Monday, January 21, 2013

အလွမ်းသင့် ကျိန်စာ

ဖြူစင်သော ရင်ခုန်သံများနှင့်
သံယောဇဉ် တိမ်တိုက်တွေဟာ
မင်းအတွက် အမြဲတမ်းရှင်သန်ခဲ့ပေါ့…။  ။

ရာသီတွေ အလီလီပြောင်း
မင်းရင်ထဲမှာ အချစ်များဟောင်းသွားမလား
အကြင်နာဦးမို့ အလွမ်းတိုးလည်း
ဝေဒနာနဲ့ ဆွေးလျက်
မင်းပြန်လာမှာ ဖြေသာမယ် ထင်ရဲ့……။  ။

နေ့ရက်အိုဟောင်းထဲ…
ဒဏ်ရာများ ရရှိဆဲ
အလွမ်းမဲ့ သံစဉ်
သီဆိုနေလည်း
မင်း မကြားယောင်ပါလေ……။   ။

လွမ်းမြဲ လွမ်းလျက်
ဆွေးမြဲ ဆွေးလျက်နဲ့
အလွမ်းသင့် ကျိန်စာများ
ဒီဘဝနဲ့ ကျေပါစေ……။    ။

0 Comment:

Post a Comment

 
;