Tuesday, January 15, 2013

ဝေဒနာ ည

အချစ်ရောဂါ.....
အထပ်ထပ်နှင့်
ဝေဒနာ ညနေခင်း
လှပသော ဆည်းဆာမှာ
ချစ်သူခြေရာ ပျောက်ရှသွား
အနေဝေးခဲ့လည်း
သွေးမအေးပါ.....မေ ။    ။

လွမ်းမိလို့ အရူးဖြစ်ဖြစ်
သန်ခေါင်ယံ ည
ကြယ်စင်များ လွှမ်း
လမင်း စန္ဒာ......
အို အလင်းရောင်
လောကတစ်ခွင့် သွန်းဖြိုပါစေ
ဝေဒနာ ညလယ်ဟာ
မျက်ရည်များနဲ့ အာရုဏ်ဦးပြီး...မေ ။  ။

အို.....အချစ်
ဒ့ါ........အိပ်မက်များလား
ဒွိဟနဲ့ ငါ့သောကတွေ
ပူဆွေး ဒုက္ခပင်လယ်ထဲ
ရောင်ပြန်ဟပ် အလင်းရောင်များ
နာရီ စက္ကန့် တရွေ့ရွေ့နှင့်
စည်းတစ်ဖက်ခြားနားသွားတဲ့
တို့နှစ်ယောက်ရဲ့.............
ဝမ်းနည်းစရာ အဖြစ်အပျက်များကို
ဝေဒနာ ညလယ်မှာ...
အလွမ်းသင့် ကဗျာတွေနှင့်
ဟစ်ကြွေးလိုက်တော့မယ်.....မေ ။   ။

0 Comment:

Post a Comment

 
;