစ်ပါပြီးကွယ်……
သိပ်ချစ်တယ်……မေကို
နီးစပ်ခွင့်မရလည်း……
မြတ်နိုးနေတယ်……မေ……။
ဒီရင်ထဲမှာ သိမ်းဆည်းထားသော
ပန်းခြောက်ကလေးများ
ဖွင့်ဟ လွှင့်ပစ်ဖို့ရန်
အင်းအားမရှိပါဘူး………မေ……။
မွန်ကျပ်စရာ…ခံစားချက်တွေက
အကြင်နာ နှုတ်ဖျား…
နှေးကွေးသော လေသံများနဲ့ပဲ
ကိုယ့်မြတ်နိုးမိသော…မေ
မသိပါလားကွယ်……။
နှလုံးသား အက်ကွဲကြောင်းတွေမှာ
ဝေဒနာမျိုးစေ့များ ပြန်ကျဲ့
အချစ်ဘာသာကို မမေးပါလို့
ဒဏ်ရာများကို ဟန်ဆောင်ထိန်းကာ
မေကို……မြတ်နိုးမိလို့ပါကွယ်……။
ကိုယ့် မြတ်နိုးသော…မေ
မေ မြတ်နိုးသော…ပညာ
အောင်မြင်မှုတွေ ရရှိပါစေကွယ်…။
ကျွန်တော် ဝင်ရောက်လာတဲ့…
လောကကြီးတစ်ခုဆီမှာ ချစ်တတ်တဲ့
နှလုံးသားနဲ့ တစ်ယောက်တည်းကို ချစ်ခဲ့တာပါ……သူမအတွက်အမြဲတမ်း စဉ်းစားပေးတယ်…ကဗျာတွေ ရေးဖြစ်တယ်…ဒဏ္ဍာရီတွေ မှတ်ထားဖြစ်တယ်……အချိန်တွေကြာလာတော့လည်း အရမ်း မွန်ကျပ်တယ်…ဗျာ
နှစ်တွေလည်း ကူး…ရာသီအလီလီ ပြောင်း
မေ့မရတဲ့…အရာကတော့…သူမရဲ့
အပြစ်ကင်းစင်တဲ့ အပြုံးတွေပါ……
သူမကို…ကျွန်တော် အရမ်းချစ်တယ်…
သူမနဲ့ ခွဲခွာရမှာကို အကြောက်ဆုံးပဲ…
အခုတော့…ခွဲခွာသွားရပြီး…
ကျွန်တော် အိပ်မက်တွေလည်း
ဆိုးရွာစွာနဲ့ သေဆုံးစေခဲ့တယ်…
ရင်မှာထိရှသွားတဲ့ ဒဏ်ရာတွေက
အချိန်နဲ့ ကုစားလို့မဖြစ်ပါဘူး…
သူကိုလည်း မေ့မရသလို့…
မုန်းလည်း မမုန်းနိုင်ပါဘူး…
ချစ်လျက်နဲ့ ဝေးကွာတာပါ……ဗျာ
တကယ်တော့ ချစ်ခြင်းမှာ
အနေနီးခြင်းနဲ့ အနေဝေးခြင်းပဲ ကွာတာ
သစ္စာရှိရင်…စောင့်မျှော်ရမယ်…
သူကို ကျွန်တော် သစ္စာမဖောက်နိုင်ဘူး
ကတိတွေ မပျက်နိုင်ဘူး……
သူ…စိတ်ဓာတ်တွေ ကျမိရင်းလည်း
ကျွန်တော် အမြဲတမ်းအားပေးတယ်…
ကဗျာတွေကို ရွတ်ပြတယ်……
ဘဝတိုက်ပွဲကို ပြောပြခဲ့တယ်…
နွေးထွေးမှုတွေ ပေးခဲ့တယ်…
ကျွန်တော် ဂီတာသံတွေကို
သူက နားထောင်ပြီး……
နူးညံ့တဲ့ လက်ခုပ်သံတွေ အခုတော့
မကြားရတော့ဘူး…………
ချစ်လို့တော့ သေသွားနိုင်သလို့
လွမ်းလို့လည်း သေနိုင်တယ်……ဗျာ
ကျွန်တော်တို့က ဆောင်းရာသီရဲ့
နေဝန်းရောင်ခြည်အောက်မှာ
ကတိတွေ တည်ခဲ့ကြတယ်…
မြူးတွေရဲ့ တီးတိုးသံတွေ…
နှင်းသည်းမှာ အေးချမ်းစွာနဲ့
အချစ်နှစ်ခု ပေါင်းစပ်ကြတယ်…
တကယ်တော့ ဗျာ……
ကံတရားဟာ အစီအစဉ်တိုင်းပဲ
အခုတော့……မြူးတွေဆိုင်းတဲ့
လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်
နှင်းတွေ ဝေတဲ့ တောင်တန်းကိုတော့
လွမ်းလွမ်းဆွေးဆွေနဲ့ ငေးကြည့်ဖြစ်တယ်
မှတ်မိသေးတယ်…သူမဟာ
ကျွန်တော်ကို စကားတစ်ခွန်းပြောဖူးတယ်
အချစ်နဲ့ အကြိုက် မတူဘူးတဲ့…
ပညာရှာနေစဉ်မှာ……သူထက် ငယ်တဲ့
ကျွန်တော်ကို…အချစ်ဆုံးပါပဲတယ်…
ဟုတ်ပါတယ်…သူမနဲ့ကျွန်တော်
ဆုံဆည်းတဲ့ အချိန်ဟာ………
ပညာတွေရဲ့ ကျောင်းတော်ကြီးမှာပါ……
(19.2.2003)ပူအိုက်သော နွေရာသီမှာ
ကျွန်တော်က……
အသက်က (၁၃)နှစ်…ခုနစ်တန်း
ကျောင်းသားအရွယ်ပါ……
သူမဟာ…ကျွန်တော်ထက် (၁)နှစ်ကြီးပါတယ်…ရှစ်တန်း ကျောင်းသူအရွယ်ပါ……
အသက်တွေက ငယ်ပေ့မယ့်
တကယ်…ချစ်ခဲ့တာပါ……
လူတွေအပြစ်ပြောတော့လည်း ခံရတော့မယ့်
အခုဆိုရင်… ဝေးကွာခဲ့ရတာ…
(၅)နှစ်တောင် ရှိခဲ့ပြီး………
သူရဲ့ ပညာရေးအတွက်……ကျွန်တော်ကို
နှုတ်ဆက်ခဲ့တာ…ကျွန်တော်နားလည်ပေးပါတယ်…သူလည်း ကျွန်တော်လွမ်းသလို့
လွမ်းနေလိမ့်မယ် ထင်တယ်……ဗျာ
သူမဟာ…ပညာရေးရဲ့ ခရီးသည်းပါ
ကျွန်တော်ဟာ…လေလွှင့်ရာ ခရီးသည်းပါ
ပြန်မဆုံနိုင်တော့ရင်းလည်း……
ကံကြမ္မာကို ယိုးမယ်ဖွဲ့ရတော့မယ်…
တချို့ သူငယ်ချင်းက……
ကျွန်တော်ကို ပြောပြတယ်…
{မင်းချစ်သူကို မျှော်နေမယ့်အစား
နောက်တစ်ယောက်ကို တွဲပစ်လိုက်ပေါ့တဲ့}
သြော် သူတို့က…အချစ်တစ်ခုကို
လွယ်လွယ်လေးနဲ့ ပြန်ရတာပါ…………
ကျွန်တော်ကတော့…နောက်ထပ်အချစ်ကို
လွယ်ကူစွာနဲ့ ရင်မခုန်တော့ဘူး…ဗျာ
သူမ…ကျွန်တော်ဆီကို ပြန်လာမှာပါ…
အောင်မြင်မှုခြေလှမ်းနဲ့ လှမ်းလာဦးမှာပါ…
ကျွန်တော် စောင့်စားခြင်းနဲ့ ယုံကြည်မှုအပြည့် ရှိခဲ့တယ်……
သူမဟာ…ကျွန်တော်ကိုလည်း သစ္စာမဖောက်နိုင်ပါဘူး…ဗျာ
ကျွန်တော်ရဲ့ ရင်ထဲမှာတော့
မြတ်နိုးမိသူအတွက်…ကဗျာတွေ အထပ်ထပ် ရေးဖြစ်ခဲ့တာပါ……။
အဲဒီလိုနဲ့…သူပြန်လာမယ့်နေ့
ကျွန်တော် ဝိညာဉ်အဖြစ်လည်း
မျှော်လင့်လို့ရတယ်………။
သူမအတွက်…ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်………။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီတစ်သက်မှာ……
တစ်ယောက်တည်း ရင်ခုန်ဖူးပါရဲ့
မြတ်နိုးခြင်းနဲ့သာ ချစ်ပါတယ်
သူမ အတွက်ဟာ ကျွန်တော်
ကျွန်တော်အတွက်ဟာ သူမ…
တို့နှစ်ယောက်ရဲ့ ပျော်ရွင်ရာအတိတ်ကို
လွမ်းလို့ မှန်းဆကာ……
ဆွေးမြေ့ပါပြီးလေ……။
စိတ္တဇနေ့တွေထဲ……
မျှော်မိပါတယ်…သစ္စာရှိပါတယ်…
ဒဏ်ရာများကို ကုစားလို့ရတယ်…
အချစ်စစ်တစ်ခုတော့
ပြောင်းလဲလို့ မရပါကွယ်………။
အကြင်နာတွေရဲ့…နှလုံးသား
အခုတော့ နာကျင်စရာများ
ဖြစ်လာပြီးပေါ့...……
ကံတရားအတိုင်းပါပဲလေ……
သူမရဲ့ အောင်မြင်မှုတွေ အတွက်
ကျွန်တော်……ဝေးဝေးက
လက်ခုပ်သံတွေ တီးပေးနေတာ
သူမ ကြားနိုင်သလားကွယ်…။
အိပ်မက်တွေ မက်နေလျက်နဲ့
အော်ခေါ်နေမိတယ်……
ဘာကိုမှာ ထပ်မလိုချင်တော့တဲ့
ဒီဘဝမှာ……သူမ ပြန်လာမယ့်နေ့ကို
တိုးတိတ်စွာနဲ့ပဲ မျှော်နေတော့မယ်…။
အနေတွေ ဘယ်လောက် ဝေးဝေး
သွေးမအေးပါ…မပြောင်းလဲပါ…
တစ်ကိုယ့်တည်းလည်း
ချစ်နေမှာ ဖြစ်မယ်……
သူမ ပြောဖူးတဲ့ စကားသံ...
သူမ ဆိုဖူးတဲ့ သီချင်းသံ……
အခါခါ…အထပ်ထပ် မရေမတွက်နိုင်အောင်
လွမ်းနေပါတော့မယ်……။
စိတ်တွေက သိပ်လေးလံလို့
မဖြတ်သန်းရသေးတဲ့ ခရီးသည်း
ရေတွေကိုသာ သိုလှောင်မှာဖြစ်မယ်…။
သူမဟာ……မမုန်းပါကွယ်……
သူမလည်း……မရက်စက်ပါ……
သူမမှာ……ကတိတွေ ရှိပါတယ်……။
လမ်းခွဲမှုတွေကို မပြောသာ
ဒဏ္ဍာရီတစ်ခုတော့ သိမ်းဆည်း
တစ်နေ့ဝင်လည်း တမ်းတနေဆဲပါ…။
အလွမ်းများ သက်သက်
ဝေဒနာတွေ ဖြစ်ခဲ့ပြီး
အချစ်ရဲ့ ဒဏ်ရာကို
အချိန်နဲ့ကုစား…
ဖြေသာပါတယ်…ချစ်သူ♥♥
လွမ်းနှောင်းဖွဲ့ တေး
မကြားရက်တယ်လို့...နေတော့မလား
အသည်းမကွဲပါ…ထိရှသွားတဲ့
ဒဏ်ရာများကို…ညှာတာမှုနဲ့
လှည့်ပြန်ကြည့်လျှင်ဖြစ်
မြင်ယောင်မိမယ်…ထင်တယ်…♥♥
တမ်းတမှုရဲ့ ဟိုးတစ်ဖက်
အချစ်နဲ့ ဘဝကိုပေါင်းစပ်
ကိုယ့်……အသက်ရှင်သရွေ့တော့
မျှော်မှန်းလို့ လွမ်းမိကာ
ဒီနှလုံးသားက ဒဏ်ရာများကို
ဖြေသိမ့်ပါပြီးလေ……ချစ်သူ…♥♥
ချိုလွှင့်စွာဖြင့် သံသာယာ
တေးဆိုငှက်များ တီးတိုး
တေးသွားတစ်ပုဒ်ဟာ
ဒီနှလုံးသားမှာ အထပ်ထပ်
ဆွေးမြေ့ရပြီးလေ……။
နေဝန်းတွေရဲ့ အလင်းရောင်
မေမရှိတဲ့ ကိုယ့်ဘဝ
နာရီသံဟာ တဖျန်းဖျန်း
ကိုယ့် မဖြတ်သန်းရဲတော့ဘူး……။
မေရယ်……ထွက်သွားရာလမ်းအတိုင်း
အမြန်ပြန်လာခဲ့ပါ……
ကိုယ့်တောင်းတမှုတွေ
ပြည့်စုံခြင်းရှိမလား……မေ
တကယ်ချစ်ခဲ့တာပါ…မေ
ရင်ခုန်သံတွေ စည်းချက်မမှန်
သစ္စာတရားကို ပွေ့ပိုက်
မေကို……သံသရာအထိ
ချစ်နေခွင့် ရလိုက်ချင်တယ်…။
မေ…ကိုယ့်ကို အမှတ်ရနေပေးပါ…
ကိုယ့်ကတော့……မေကို
မေ့လိမ့်မယ် မဟုတ်ပါဘူးကွယ်……။
ဒီရင်ထဲက မေ…
သမုဒယ သံယောဇဉ်များ
တွယ်နှောင်း ရစ်ပတ်
အမျှင်မပြတ် အချစ်တွေ
ရှင်သန်ပါစေလေ……။
ဝေးကွာသွားလည်း ချစ်နေဆဲ
မေ…အတွက် အလွမ်းများ
ဒီရင်ခွင်မြို့တော်မှာ စည်းကားခဲ့ပြီး
ဆွေးငေးစွာ ငိုင်မြိုင်လို့
ဝေးဝေးမှာ…မေမျက်နှာကို
မြင်ယောင်မိတယ်ကွယ်……။
မေအတွက်…အချစ်ပန်းများ ဆက်သ
ဆွယ်တော်မှုပါ…ခူးဆွတ်လိုက်ပါ
အနမ်းတစ်ပွင့် ကြွေလွင့်ပါစေ
ဝေဆာစွာနဲ့ ပွင့်ဖူးပါတယ်…။
စိတ်ကူးနဲ့သာ ရူး
လေထန်ရင်း လေဆန်ရတဲ့
ကိုယ့်ဘဝ ပြီးပြည့်စုံမှုတော့ မရှိသလို့
မင်းလည်း…နေသားကျမှာ
မဟုတ်ပါဘူး……။
အတိမ်းအနက်များစွာ…
ဒီရင်ထဲက အချစ်တွေ……
ပေးဆပ်ခြင်းရဲ့ ရင်ခုန်သံများ
မင်း ဆန်ကျင်သွားတဲ့ အခါ……
အဖြည့်ခံ သက်သက်ပဲ
ချစ်နေခွင့် ရခြင်းသူပါ……။
ကြင်နာသူရေ…
မင်းဘယ်လောက်ပဲ ရက်စက်ပါစေ…
အမုန်းခံယူတဲ့ သူအတွက်……
မနာကျင်ရလည်း…
အဖြည့်ခံ ချစ်သူအဖြစ်
အဝေးက မြတ်နိုးတော့မယ်…။
ခွင့်လွတ်ခြင်းတရားတွေ
ဆုပ်ကိုင်ထားတဲ့…ဒီနှလုံးသား
ကွဲရှရာ မရှိ…ရပ်တန့်သွားရင်း
မင်း မာနတွေ ခဝါချထားပေးပါ……
ကိုယ့်ကတော့……
အချစ်ဦးဟာ အဝေးကွာနေဆဲ
အချိန်တွေ ကြာနှောင်း
မျှော်လင့်ချက်များနဲ့ ပိုင်ဆိုင်
အဖြည့်ခံရုံနဲ့ တွယ်တာနေမယ်…။
အဲဒီလို့နဲ့……
မင်းဘဝ လှပဖို့အတွက်
ဆေးရောင်မခြယ်နိုင်တဲ့ ကိုယ့်ဟာ
ကျော့ခိုင်းရာ ခြေလှမ်း
စတင်လို့ လှမ်းခွာ…
အဖြည့်ခံမှု သက်သက်ပါကွယ်…။
ဟိုး…………သဲသောင်ပြင်ကမ်းခြေ
လှိုင်းသံများ ပဲ့တင့်သံ…နားစွင်မိပါလျှင်
ပို့လို့လွမ်းကာ……တမ်းတနေလျက်
ကြယ်ငါးကလေးမှာ…ကုန်ပေါ်ကျန်ရစ်
ရေထဲသို့……
ပြန်ဆင်းဖို့ရန် မလျှောက်လှမ်း
အထီးကျန်ပါပြီးလေ………။
အနားကို ကပ်……
လေများ တိုးဝှေးစွာ တိုက်ခတ်
ချစ်သူအမှာစကားသံ ပါခဲ့သလား……။
ငြိမ်းချမ်းသော တစ်နေရာ
သောကတွေ အပန်ဖြေဖို့
အချစ်၏ အကျဉ်းသား
ငါ့ လွတ်မြောက်ဖို့ မရှိပါပြီးလေ……။
ဒါဆိုရင်းလည်း……
ဒဏ္ဍာရီရေး……မှတ်တမ်းများလို့
ကိုယ့်ရင်ထဲမှာ မေ့ပျောက်ဖို့
အကြင်နာသူနဲ့ အပေးအယူပေါ့……။
ကမ်းခြေမှာ ခြေရာထင်ကျန်
ခြေရာများကို သဲကဖုံးလွှမ်း
ပုံပြင်ရဲ့ထား………မရှိတော့သလို့
အချစ်သမိုင်း…မေ့သွားနိုင်မယ့်
ကိုယ့် မဟုတ်ပါကွယ်………။
အချစ်လှိုင်းသံ ယဲ့ယဲ့လေးနှင့်
မေတ္တာတွေ ထားခဲ့……
သစ္စာများသာ ပဲ့တင့်သံ
အကြင်နာ ချစ်ခြင်းတရားရဲ့
ကမ်းခြေမှာ ငြိမ်းချမ်းပါမည်……။
လှိုင်းများ အထပ်ထပ်……
သယ်ယူလာသော……
ကိုယ့် အချစ်ရေများကို…
မင်း ရေတွက်နိုင်ပါမလား……ချစ်သူ…။
သစ်ရွက်လေးတွေ မြေပေါ်ခ
ကြွေလွင့်စရာကောင်းတဲ့
ကိုယ့်……ဘဝ…
တစ်ချိန်တုန်းက ဝေဆာပါရဲ့
ကြီးပြင်ခြင်းဟာ……ရေတွေနဲ့
သေဆုံခြင်းဟာ……အချိန်
တည်ငြိမ်မှုနဲ့ လှည့်ပြန်ခဲ့တော့မယ်…။
ပျော်ရွှင်စရာ…ဘဝလေးထဲ
ကိုယ့် ခဏလေး…ငေးမော
စိတ္တဇတွေ…လယ်ထွန်း
ရွာပြင်မှာ……ထန်တော်
လေလွင့်ရာ…လူတစ်ယောက်ပါ…။
နေစင်းတစ်ပွင့်…ပူလိုက်ပါရဲ့
အေးမြခြင်းကို ရှာဖွေ……
တွေ့တော့ ရှိခဲ့ပါတယ်……
ဒုက္ခအပူကို ငြိမ်း……
သုခမှုတွေဟာ လေစိမ်း……
သောကအတွက်……တိုက်ခတ်လိုက်ပါ…။
ဈေးတစ်ဆစ်ရဲ့…သင်္ခါရ…
ကိုယ့် နေထိုင်မှုဟာ…ဈေးဆစ်နေသလို့
ဈေးသည်ကတော့……မမြတ်
ရောင်းတဲ့ အတိုင်းပါပဲ……
လုံးဝမလျော့နိုင်ပါတယ်……။
နေဝင်ချိန်ရဲ့ လမ်းကလေးအတိုင်း…
အပြန်ခရီး…အိပ်မက်မရှိ……
ခြေရာများ မထင်ကျန်……
စိုစွတ်နေတဲ့…
အသိုင်းအဝိုင်းရဲ့ မျက်ဝန်း……
ခြေလှမ်းတွေကို……နောက်ပြန်မဆုတ်
သတ္တိရှိစွာ ရင်ဆိုင်မယ်……
မမြင်ရခြင်းနဲ့ ဆီးလို့ကြိုနေတယ်…
သံသရာအတွက်…………
ကိုယ့်ရဲ့ သေမင်းတမန်.……။
ဒီမျက်ဝန်းထဲတွင်……
အလွမ်းမျက်ရည်များ
သိမ်းဆည်းကာ ထားလို့……
ချစ်သူရဲ့ အပြုံးတွေလည်း
ရင်ထဲမှာ…ပျောက်ဆုံးသွားခဲ့ပေါ့…။
မေ့ဖို့ပစ်ဖို့ ခက်တော့……
ဝေဒနာများနဲ့သာ
ကြိတ်မှိတ် ဖြေကာ
ငြိုငြင်မှု မရှိ
ဆုံးခန်းထိအောင်…
တိုးတိတ်စွာ ချစ်နေမယ်……။
မမုန်းပေ့မယ့်……
ချစ်ရက်တဲ့ ဒီနှလုံးသား
မင်း…ရက်စက်မှုဟာ မတွေးသာဖြင့်
ကြေကွဲလို့ ရှုံးနိမ့်ရင်းလည်း
အဝေးတစ်နေရာများမှာ
တိုးတိတ်စွာ ချစ်နေတယ်……။
သံယောဇဉ်ဆိုတဲ့ ကြိုးများဟာ
ဒီအချစ်ကို ရစ်ပတ်လို့
နှောင်းဖွဲမိတဲ့ အတိတ်
ကိုယ့်အကြင်နာတွေ သိနိုင်တော့မလား
မဖြစ်နိုင်သော…မင်းနဲ့ကိုယ့် ဘဝအတွက်
ဒီရင်ထဲမှာ…ဆွေးမြေ့ကျွမ်းပါစေ…
ဒဏ်ရာများနဲ့ သာ…
တိုးတိတ်စွာ ချစ်နေတော့မယ်………………
………………………………………
………………ချစ်နေပါဦးမယ်ကွယ်……။
ကြုံဆုံတုန်း ခဏ…
ဒီဘဝ လောကထဲမှာ…
တို့ရဲ့ မာနတွေက ရှိနေလား
အချိန်တန် အိမ်ပြန်လမ်းဟာ…
မင်း မာနတွေ မပါလောက်ဘူး……။
မာယာကို မာနလုပ်ထား…
မင်းလျှောက်တဲ့လမ်း……
အတ္တမဆန်ပါဘူး………
ထွက်သွားပါ……နှုတ်ဆက်ပါ……
လူတစ်ယောက်ရဲ့ ဘဝဟာ
ခွဲခွာခြင်း ခရီးသည်းတစ်ဦးပါ…
မဟူရာမျက်ဝန်းတွေထဲ…
မင်း မာနကို ဖုံးလွှမ်း……
မင်းရဲ့ စိတ်က ထင်ပေါ်နေခဲ့တယ်…
သူစိမ်းဆန်တဲ့ စကားလုံးများ
ဖွင့်ဟဝန်ခံ…မုဿသံတွေ
လေထဲမှာ ပျံလွှင့်……
လူတစ်ယောက်ကို…
သေအောင် သတ်နိုင်တယ်……။
မင်းမာနကို ရှေ့တန်းတင်ထား
ငါ့အတ္တနဲ့ တိုက်ထုတ်ရမယ်…
အဲဒီလို့ပဲ……ဘဝနှစ်ခု
တိတ်တဆိတ် ရပ်တန့်သွားမှာပါ…။
အနားက ဖြတ်သွားသော လေ
ငါ့ကို တိုးတိုးလေး…သတိပေးလိုက်တယ်…
မင်းချစ်သူဟာ……မာန သိပ်ကြီးတာတဲ့…။
ဟို အတိတ်ဆီက……
အမှတ်တရများ ဖုံးလွှမ်း
အတ္တတွေနဲ့ လျှောက်တဲ့လမ်းဟာ
ကျဆုံးမှုကိုရောက်……ရှုံနိမ့်နေပါစေ
တရားမသေ……လူသူသေပါပြီး……။
အပြန်ချိန်၏ လောကဓံတရား
ကြံ့ကြံ့ခံနိုင်ရည်စွမ်း……သူရဲ့ သတ္တိနဲ့
ရွက်လွင့်လာချိန်မှာ……
သွေးပျက်စရာ ကောင်းလှပါတယ်…။
ကျော့ချင်းချင်း ကျော့ခိုင်းရင်းခွာမိလို့
ဒေါသမာန်များ……ဟုန်ဟုန်ပြင်းစွာနဲ့
အပြန်လမ်းကို……ပုံပြင်တစ်ပုဒ်လို့
ပြောဖြစ်ကြတယ်………။
အမှန်တရားများ ကိုင်ဆွဲ
အမှားတွေကို တိုက်ခိုက်ဖို့များ
အတ္တက မလျှော့မိတော့
ဖြူစင်သော လမ်းပေါ်မှာ
ကျေနပ်မှုတို့နှင့် လဲကျလို့
အေးမြမှုနဲ့ မေတ္တာရေပက်ဖျန်း
ဒီလောကတစ်ခွင်ထဲ……
တစ်ယောက်စီ……တစ်ယောက်စီကို
ငြိမ်းချမ်းခြင်းများ ရယူအုံးမည်……။
ကိုယ့် မလိုချင်သော အတ္တများ
စွန်လွှတ်မှုရဲ့……စိတ်ကူးတွေကို
တစ်နေရာတွင်……တစ်ချိန်ချိန်တွင်
မည်သူမျှမသိ……ကံတရားဟာသိအောင်
ထားရစ်ဦးမယ်ကွယ်………။
ကြည်ဖြူစရာ စေတနာ……
ထိုက်တန်သူများ ရှိကြလိမ့်မည်……
အတ္တတွေကို အဖော်ပြု……
လက်နက်အဖြစ် မသုံးချင်ပါနဲ့……
မင်းဘဝအတွက်………
ငါ့အတ္တတွေ……ငါ့မာနတွေ
ပျောက်ရှပေးပါမယ်……။
ရင်ထဲမှာ…တိတ်တဆိတ်နဲ့
တဒိတ်ဒိတ်ရင်ခုန်သံတွေ…
အချစ်ရဲ့ ဒဏ်ရာများစွာ
ငါ့ကြင်နာတာတွေ…
အခုတော့လည်း နာကျင်ခဲ့ရပြီး…။
ခေတ္တာလေး အတွေးများကို
အမှတ်တရဖြစ်စေတဲ့…နေ့ရက်များ
ငါ့ အတ္တတွေကို ပျောက်ဆုံးစေခဲ့ပေါ့…။
နှလုံးသားကို တဖန်ပြန်ရှင်သန်လာဖို့
စဉ်းစားလိုက်တိုင်းမှာ……
မင်းနဲ့ ကြည့်နူးနေတာတွေ
မြင်ယောင်လာတော့……
ငါ့အချစ်က သေဆုံးစေခဲ့ပေါ့…ချစ်သူ…။
ချစ်သူရေ……
မင်းအလှရဲ့ မျက်ဝန်း
အကြည့်တစ်ချက်နဲ့ ငါ့ရင်ခုန်သံတွေကို
ရပ်တန့်သွားတဲ့…ဘဝ
နောက်ထပ်…ဘာကိုမှာ
မလိုချင်တော့ဘူးကွယ်……။
ထာဝရဆိုတာ…မရှိတော့သလို့
အနာဂတ်တွေလည်း မပိုင်တော့
ဘဝ……ခဏပါပဲ…………
နာကျင်ပါရစေအုံး……။
လောကမှာ ပိုင်ဆိုင်ခဲ့သမျှ……
အရာရာတစ်ခုမှာ……
မလွဲမသွေချစ်ဖူးခဲ့သော အချစ်များ……
အဒီအချစ်တွေဟာ…မင်းအတွက်
ပေးဆပ်ပါမယ်……။
မင်းတစ်ယောက်ကို မြတ်နိုးမိလို့
အသည်းတွေ နာကျင်ခဲ့တဲ့
ငါ့အဖြစ်တွေလို့……
မင်း…မကြင်နာမိပါစေနဲ့…
ဒီရင်ဝယ်အချစ်တစ်ခု……
အပိုင်သိမ်းခဲ့သော……
သူ တစ်ယောက်တည်းကို
ငါ့ရဲ့ နှလုံးသားက……
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်…
ချစ်နေပါအုးမယ်ကွယ်………………။
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "