Thursday, January 10, 2013

နှင်းသည်းမ.....သို့

နှလုံးသား ဟင်းလင်းပြင်မှာ
နာကျင်ခြေလှမ်းတို့ တရွရွနဲ့
စိတ္တဇအလွမ်းတွေ နှင်းလို့ဝေခဲ့ပြီး...။   ။

ဆောင်းရာသီမှာ တမ်းတသမျှ
မင်း...နွေးထွေးမှုလေတွေကိုပေါ့
နံနက်ခင်း မြူခိုတိမ်များစွာ
အခုတော့လည်း…………
နွေမဟုတ်တဲ့ နေနဲ့အတူ
ပျောက်ရှခဲ့ရတယ်……
ငါ့. . .သိပ်ချစ်သူရယ် ။  ။

အေးစက်သွားဆဲ  တို့အနာဂတ်များ
မင်း မရှိရင်...မဖြတ်သန်းချင်
မမြင်ကွယ်ရာမှာဘဲ
အရည်ပျော်သွားရတဲ့ မြူဆိုင်းတွေလို့
မင်းရင်ထဲမှာ………
အမြဲ သွေးအေးသွားမှာကို
ငါ့ ကြောက်မိတယ်....
နှင်းသည်းမလေးရယ်………။  ။

0 Comment:

Post a Comment

 
;