Thursday, January 10, 2013

အလွမ်းသင့် ငှက်

လေဟုန်ပျံဝဲ သင်းကွဲငှက်
ဘယ်ဆီ ဘယ်ကိုင်း
ခိုးနားဖို့ရာ ရင်ခွင်ဟာ
ရှားပါးနေလေပြီး.....။  ။

မုန်းတိုင်းအတွင်း လွှင့်ပါးရာ
လေထန်ရင်လည်း လေဆန်
ဆောင်းတစ်ကုန်ပြောင်း နွေ
တစ်ဦးတည်းလည်း ရွှက်လွှင့်ခဲ့ပေါ့.....။ ။

ကြင်တစ်ဖော် ကွဲ....
လွမ်းမြဲ ဒဏ်ရာ
တမ်းတ တေးဆို...ဥသြငှက်တို့
တီးတိုး ဖွဲ့နွဲ့ သံသာချို
ခံစားချက်များ ကြားနိုင်သလား...။

တစ်နေရာသို့ ပျံသန်းထွက်ခွာ
တောင်ပံနှစ်စုံ အားအင်ရှိဆဲ
မြောက်ပြန်လေဟာ တိုးဝေုစွာ
ရွက်ဝါကြွေတွေ တဖြုတ်ဖြုတ်
အလွမ်းသင့် ငှက်များစွာ
အထီးကျန်ပါပြီးလေ………။    ။

0 Comment:

Post a Comment

 
;