Sunday, January 06, 2013

နေရာဟောင်းက လွမ်း

ဂုဏ်ပကာသနာ…
အဆင့်အတန်း ခွဲခြားထားတာမို့
ကွယ်ရာမှာဘဲ တမ်းတလျက်
အချစ်များ ဆန်းကြယ်ခဲ့ပြီး……။

ငါ့ လိုရာအိပ်မက် မင်းဖျက်စီးပစ်
မင်း ရက်စက်လည်း
အမုန်းလို့တော့ မဆိုချင်
ကိုယ့်တစ်ယောက်တည်း ခံစားပါမယ်…။

မင်း ဆိုရာပြောလိုက်……
မုန်းမယ့် မေ့မယ့်ဆိုလည်း
ဒီမှာ ဝေဒနာဖြစ်ရုံသာ
ကိုယ့် ဝမ်းမနည်း
အချစ်ဆုံးမို့ အရူးဖြစ်ခဲ့ပေါ့……။

မျှော်ရာ လမ်းကလေးမှာ
ြုကင်နာသူဟာ ပြန်မလာတော့
ဆွေးလျက်သာ မျက်ရည်များနဲ့
နေရာဟောင်းက လွမ်း………။   ။

0 Comment:

Post a Comment

 
;